လွတ်လပ်ရေးနေ့အထိမ်းအမှတ် မီနီမာရသွန်အပြေးပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ရန် စာရင်းပေးသွင်းထားသူ (၄၀၀၀) ဦးခန့်ရှိ

 639

ကျော် (NP News) - ဒီဇင်ဘာ ၂၁

ရန်ကုန်မြို့၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင်ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ်အဖြစ် အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်အပြေးပြိုင်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရ အဖွဲ့ထံမှသိရသည်။

ပြိုင်ပွဲအား ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် လာမည့် ဒီဇင်ဘာလ ၂၇ ရက်၊ နံနက် ၆ နာရီမှစတင်ကာ သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် အသက်(၁၈)နှစ်အထက် ၂၀ ကီလိုမီတာနှင့် (၁၈)နှစ်အောက် ၁၀ ကီလိုမီတာ အမျိုးသား/အမျိုးသမီး၊အသက်(၁၂)နှစ်အောက် (၃ ကီလိုမီတာ)အမျိုးသား/အမျိုးသမီးပြိုင်ပွဲဟူ၍ အမျိုးအစား ၃ ခုကိုထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်အထိ ပါဝင်ယှဥ်ပြိုင်ရန်စာရင်းပေးသွင်းထားသူ ၃၉၂၄ ဦးရှိပြီဖြစ်ကြောင်း တာဝန်ရှိသူ ဒေါ်မြတ်လေးနွယ်က NP News ကို ပြောသည်။

အသက်(၁၈)နှစ်အထက်နှင့်အသက်(၁၈)နှစ်အောက်ပြိုင်ပွဲများ၌ ပထမဆု ၅ သိန်းကျပ်၊ ဒုတိယဆု ၄ သိန်းကျပ်၊ တတိယဆု ၃ သိန်းကျပ်၊ စတုတ္ထဆု ၂ သိန်းကျပ်၊ ပဉ္စမဆု ၁၅၀၀၀၀ ကျပ်ချီးမြှင့်သွားမည်ဖြစ်ပြီး ပန်းဝင်လာသည့် အမှတ်စဥ် (၆)မှ(၁၀)အထိအား ၁ သိန်းကျပ်စီဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပန်းဝင်လာသည့် အမှတ်စဥ်(၁၁)မှ(၅၀) အထိအား တစ်ဦးလျှင် ၅၀၀၀၀ ကျပ်စီ၊ အမှတ်စဥ် (၅၁) မှ (၁၀၀)အထိအား ၄၀၀၀၀ ကျပ်စီ၊ အမှတ်စဥ်(၁၀၁)မှ (၂၀၀)အထိအား ၃၀၀၀၀ ကျပ်စီ ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အသက်(၁၂)နှစ်အောက် ၃ ကီလိုမီတာ အမျိုးသား/အမျိုးသမီးပြိုင်ပွဲတွင် ပထမဆု ၁၅ဝဝဝဝ ကျပ်၊ ဒုတိယဆု (၁)သိန်းကျပ်၊ တတိယဆု ၇ဝဝဝဝ ကျပ်၊ စတုတ္ထဆု ၅ဝဝဝဝ ကျပ်၊ ပဉ္စမဆု ၃ဝဝဝဝ ကျပ်၊ ပန်းဝင်လာသည့် အမှတ်စဉ်(၆)မှ (၁၀၀)ထိအား ၁ဝဝဝဝ ကျပ်စီ ဂုဏ်ပြုဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်ရောက်လိုသူများအနေဖြင့် ဖုန်း ၀၉ - ၇၉ဝ၄၇၃၂၄၃ ထံသို့ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

zawgyi version
လြတ္လပ္ေရးေန႔အထိမ္းအမွတ္ မီနီမာရသြန္အေျပးၿပိဳင္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္ရန္ စာရင္းေပးသြင္းထားသူ (၄၀၀၀) ဦးခန္႔ရွိ

ေက်ာ္ (NP News) - ဒီဇင္ဘာ ၂၁

ရန္ကုန္ၿမိဳ႕၌ ၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီလ ၄ ရက္တြင္က်ေရာက္မည့္ (၇၆)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔အထိမ္း အမွတ္အျဖစ္ အမ်ိဳးသား၊ အမ်ိဳးသမီး မီနီမာရသြန္အေျပးၿပိဳင္ပြဲက်င္းပသြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းအစိုးရ အဖြဲ႕ထံမွသိရသည္။

ၿပိဳင္ပြဲအား ရန္ကုန္တိုင္းအစိုးရအဖြဲ႕၏ဦးေဆာင္မႈျဖင့္ လာမည့္ ဒီဇင္ဘာလ ၂၇ ရက္၊ နံနက္ ၆ နာရီမွစတင္ကာ သုဝဏၰအမ်ိဳးသားအားကစားၿပိဳင္ပြဲ႐ုံ(၁)၌ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

ၿပိဳင္ပြဲတြင္ အသက္(၁၈)ႏွစ္အထက္ ၂၀ ကီလိုမီတာႏွင့္ (၁၈)ႏွစ္ေအာက္ ၁၀ ကီလိုမီတာ အမ်ိဳးသား/အမ်ိဳးသမီး၊အသက္(၁၂)ႏွစ္ေအာက္ (၃ ကီလိုမီတာ)အမ်ိဳးသား/အမ်ိဳးသမီးၿပိဳင္ပြဲဟူ၍ အမ်ိဳးအစား ၃ ခုကိုထည့္သြင္းက်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိအခ်ိန္အထိ ပါဝင္ယွဥ္ၿပိဳင္ရန္စာရင္းေပးသြင္းထားသူ ၃၉၂၄ ဦးရွိၿပီျဖစ္ေၾကာင္း တာဝန္ရွိသူ ေဒၚျမတ္ေလးႏြယ္က NP News ကို ေျပာသည္။

အသက္(၁၈)ႏွစ္အထက္ႏွင့္အသက္(၁၈)ႏွစ္ေအာက္ၿပိဳင္ပြဲမ်ား၌ ပထမဆု ၅ သိန္းက်ပ္၊ ဒုတိယဆု ၄ သိန္းက်ပ္၊ တတိယဆု ၃ သိန္းက်ပ္၊ စတုတၳဆု ၂ သိန္းက်ပ္၊ ပၪၥမဆု ၁၅၀၀၀၀ က်ပ္ခ်ီးျမႇင့္သြားမည္ျဖစ္ၿပီး ပန္းဝင္လာသည့္ အမွတ္စဥ္ (၆)မွ(၁၀)အထိအား ၁ သိန္းက်ပ္စီဂုဏ္ျပဳခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ပန္းဝင္လာသည့္ အမွတ္စဥ္(၁၁)မွ(၅၀) အထိအား တစ္ဦးလွ်င္ ၅၀၀၀၀ က်ပ္စီ၊ အမွတ္စဥ္ (၅၁) မွ (၁၀၀)အထိအား ၄၀၀၀၀ က်ပ္စီ၊ အမွတ္စဥ္(၁၀၁)မွ (၂၀၀)အထိအား ၃၀၀၀၀ က်ပ္စီ ဂုဏ္ျပဳခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အသက္(၁၂)ႏွစ္ေအာက္ ၃ ကီလိုမီတာ အမ်ိဳးသား/အမ်ိဳးသမီးၿပိဳင္ပြဲတြင္ ပထမဆု ၁၅ဝဝဝဝ က်ပ္၊ ဒုတိယဆု (၁)သိန္းက်ပ္၊ တတိယဆု ၇ဝဝဝဝ က်ပ္၊ စတုတၳဆု ၅ဝဝဝဝ က်ပ္၊ ပၪၥမဆု ၃ဝဝဝဝ က်ပ္၊ ပန္းဝင္လာသည့္ အမွတ္စဥ္(၆)မွ (၁၀၀)ထိအား ၁ဝဝဝဝ က်ပ္စီ ဂုဏ္ျပဳဆုခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ၿပိဳင္ပြဲဝင္ေရာက္လိုသူမ်ားအေနျဖင့္ ဖုန္း ၀၉ - ၇၉ဝ၄၇၃၂၄၃ ထံသို႔ဆက္သြယ္စာရင္းေပးသြင္းႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.