ဂျပန်နိုင်ငံက ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပြည်ပနိုင်ငံများသို့ ပထမဆုံးအကြိမ် စစ်လက်နက်ပစ္စည်းများ တင်ပို့သွားမည်

 6278

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၅

ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာစစ် နောက်ပိုင်း ပြည်ပနိုင်ငံများသို့ စစ်လက်နက်ပစ္စည်းများကို ပထမဆုံးအကြိမ်တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

၁၉၄၇ ခုနှစ်တွင် ပြဌာန်းထားသော စစ်လက်နက်ပစ္စည်းတင်ပို့မှုဆိုင်ရာပိတ်ပင်ထားသည့် စည်းကမ်းများကို အဆုံးလိုက်ပြီးနောက် ဂျပန်နိုင်ငံသည် အမေရိကန်နိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ တင်ပို့ပေးမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်အစိုးရသည် အမေရိကန်နိုင်ငံသို့ ပက်ထရီယော့ ဒုံးကျည်စနစ်ကိုတင်ပို့ပေးရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး အမေရိကန်အစိုးရသည် စစ်လက်နက်ပစ္စည်းများ ကုန်ခမ်းသလောက်ဖြစ်နေသည့်အတွက် ဂျပန်နိုင်ငံထံမှ စစ်လက်နက်ပစ္စည်းအကူညီများရယူရန် ကြိုးပမ်းလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Mitsubishi Heavy Industrie ကုမ္ပဏီသည် အမေရိကန်စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော Lockheed Martin နှင့် RTX ကုမ္ပဏီတို့ထံမှ ထုတ်ဝေခွင့်လိုင်စင်ရရှိခဲ့ပြီးနောက် ပက်ထရီယော့ ဒုံးကျည်စနစ်ကို ထုတ်လုပ်နေခဲ့ကြောင်း သိရသည်။

အမေရိကန်အစိုးရကိုယ်တိုင်ကလည်း ဂျပန်နိုင်ငံထံမှ စစ်လက်နက်ပစ္စည်းများ ဝယ်ယူမည့်အစီအစဉ်ကို အတည်ပြုထားကြောင်း သိရသည်။ အမေရိကန်အစိုးရသည် ဂျပန်နိုင်ငံမှ လက်ခံရရှိမည့် ပက်ထရီယော့ ဒုံးကျည်စနစ်ကို ယူကရိန်းထံ ပေးပို့ကူညီသွားဖွယ်ရှိနေကြောင်း သိရသည်။

ဂျပန်ကာကွယ်ရေးဝန်ကြီး ဖူမီအို ကီရှီဒါက ဂျပန်အစိုးရသည် စစ်လက်နက်ပစ္စည်းများ ပြည်ပတင်ပို့ခြင်းကိုပိတ်ပင်သည့် စည်းကမ်းများကိုပြောင်းလဲ အဆုံးသတ်ရန်သဘောတူညီခဲ့ကြောင်း ပြောသည်။အမေရိကန်နိုင်ငံသို့ ဒုံးကျည်များရောင်းချပေးမည့်စာချုပ်က အမေရိကန် နှင့် ဂျပန်နိုင်ငံကြား မဟာမိတ်အဖြစ် ရပ်တည်မှုများကို ပိုမိုအားကောင်းစေနိုင်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောသည်။

ဂျပန်နိုင်ငံသည် ကာကွယ်ရေးအသုံးစရိတ်များကို တစ်နှစ်ထက် တစ်နှစ်တိုးမြှင့်သုံးစွဲနေရာ လာမည့် ၂ဝ၂၄ ခုနှစ်တွင် ကာကွယ်ရေးအသုံးစရိတ်ကို အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၈ ဘီလျံအထိ စံချိန်တင်သုံးစွဲသွားဖွယ်ရှိနေကြောင်း သိရသည်။ ဂျပန်နိုင်ငံသည် လာမည့် ၂ဝ၂၄ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံများအနက် ကာကွယ်ရေးအသုံးစရိတ် တတိယအများဆုံးသုံးစွဲသောနိုင်ငံအဖြစ် ရပ်တည်နေကြောင်း သိရသည်။ အမေရိကန် နှင့် တရုတ်နိုင်ငံတို့သည် လာမည့် ၂ဝ၂၄ ခုနှစ်တွင် ကာကွယ်ရေးအသုံးစရိတ်အများဆုံး သုံးစွဲသောနိုင်ငံများအဖြစ် ရပ်တည်နေကြောင်း သိရသည်။

Zawgyi Version;
ဂ်ပန္ႏိုင္ငံက ဒုတိယကမာၻစစ္ေနာက္ပိုင္း ျပည္ပႏိုင္ငံမ်ားသို႔ ပထမဆုံးအႀကိမ္ စစ္လက္နက္ပစၥည္းမ်ား တင္ပို႔သြားမည္
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂၅

ဂ်ပန္ႏိုင္ငံသည္ ဒုတိယကမာၻစစ္ ေနာက္ပိုင္း ျပည္ပႏိုင္ငံမ်ားသို႔ စစ္လက္နက္ပစၥည္းမ်ားကို ပထမဆုံးအႀကိမ္တင္ပို႔သြားမည္ျဖစ္ေၾကာင္း သိရသည္။

၁၉၄၇ ခုႏွစ္တြင္ ျပဌာန္းထားေသာ စစ္လက္နက္ပစၥည္းတင္ပို႔မႈဆိုင္ရာပိတ္ပင္ထားသည့္ စည္းကမ္းမ်ားကို အဆုံးလိုက္ၿပီးေနာက္ ဂ်ပန္ႏိုင္ငံသည္ အေမရိကန္ႏိုင္ငံသို႔ စစ္လက္နက္ပစၥည္းမ်ား တင္ပို႔ေပးမည္ျဖစ္ေၾကာင္း သိရသည္။

ဂ်ပန္အစိုးရသည္ အေမရိကန္ႏိုင္ငံသို႔ ပက္ထရီေယာ့ ဒုံးက်ည္စနစ္ကိုတင္ပို႔ေပးရန္ သေဘာတူညီခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ယူကရိန္းစစ္ပြဲႏွင့္ပတ္သက္ၿပီး အေမရိကန္အစိုးရသည္ စစ္လက္နက္ပစၥည္းမ်ား ကုန္ခမ္းသေလာက္ျဖစ္ေနသည့္အတြက္ ဂ်ပန္ႏိုင္ငံထံမွ စစ္လက္နက္ပစၥည္းအကူညီမ်ားရယူရန္ ႀကိဳးပမ္းလာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Mitsubishi Heavy Industrie ကုမၸဏီသည္ အေမရိကန္စစ္လက္နက္ပစၥည္းထုတ္လုပ္ေရးကုမၸဏီျဖစ္ေသာ Lockheed Martin ႏွင့္ RTX ကုမၸဏီတို႔ထံမွ ထုတ္ေဝခြင့္လိုင္စင္ရရွိခဲ့ၿပီးေနာက္ ပက္ထရီေယာ့ ဒုံးက်ည္စနစ္ကို ထုတ္လုပ္ေနခဲ့ေၾကာင္း သိရသည္။

အေမရိကန္အစိုးရကိုယ္တိုင္ကလည္း ဂ်ပန္ႏိုင္ငံထံမွ စစ္လက္နက္ပစၥည္းမ်ား ဝယ္ယူမည့္အစီအစဥ္ကို အတည္ျပဳထားေၾကာင္း သိရသည္။ အေမရိကန္အစိုးရသည္ ဂ်ပန္ႏိုင္ငံမွ လက္ခံရရွိမည့္ ပက္ထရီေယာ့ ဒုံးက်ည္စနစ္ကို ယူကရိန္းထံ ေပးပို႔ကူညီသြားဖြယ္ရွိေနေၾကာင္း သိရသည္။

ဂ်ပန္ကာကြယ္ေရးဝန္ႀကီး ဖူမီအို ကီရွီဒါက ဂ်ပန္အစိုးရသည္ စစ္လက္နက္ပစၥည္းမ်ား ျပည္ပတင္ပို႔ျခင္းကိုပိတ္ပင္သည့္ စည္းကမ္းမ်ားကိုေျပာင္းလဲ အဆုံးသတ္ရန္သေဘာတူညီခဲ့ေၾကာင္း ေျပာသည္။အေမရိကန္ႏိုင္ငံသို႔ ဒုံးက်ည္မ်ားေရာင္းခ်ေပးမည့္စာခ်ဳပ္က အေမရိကန္ ႏွင့္ ဂ်ပန္ႏိုင္ငံၾကား မဟာမိတ္အျဖစ္ ရပ္တည္မႈမ်ားကို ပိုမိုအားေကာင္းေစႏိုင္ေၾကာင္း ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနကေျပာသည္။

ဂ်ပန္ႏိုင္ငံသည္ ကာကြယ္ေရးအသုံးစရိတ္မ်ားကို တစ္ႏွစ္ထက္ တစ္ႏွစ္တိုးျမႇင့္သုံးစြဲေနရာ လာမည့္ ၂ဝ၂၄ ခုႏွစ္တြင္ ကာကြယ္ေရးအသုံးစရိတ္ကို အေမရိကန္ေဒၚလာ ၅၅ ဒသမ ၈ ဘီလ်ံအထိ စံခ်ိန္တင္သုံးစြဲသြားဖြယ္ရွိေနေၾကာင္း သိရသည္။ ဂ်ပန္ႏိုင္ငံသည္ လာမည့္ ၂ဝ၂၄ ခုႏွစ္အတြင္း ကမာၻ႔ႏိုင္ငံမ်ားအနက္ ကာကြယ္ေရးအသုံးစရိတ္ တတိယအမ်ားဆုံးသုံးစြဲေသာႏိုင္ငံအျဖစ္ ရပ္တည္ေနေၾကာင္း သိရသည္။ အေမရိကန္ ႏွင့္ တ႐ုတ္ႏိုင္ငံတို႔သည္ လာမည့္ ၂ဝ၂၄ ခုႏွစ္တြင္ ကာကြယ္ေရးအသုံးစရိတ္အမ်ားဆုံး သုံးစြဲေသာႏိုင္ငံမ်ားအျဖစ္ ရပ္တည္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.