ပထမနှစ် အဝေးသင် သင်တန်းများကို လာမည့်နှစ်ရက်အတွင်း ကျောင်းအပ် လက်ခံသွားမည်

1583

စော (NP News) - ဒီဇင်ဘာ ၂၄
ပထမနှစ် အဝေးသင် သင်တန်းများကို လာမည့်နှစ်ရက်အတွင်း ကျောင်းအပ်လက်ခံ ဆောင်ရွက် သွားမည်ဖြစ် ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက ယခုရက်ပိုင်းအတွင်း အထက်ပါကဲ့သို့ ကြေညာထားခြင်းဖြစ် သည်။
ယခု ပညာသင်နှစ်အတွက် တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ ပထမနှစ် အဝေးသင် သင်တန်းများကို လာမည့် ဒီဇင်ဘာ ၂၆ ရက်မှ စတင်၍ ကျောင်းဝင်မှတ်ပုံတင်နိုင်ကြောင်း သိရသည်။
ထို့သို့ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ဒီဇင်ဘာ ၂၆ ရက်မှ လာမည့် မတ်လ ၃၁ ရက်အထိ လက်ခံဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ဆိုသည်။
ထို့ပြင် ဒုတိယနှစ်နှင့် အထက် အဝေးသင် သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို လာမည့် ဖေဖော်ဝါရီလ ၅ ရက်မှ မေလ ၁၇ ရက်အထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိနစက အစိုးရလက်ထက်၌ ပဋိပက္ခများကြောင့် ရက်အကန့်အသတ်မရှိ ပိတ်ခဲ့ရသည့် တက္ကသိုလ်များ ရှိသကဲ့သို့ ကျောင်းမဖွင့်ရန် ချိန်းခြောက်ခံနေရသည့် စာသင်ကျောင်းများလည်း ရှိနေသည်။
ပြီးခဲ့သော ကာလအတွင်း ကယားပြည်နယ်၊ လွိုင်ကော်ြမို့၌ တပ်မတော်နှင့် ကရင်နီလက်နက်ကိုင်အဖွဲ့များကြား ဖြစ်ပွားသောတိုက်ပွဲကြောင့် တတိယအသုတ် အဝေးသင် စာမေးပွဲဖြေဆိုရန် ပြင်ဆင်နေသည့် လွိုင်ကော် တက္ကသိုလ်သည်လည်း ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့ရသည်။
ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ လားရှိုးတက္ကသိုလ်၌ တတိယအသုတ်ဖြစ်သည့် မြန်မာစာ နှင့် သမိုင်းအထူးပြုသင်တန်းနှစ်များ၏ အဝေးသင်စာမေးပွဲများကိုလည်း ပြီးခဲ့သည့် (နိုဝင်ဘာ ၁၆ ရက်) မွန်းလွဲပိုင်းမှ စတင်၍ ရက်အကန့်အသတ်မရှိရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။

Zawgyi Version;
ပထမႏွစ္ အေဝးသင္ သင္တန္းမ်ားကို လာမည့္ႏွစ္ရက္အတြင္း ေက်ာင္းအပ္ လက္ခံသြားမည္
ေစာ (NP News) - ဒီဇင္ဘာ ၂၄
ပထမႏွစ္ အေဝးသင္ သင္တန္းမ်ားကို လာမည့္ႏွစ္ရက္အတြင္း ေက်ာင္းအပ္လက္ခံ ေဆာင္႐ြက္ သြားမည္ျဖစ္ ေၾကာင္း ပညာေရးဝန္ႀကီးဌာနထံမွ သိရသည္။
ပညာေရးဝန္ႀကီးဌာန၊ အဆင့္ျမင့္ပညာဦးစီးဌာနက ယခုရက္ပိုင္းအတြင္း အထက္ပါကဲ့သို႔ ေၾကညာထားျခင္းျဖစ္ သည္။
ယခု ပညာသင္ႏွစ္အတြက္ တကၠသိုလ္ႏွင့္ ဒီဂရီေကာလိပ္မ်ား၏ ပထမႏွစ္ အေဝးသင္ သင္တန္းမ်ားကို လာမည့္ ဒီဇင္ဘာ ၂၆ ရက္မွ စတင္၍ ေက်ာင္းဝင္မွတ္ပုံတင္ႏိုင္ေၾကာင္း သိရသည္။
ထို႔သို႔ ေက်ာင္းဝင္မွတ္ပုံတင္ျခင္းကို ဒီဇင္ဘာ ၂၆ ရက္မွ လာမည့္ မတ္လ ၃၁ ရက္အထိ လက္ခံေဆာင္႐ြက္ေပး သြားမည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာနက ဆိုသည္။
ထို႔ျပင္ ဒုတိယႏွစ္ႏွင့္ အထက္ အေဝးသင္ သင္တန္းမ်ား၏ ေက်ာင္းဝင္မွတ္ပုံတင္ျခင္းကို လာမည့္ ေဖေဖာ္ဝါရီလ ၅ ရက္မွ ေမလ ၁၇ ရက္အထိ လက္ခံေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
လက္ရွိနစက အစိုးရလက္ထက္၌ ပဋိပကၡမ်ားေၾကာင့္ ရက္အကန႔္အသတ္မရွိ ပိတ္ခဲ့ရသည့္ တကၠသိုလ္မ်ား ရွိသကဲ့သို႔ ေက်ာင္းမဖြင့္ရန္ ခ်ိန္းေျခာက္ခံေနရသည့္ စာသင္ေက်ာင္းမ်ားလည္း ရွိေနသည္။
ၿပီးခဲ့ေသာ ကာလအတြင္း ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕၌ တပ္မေတာ္ႏွင့္ ကရင္နီလက္နက္ကိုင္အဖြဲ႕မ်ားၾကား ျဖစ္ပြားေသာတိုက္ပြဲေၾကာင့္ တတိယအသုတ္ အေဝးသင္ စာေမးပြဲေျဖဆိုရန္ ျပင္ဆင္ေနသည့္ လြိဳင္ေကာ္ တကၠသိုလ္သည္လည္း ရက္အကန႔္အသတ္မရွိ ပိတ္ထားခဲ့ရသည္။
ထို႔ျပင္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လားရႈိးၿမိဳ႕ရွိ လားရႈိးတကၠသိုလ္၌ တတိယအသုတ္ျဖစ္သည့္ ျမန္မာစာ ႏွင့္ သမိုင္းအထူးျပဳသင္တန္းႏွစ္မ်ား၏ အေဝးသင္စာေမးပြဲမ်ားကိုလည္း ၿပီးခဲ့သည့္ (ႏိုဝင္ဘာ ၁၆ ရက္) မြန္းလြဲပိုင္းမွ စတင္၍ ရက္အကန႔္အသတ္မရွိေ႐ႊ႕ဆိုင္းခဲ့ေၾကာင္း သိရသည္။