ကစားပွဲများကို စည်းစည်းလုံးလုံးနှင့်စိတ်အေးအေးထား ကစားကြရန် အသင်းကစားသမားများကို မန်ယူနည်းပြ တိုက်တွန်း

 783

Pika (NP News) - ဒီဇင်ဘာ ၂၄

ဝက်စ်ဟမ်းအသင်းနှင့်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်ကို (၂)ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် မန်ယူအသင်း ကစားသမားများအနေဖြင့် စည်းစည်းလုံးလုံးနှင့် စိတ်အေးအေးထားပြီး ကစားကြရန် မန်ယူနည်းပြ တန်ဟက်က တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် ဝက်စ်ဟမ်းအသင်း တိုက်စစ်မှူး Jarrod Bowen က ပွဲချိန်(၇၂)မိနစ်တွင် တစ်ဂိုးသွင်းယူပေးခဲ့ပြီး ကွင်းလယ်ကစားသမား Mohammed Kudus က ပွဲချိန်(၇၈)မိနစ်တွင် တစ်ဂိုးထပ်မံသွင်းယူခဲ့ပြီးနောက် မန်ယူ အသင်းကို (၂)ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသည် နောက်ဆုံးကစားခဲ့သော ပြိုင်ပွဲစုံပွဲပေါင်း(၇)ပွဲတွင် တစ်ပွဲသာအနိုင်ရရှိထားပြီး နောက်ဆုံး ကစားခဲ့သော ကစားပွဲ(၄)ပွဲတွင် (၃)ပွဲရှုံးထားကြောင်းလည်း သိရသည်။ ထို့အပြင် မန်ယူအသင်းသည် ၁၉၉၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လေးပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမျိုးမရှိခဲ့သည့်အပြင် ၁၉၃ဝ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ခရစ္စမတ်မတိုင်မီ ပြိုင်ပွဲစုံပွဲများတွင် အနည်းဆုံး(၁၃)ပွဲ ရှုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မန်ယူနည်းပြတန်ဟက် က "၂ဝ၂၃ ခုနှစ်မှာ ကျွန်တော်တို့ ခါရာဘောင်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပြီးတော့ FA ဖလား ဖိုင်နယ်ပွဲစဉ်ကိုလည်း ကျွန်တော်တို့ကစားခဲ့ပါတယ်။ ပြီးတော့ ၂ဝ၂၂-၂ဝ၂၃ ပရီးမီးယားလိဂ်ရာသီမှာ ကျွန်တော်တို့ အဆင့်(၃)နေရာရအောင် ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့တဲ့ အခိုက်အတန့်တွေ ရှိခဲ့ဖူးပေမယ့်လည်း ဒီအချိန်မှာတော့ ကျွန်တော်တို့ အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်တာမျိုး မရှိခဲ့ပါဘူး။ အဲဒီလိုဖြစ်ရတဲ့အကြောင်းအရင်းက ကျွန်တော်တို့မှာ ဒဏ်ရာရနေတဲ့ကစားသမားတွေ အများကြီး ရှိနေပါတယ်။ အဲဒီကစားသမားတွေ ဒဏ်ရာကနေ သက်သာလာပြီး ပြန်ကစားနိုင်ခဲ့မယ်ဆိုရင် အသင်းက ဒီထက်ပို ကောင်းသွားမှာပါ။ ကျွန်တော်တို့ စိတ်အေးအေးထားဖို့လိုအပ်ပါတယ်။ ပြီးတော့ စည်းစည်းလုံးလုံးနဲ့ အတူတကွ ကစားကြဖို့ လိုအပ်ပါတယ်" ဟု ပြောခဲ့သည်။

မန်ယူအသင်းသည် လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်ပြိုင်ပွဲ(၁၈)ပွဲကစားထားပြီး ရမှတ်(၂၈)မှတ်ဖြင့် အမှတ်ပေး ဇယားတွင် အဆင့်(၈)နေရာမှာ ရပ်တည်နေကြောင်း သိရသည်။

Zawgyi Version;
ကစားပြဲမ်ားကို စည္းစည္းလုံးလုံးႏွင့္စိတ္ေအးေအးထား ကစားၾကရန္ အသင္းကစားသမားမ်ားကို မန္ယူနည္းျပ တိုက္တြန္း
Pika (NP News) - ဒီဇင္ဘာ ၂၄

ဝက္စ္ဟမ္းအသင္းႏွင့္ကစားခဲ့ေသာ ပရီးမီးယားလိဂ္ပြဲစဥ္ကို (၂)ဂိုး-ဂိုးမရွိျဖင့္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ မန္ယူအသင္း ကစားသမားမ်ားအေနျဖင့္ စည္းစည္းလုံးလုံးႏွင့္ စိတ္ေအးေအးထားၿပီး ကစားၾကရန္ မန္ယူနည္းျပ တန္ဟက္က တိုက္တြန္းေတာင္းဆိုခဲ့ေၾကာင္း သိရသည္။

အဆိုပါပြဲစဥ္တြင္ ဝက္စ္ဟမ္းအသင္း တိုက္စစ္မႉး Jarrod Bowen က ပြဲခ်ိန္(၇၂)မိနစ္တြင္ တစ္ဂိုးသြင္းယူေပးခဲ့ၿပီး ကြင္းလယ္ကစားသမား Mohammed Kudus က ပြဲခ်ိန္(၇၈)မိနစ္တြင္ တစ္ဂိုးထပ္မံသြင္းယူခဲ့ၿပီးေနာက္ မန္ယူ အသင္းကို (၂)ဂိုး-ဂိုးမရွိျဖင့္ အႏိုင္ရရွိခဲ့ျခင္းျဖစ္သည္။

မန္ယူအသင္းသည္ ေနာက္ဆုံးကစားခဲ့ေသာ ၿပိဳင္ပြဲစုံပြဲေပါင္း(၇)ပြဲတြင္ တစ္ပြဲသာအႏိုင္ရရွိထားၿပီး ေနာက္ဆုံး ကစားခဲ့ေသာ ကစားပြဲ(၄)ပြဲတြင္ (၃)ပြဲရႈံးထားေၾကာင္းလည္း သိရသည္။ ထို႔အျပင္ မန္ယူအသင္းသည္ ၁၉၉၂ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ေလးပြဲဆက္တိုက္ ဂိုးသြင္းယူႏိုင္ခဲ့ျခင္းမ်ိဳးမရွိခဲ့သည့္အျပင္ ၁၉၃ဝ ျပည့္ႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ခရစၥမတ္မတိုင္မီ ၿပိဳင္ပြဲစုံပြဲမ်ားတြင္ အနည္းဆုံး(၁၃)ပြဲ ရႈံးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မန္ယူနည္းျပတန္ဟက္ က "၂ဝ၂၃ ခုႏွစ္မွာ ကြၽန္ေတာ္တို႔ ခါရာေဘာင္ဆုဖလားကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ၿပီးေတာ့ FA ဖလား ဖိုင္နယ္ပြဲစဥ္ကိုလည္း ကြၽန္ေတာ္တို႔ကစားခဲ့ပါတယ္။ ၿပီးေတာ့ ၂ဝ၂၂-၂ဝ၂၃ ပရီးမီးယားလိဂ္ရာသီမွာ ကြၽန္ေတာ္တို႔ အဆင့္(၃)ေနရာရေအာင္ ကစားႏိုင္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ခဲ့တဲ့ အခိုက္အတန႔္ေတြ ရွိခဲ့ဖူးေပမယ့္လည္း ဒီအခ်ိန္မွာေတာ့ ကြၽန္ေတာ္တို႔ အေကာင္းဆုံးေျခစြမ္းျပ ကစားႏိုင္တာမ်ိဳး မရွိခဲ့ပါဘူး။ အဲဒီလိုျဖစ္ရတဲ့အေၾကာင္းအရင္းက ကြၽန္ေတာ္တို႔မွာ ဒဏ္ရာရေနတဲ့ကစားသမားေတြ အမ်ားႀကီး ရွိေနပါတယ္။ အဲဒီကစားသမားေတြ ဒဏ္ရာကေန သက္သာလာၿပီး ျပန္ကစားႏိုင္ခဲ့မယ္ဆိုရင္ အသင္းက ဒီထက္ပို ေကာင္းသြားမွာပါ။ ကြၽန္ေတာ္တို႔ စိတ္ေအးေအးထားဖို႔လိုအပ္ပါတယ္။ ၿပီးေတာ့ စည္းစည္းလုံးလုံးနဲ႔ အတူတကြ ကစားၾကဖို႔ လိုအပ္ပါတယ္" ဟု ေျပာခဲ့သည္။

မန္ယူအသင္းသည္ လက္ရွိအခ်ိန္အထိ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ(၁၈)ပြဲကစားထားၿပီး ရမွတ္(၂၈)မွတ္ျဖင့္ အမွတ္ေပး ဇယားတြင္ အဆင့္(၈)ေနရာမွာ ရပ္တည္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.