ဘရော်နီကာက ထိုင်းဖိုက်တာမယ်ကို အလဲထိုးပြီး ထိုင်းဘုရင့်ဖလားကို (၂)ကြိမ်ဆက်တိုက်ရရှိ

3191
သန့်ဇင် (NP News) - ဒီဇင်ဘာ ၂၅
ဘရော်နီကာသည် ထိုင်းဖိုက်တာမယ် Phayasingha ကို ပထမအချီအတွင်း အလဲထိုးအနိုင်ယူကာ ထိုင်းဘုရင့်ဖလား ချန်ပီယံဆုကို (၂)ကြိမ်ဆက်တိုက် ရယူနိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံကိုယ်စားပြု ဘရော်နီကာသည် ယမန်နေ့(ဒီဇင်ဘာလ ၂၄ ရက်) တွင် ထိုင်းနိုင်ငံ အယုဒ္ဓယမြို့၌ ကျင်းပသည့် ထိုင်းဘုရင့်ဖလား ဗိုလ်လုပွဲစဉ်အဖြစ် မွေထိုင်းဖိုက်တာမယ် Phayasingh နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြရာ ပထမအချီ၌ပင် ပြိုင်ဘက်အား အလဲထိုးအနိုင်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
အသက်(၂၇)နှစ်အရွယ်ရှိ ဘရော်နီကာသည် အဆိုပါပွဲစဉ်ကို အနိုင်ရပြီးနောက် ထိုင်းမွေထိုင်းပွဲစဉ်များတွင် (၁၆)ပွဲဆက်တိုက် အနိုင်ယူနိုင်ခဲ့သူဖြစ်ကာ ချန်ပီယံဆုကို (၂)ကြိမ်ဆက်တိုက်ရယူနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ချန်ပီယံဆုအား ရယူနိုင်ခဲ့ပြီးနောက် ဘရော်နီကာအနေဖြင့် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် “အားလုံး Merry Christmas ပါနော်။ ဒီနှစ်လည်း ခရစ်စမက်လက်ဆောင်လေး ထပ်ယူဆောင်လာနိုင်တဲ့အတွက် Vero နဲ့ထပ်တူ အားလုံး ကျေနပ်ပျော်ကြမယ်လို့ မျှော်လင့်ပါတယ်” ဟု ရေးသားထားသည်ကို တွေ့ရသည်။
၎င်းသည် မြန်မာ့လက်ဝှေ့ပြိုင်ပွဲများကို ယှဉ်ပြိုင်ထိုးသတ်ခဲ့ဖူးသူဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားချိန်တွင် ထိုင်းနိုင်ငံသို့ မွေထိုင်းပွဲစဉ်များ သွားရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် မွေထိုင်းလက်ဝှေ့ပြိုင်ပွဲကျင်းပရေးအဖွဲ့ဖြစ်သည့် Thai Fight နှင့် (၃)နှစ်စာ စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံကိုယ်စားပြု ဘရော်နီကာအနေဖြင့် ထိုင်းမွေထိုင်းပွဲစဉ်များကို ယှဉ်ပြိုင်ချိန်ကာလအတွင်း ထိုင်း၊ ဘရာဇီး၊ အီရန်၊ အီတလီ၊ ဂရိ၊ အာဂျင်တီးနား၊ ဗီယက်နမ်နိုင်ငံတို့၏ အမျိုးသမီးဖိုက်တာများကို အနိုင်ရယူနိုင်ခဲ့ကြောင်း သိရသည်။

zawgyi version
ဘေရာ္နီကာက ထိုင္းဖိုက္တာမယ္ကို အလဲထိုးၿပီး ထိုင္းဘုရင့္ဖလားကို (၂)ႀကိမ္ဆက္တိုက္ရရွိ
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၂၅
ဘေရာ္နီကာသည္ ထိုင္းဖိုက္တာမယ္ Phayasingha ကို ပထမအခ်ီအတြင္း အလဲထိုးအႏိုင္ယူကာ ထိုင္းဘုရင့္ဖလား ခ်န္ပီယံဆုကို (၂)ႀကိမ္ဆက္တိုက္ ရယူႏိုင္ခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံကိုယ္စားျပဳ ဘေရာ္နီကာသည္ ယမန္ေန႔(ဒီဇင္ဘာလ ၂၄ ရက္) တြင္ ထိုင္းႏိုင္ငံ အယုဒၶယၿမိဳ႕၌ က်င္းပသည့္ ထိုင္းဘုရင့္ဖလား ဗိုလ္လုပြဲစဥ္အျဖစ္ ေမြထိုင္းဖိုက္တာမယ္ Phayasingh ႏွင့္ ယွဥ္ၿပိဳင္ထိုးသတ္ခဲ့ၾကရာ ပထမအခ်ီ၌ပင္ ၿပိဳင္ဘက္အား အလဲထိုးအႏိုင္ရယူႏိုင္ခဲ့ျခင္းျဖစ္သည္။
အသက္(၂၇)ႏွစ္အ႐ြယ္ရွိ ဘေရာ္နီကာသည္ အဆိုပါပြဲစဥ္ကို အႏိုင္ရၿပီးေနာက္ ထိုင္းေမြထိုင္းပြဲစဥ္မ်ားတြင္ (၁၆)ပြဲဆက္တိုက္ အႏိုင္ယူႏိုင္ခဲ့သူျဖစ္ကာ ခ်န္ပီယံဆုကို (၂)ႀကိမ္ဆက္တိုက္ရယူႏိုင္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ ခ်န္ပီယံဆုအား ရယူႏိုင္ခဲ့ၿပီးေနာက္ ဘေရာ္နီကာအေနျဖင့္ ၎၏ လူမႈကြန္ရက္စာမ်က္ႏွာမွတစ္ဆင့္ “အားလုံး Merry Christmas ပါေနာ္။ ဒီႏွစ္လည္း ခရစ္စမက္လက္ေဆာင္ေလး ထပ္ယူေဆာင္လာႏိုင္တဲ့အတြက္ Vero နဲ႔ထပ္တူ အားလုံး ေက်နပ္ေပ်ာ္ၾကမယ္လို႔ ေမွ်ာ္လင့္ပါတယ္” ဟု ေရးသားထားသည္ကို ေတြ႕ရသည္။
၎သည္ ျမန္မာ့လက္ေဝွ႔ၿပိဳင္ပြဲမ်ားကို ယွဥ္ၿပိဳင္ထိုးသတ္ခဲ့ဖူးသူျဖစ္ၿပီး ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားခ်ိန္တြင္ ထိုင္းႏိုင္ငံသို႔ ေမြထိုင္းပြဲစဥ္မ်ား သြားေရာက္ယွဥ္ၿပိဳင္ခဲ့သူ ျဖစ္ေၾကာင္း သိရသည္။
လက္ရွိအခ်ိန္တြင္ ေမြထိုင္းလက္ေဝွ႔ၿပိဳင္ပြဲက်င္းပေရးအဖြဲ႕ျဖစ္သည့္ Thai Fight ႏွင့္ (၃)ႏွစ္စာ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံကိုယ္စားျပဳ ဘေရာ္နီကာအေနျဖင့္ ထိုင္းေမြထိုင္းပြဲစဥ္မ်ားကို ယွဥ္ၿပိဳင္ခ်ိန္ကာလအတြင္း ထိုင္း၊ ဘရာဇီး၊ အီရန္၊ အီတလီ၊ ဂရိ၊ အာဂ်င္တီးနား၊ ဗီယက္နမ္ႏိုင္ငံတို႔၏ အမ်ိဳးသမီးဖိုက္တာမ်ားကို အႏိုင္ရယူႏိုင္ခဲ့ေၾကာင္း သိရသည္။