အိပ်ပျော်နေသည့် မူလတန်းပြဆရာမနှင့် အစ်မဖြစ်သူတို့ကို PDFအဖွဲ့က သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှု ဖြူးမြို့နယ်၌ ဖြစ်ပွား

 10541

NP News - ဒီဇင်ဘာ ၂၃
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၌ အိပ်ပျော်နေသည့် မူလတန်းပြဆရာမနှင့် အစ်မဖြစ်သူတို့ကို PDFအဖွဲ့က နေအိမ်ပေါ်တက်ကာ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သော (ဒီဇင်ဘာ ၂၀ရက်)၊ နံနက် ၅နာရီအချိန်တွင် ဖြူးမြို့နယ်၊ အကြပ်အင်းကျေးရွာတွင် အထက်ပါကဲ့သို့ လုပ်ကြံပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အကြပ်အင်းအခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းပြဆရာမဖြစ်သူ ဒေါ်စန်းစန်းဝင်း(၅၂)နှစ်နှင့် ၎င်း၏ အစ်မဖြစ်သူ ဒေါ်ဌေးမြင့် (၆၇)နှစ်တို့သည့် နေအိမ်၌ အိပ်ပျော်နေစဉ်အချိန် PDFအဖွဲ့ဝင်(၅)ဦးက ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဒေါ်စန်းစန်းဝင်းနှင့် ဒေါ်ဌေးမြင့်တို့(၂)ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေရလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် လုပ်ကြံပစ်ခတ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

နစကအစိုးရ အာဏာရယူခဲ့သည့် ၂၀၂၁ခုနှစ် ဖောဖော်ဝါရီလမှ စတင်ကာ လက်ရှိအချိန်ထိ နိုင်ငံအတွင်း ပညာရေးဝန်းထမ်း (၉၀)နီးပါးကို PDFအဖွဲ့က သတ်ဖြတ်ခဲ့ကြောင်း နစကဘက်က သတင်းထုတ်ပြန်ထားသည်။

Zawgyi Version

အိပ္ေပ်ာ္ေနသည့္ မူလတန္းျပဆရာမႏွင့္ အစ္မျဖစ္သူတို႔ကို PDFအဖြဲ႕က ေသနတ္ျဖင့္ ဝင္ေရာက္ပစ္ခတ္မႈ ျဖဴးၿမိဳ႕နယ္၌ ျဖစ္ပြား

NP News - ဒီဇင္ဘာ ၂၃
ပဲခူးတိုင္း၊ ျဖဴးၿမိဳ႕နယ္၌ အိပ္ေပ်ာ္ေနသည့္ မူလတန္းျပဆရာမႏွင့္ အစ္မျဖစ္သူတို႔ကို PDFအဖြဲ႕က ေနအိမ္ေပၚတက္ကာ ေသနတ္ျဖင့္ ဝင္ေရာက္ပစ္ခတ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့ေသာ (ဒီဇင္ဘာ ၂၀ရက္)၊ နံနက္ ၅နာရီအခ်ိန္တြင္ ျဖဴးၿမိဳ႕နယ္၊ အၾကပ္အင္းေက်း႐ြာတြင္ အထက္ပါကဲ့သို႔ လုပ္ႀကံပစ္ခတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

အၾကပ္အင္းအေျခခံပညာအထက္တန္းေက်ာင္းမွ မူလတန္းျပဆရာမျဖစ္သူ ေဒၚစန္းစန္းဝင္း(၅၂)ႏွစ္ႏွင့္ ၎၏ အစ္မျဖစ္သူ ေဒၚေဌးျမင့္ (၆၇)ႏွစ္တို႔သည့္ ေနအိမ္၌ အိပ္ေပ်ာ္ေနစဥ္အခ်ိန္ PDFအဖြဲ႕ဝင္(၅)ဦးက ေရာက္ရွိလာကာ ေသနတ္ျဖင့္ ပစ္ခတ္သြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ဆိုသည္။

ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ ေဒၚစန္းစန္းဝင္းႏွင့္ ေဒၚေဌးျမင့္တို႔(၂)ဦးတြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ ျဖဴးၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံ၌ ေဆးကုသမႈ ခံယူေနရလ်က္ရွိေၾကာင္း သိရသည္။

လက္ရွိတြင္ လုပ္ႀကံပစ္ခတ္မႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီအျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။

နစကအစိုးရ အာဏာရယူခဲ့သည့္ ၂၀၂၁ခုႏွစ္ ေဖာေဖာ္ဝါရီလမွ စတင္ကာ လက္ရွိအခ်ိန္ထိ ႏိုင္ငံအတြင္း ပညာေရးဝန္းထမ္း (၉၀)နီးပါးကို PDFအဖြဲ႕က သတ္ျဖတ္ခဲ့ေၾကာင္း နစကဘက္က သတင္းထုတ္ျပန္ထားသည္။

Picture

Sa Kyaw Thet Oo

23/12/2023 21:31

😁😁😁 Non CDM ကို အိပ်နေချိန် တေ့ပစ်တာ မသေဘူးဆိုတော့ ဘာတွေလွဲနေလဲ

Related news

© 2021. All rights reserved.