မုဒုံမြို့တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၄)လုံး မီးလောင်ဆုံးရှုံး

 766

သန့်ဇင်(NP News) - ဒီဇင်ဘာ ၂၃

မွန်ပြည်နယ်၊ မုဒုံမြို့တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် (၄)လုံး မီးလောင်ဆုံးရှုံးသွာခဲ့ကြောင်း မုဒုံအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

မီးလောင်မှုသည် ယနေ့(ဒီဇင်ဘာလ ၂၃ ရက်)၊ မွန်းလွဲ ၃ နာရီဝန်းကျင်အချိန်တွင် မုဒုံမြို့၊ သင်္ဘောဦးရပ်ကွက်၊ ဘုရင့်နောင်လမ်းသွယ်(၁)နှင့် (၂)ကြား၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဘယ်ကစလောင်တာလဲတော့ မသိရသေးဘူးဗျ။ လောင်တဲ့မီးကတော့ တော်တော်များတယ်။ လူနေအိမ်(၄)လုံးလောက်လောင်သွားတာ”ဟု မုဒုံအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါမီးလောင်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ရပ်ကွက်တွင်းရှိ ဘေးချင်းကပ်အိမ်(၄)လုံးမီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

“လူထိခိုက်မှုတော့မရှိပါဘူး။ အိမ်တွေပဲမီးလောင်သွားတာ။ မီးဘေးသင့်တွေအတွက်က သက်ဆိုင်ရာတာဝန်ရှိသူတွေက ပဲစီစဉ်ပေး နေပါတယ်။ မီးလောင်မှုဖြစ်စဉ်ကိုလည်း မီးသတ်က စုံစမ်းနေတုန်းပါ”ဟု ၎င်းကဆက်လက်ပြောသည်။

လက်ရှိတွင် ၎င်းမီးလောင်မှုဖြစ်စဉ် နှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့ နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

zawgyi version
မုဒုံၿမိဳ႕တြင္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ လူေနအိမ္(၄)လုံး မီးေလာင္ဆုံးရႈံး

သန႔္ဇင္(NP News) - ဒီဇင္ဘာ ၂၃

မြန္ျပည္နယ္၊ မုဒုံၿမိဳ႕တြင္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ လူေနအိမ္ (၄)လုံး မီးေလာင္ဆုံးရႈံးသြာခဲ့ေၾကာင္း မုဒုံအေရးေပၚကယ္ဆယ္ေရးအဖြဲ႕ထံမွ သိရသည္။

မီးေလာင္မႈသည္ ယေန႔(ဒီဇင္ဘာလ ၂၃ ရက္)၊ မြန္းလြဲ ၃ နာရီဝန္းက်င္အခ်ိန္တြင္ မုဒုံၿမိဳ႕၊ သေဘၤာဦးရပ္ကြက္၊ ဘုရင့္ေနာင္လမ္းသြယ္(၁)ႏွင့္ (၂)ၾကား၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဘယ္ကစေလာင္တာလဲေတာ့ မသိရေသးဘူးဗ်။ ေလာင္တဲ့မီးကေတာ့ ေတာ္ေတာ္မ်ားတယ္။ လူေနအိမ္(၄)လုံးေလာက္ေလာင္သြားတာ”ဟု မုဒုံအေရးေပၚကယ္ဆယ္ေရးအဖြဲ႕မွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါမီးေလာင္မႈတြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း ရပ္ကြက္တြင္းရွိ ေဘးခ်င္းကပ္အိမ္(၄)လုံးမီးေလာင္ဆုံးရႈံးသြားခဲ့ေၾကာင္း သိရသည္။

“လူထိခိုက္မႈေတာ့မရွိပါဘူး။ အိမ္ေတြပဲမီးေလာင္သြားတာ။ မီးေဘးသင့္ေတြအတြက္က သက္ဆိုင္ရာတာဝန္ရွိသူေတြက ပဲစီစဥ္ေပး ေနပါတယ္။ မီးေလာင္မႈျဖစ္စဥ္ကိုလည္း မီးသတ္က စုံစမ္းေနတုန္းပါ”ဟု ၎ကဆက္လက္ေျပာသည္။

လက္ရွိတြင္ ၎မီးေလာင္မႈျဖစ္စဥ္ ႏွင့္ ပ်က္စီးဆုံးရႈံးမႈတန္ဖိုးအား မီးသတ္တပ္ဖြဲ႕ ႏွင့္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.