FIFA-MFF U17 League 2023 ပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်သည့် အသင်း (၆)သင်းထွက်ပေါ်လာ

1346
ကျော် (NP News) - ဒီဇင်ဘာ ၂၅
လူငယ်မျိုးဆက်သစ်ကစားသမားများ ထွက်ပေါ်လာစေရေးနှင့်မြန်မာ့လက် ရွေးစင်လူငယ်အသင်းများကို ထောက်ပံ့မှုဖြစ်စေရေးတို့အတွက် ရည်ရွယ်ကျင်းပမည့် FIFA-MFF U17 League 2023 ပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်သည့် အသင်း (၆)သင်းထွက်ပေါ်လာခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။

ခြေစစ်ပွဲစဥ်များယှဥ်ပြိုင်ကစားပြီးနောက် Maubin FC ၊ Insein City FC ၊ Burmese Youth FC ၊ Naypyitaw United FC ၊ Su Latt Myint Mo FC ၊ City Shwepyithar FC အသင်းတို့ခြေစစ်ပွဲ အောင်မြင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ခြေစစ်ပွဲအောင်အသင်းများသည် FIFA-MFF U17 League 2023 ပြိုင်ပွဲအား တိုက်ရိုက်ဝင်ခွင့်ရထားသည့် Rakhine United FC ၊ Shwepyithar FC ၊ Royal Yangon Thet Lon FC ၊ Pharsimyay FC ၊ Artharwady FC ၊ Shan FC အသင်းများနှင့်အတူ ယှဥ်ပြိုင်ရမည်ဖြစ်သည်။
FIFA-MFF U17 League 2023 ပြိုင်ပွဲ၏ ခြေစစ်ပွဲစဥ်များကို ပြီးခဲ့သည့် ဒီဇင် ဘာလ ၂၀ ရက်မှ ၂၄ ရက်အထိယှဥ်ပြိုင်စေခဲ့ပြီးနောက် လိဂ်ပြိုင်ပွဲအား လာမည့် ဒီဇင်ဘာလ ၂၉ ရက်မှစတင်၍ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်အထိ ရန်ကုန်မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
"ဒီလိုလူငယ်ကစားသမားတွေထွက်လာအောင် ဒီလိုပြိုင်ပွဲတွေလုပ်ပေးတာက ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ မြန်မာဘောလုံးအသင်းတွေက အဆင့်အတန်းအတော်နိမ့်နေပြီလို့ပြောလို့ရတယ်။ အာရှကျားကြီးဆိုပြီး ဟိုးအရင်ကခေါင်းမော့နိုင်ပေမယ့် အခုတော့ ပြိုင်လိုက်သမျှပွဲတိုင်းမှာ အရှုံးတွေပဲများနေတယ်။ လူငယ်ကစားသမားတွေကို ပျိုးထောင်နိုင်မှသာ မြန်မာဘောလုံးအဆင့်အတန်းကပိုတက်လာနိုင်မှာ"ဟု ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ဦးကျော်စိုးဦးကပြောသည်။
FIFA-MFF U17 League 2023 ပြိုင်ပွဲအားဝင်ရောက်ယှဥ်ပြိုင်မည့် ကစား သမားများအနေဖြင့် ၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အတွင်း မွေးဖွားသူများကိုသာ ပါဝင်ယှဥ်ပြိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။
အဆိုပါ FIFA-MFF U17 League 2023 ပြိုင်ပွဲအား ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)နှင့်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

zawgyi version
FIFA-MFF U17 League 2023 ၿပိဳင္ပြဲအတြက္ ေျခစစ္ပြဲေအာင္သည့္ အသင္း (၆)သင္းထြက္ေပၚလာ
ေက်ာ္ (NP News) - ဒီဇင္ဘာ ၂၅
လူငယ္မ်ိဳးဆက္သစ္ကစားသမားမ်ား ထြက္ေပၚလာေစေရးႏွင့္ျမန္မာ့လက္ ေ႐ြးစင္လူငယ္အသင္းမ်ားကို ေထာက္ပံ့မႈျဖစ္ေစေရးတို႔အတြက္ ရည္႐ြယ္က်င္းပမည့္ FIFA-MFF U17 League 2023 ၿပိဳင္ပြဲအတြက္ ေျခစစ္ပြဲေအာင္ သည့္ အသင္း (၆)သင္းထြက္ေပၚလာခဲ့ၿပီျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ထံမွ သိရသည္။
ေျခစစ္ပြဲစဥ္မ်ားယွဥ္ၿပိဳင္ကစားၿပီးေနာက္ Maubin FC ၊ Insein City FC ၊ Burmese Youth FC ၊ Naypyitaw United FC ၊ Su Latt Myint Mo FC ၊ City Shwepyithar FC အသင္းတို႔ေျခစစ္ပြဲ ေအာင္ျမင္ခဲ့ၾကေၾကာင္း သိရသည္။
အဆိုပါ ေျခစစ္ပြဲေအာင္အသင္းမ်ားသည္ FIFA-MFF U17 League 2023 ၿပိဳင္ပြဲအား တိုက္႐ိုက္ဝင္ခြင့္ရထားသည့္ Rakhine United FC ၊ Shwepyithar FC ၊ Royal Yangon Thet Lon FC ၊ Pharsimyay FC ၊ Artharwady FC ၊ Shan FC အသင္းမ်ားႏွင့္အတူ ယွဥ္ၿပိဳင္ရမည္ျဖစ္သည္။
FIFA-MFF U17 League 2023 ၿပိဳင္ပြဲ၏ ေျခစစ္ပြဲစဥ္မ်ားကို ၿပီးခဲ့သည့္ ဒီဇင္ ဘာလ ၂၀ ရက္မွ ၂၄ ရက္အထိယွဥ္ၿပိဳင္ေစခဲ့ၿပီးေနာက္ လိဂ္ၿပိဳင္ပြဲအား လာမည့္ ဒီဇင္ဘာလ ၂၉ ရက္မွစတင္၍ ၂၀၂၄ ခုႏွစ္၊ ဇြန္လ ၃၀ ရက္အထိ ရန္ကုန္ၿမိဳ႕၌ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
"ဒီလိုလူငယ္ကစားသမားေတြထြက္လာေအာင္ ဒီလိုၿပိဳင္ပြဲေတြလုပ္ေပးတာက ေကာင္းပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ ျမန္မာေဘာလုံးအသင္းေတြက အဆင့္အတန္းအေတာ္နိမ့္ေနၿပီလို႔ေျပာလို႔ရတယ္။ အာရွက်ားႀကီးဆိုၿပီး ဟိုးအရင္ကေခါင္းေမာ့ႏိုင္ေပမယ့္ အခုေတာ့ ၿပိဳင္လိုက္သမွ်ပြဲတိုင္းမွာ အရႈံးေတြပဲမ်ားေနတယ္။ လူငယ္ကစားသမားေတြကို ပ်ိဳးေထာင္ႏိုင္မွသာ ျမန္မာေဘာလုံးအဆင့္အတန္းကပိုတက္လာႏိုင္မွာ"ဟု ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္ေန ဦးေက်ာ္စိုးဦးကေျပာသည္။
FIFA-MFF U17 League 2023 ၿပိဳင္ပြဲအားဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ကစား သမားမ်ားအေနျဖင့္ ၂၀၀၇ ခုႏွစ္မွ ၂၀၀၉ ခုႏွစ္၊ ဒီဇင္ဘာလ ၃၁ ရက္အတြင္း ေမြးဖြားသူမ်ားကိုသာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ထံမွ သိရသည္။
အဆိုပါ FIFA-MFF U17 League 2023 ၿပိဳင္ပြဲအား ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္(ဖီဖာ)ႏွင့္ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္တို႔ ပူးေပါင္းစီစဥ္က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။