BLACKPINK အဖွဲ့ဝင် ဂျင်းနီ တစ်ကိုယ်တော်ခရီး စတင်ဖို့ လုပ်ဆောင်နေ

508

Pika (NP News) - ဒီဇင်ဘာ ၂၅
BLACKPINK အဖွဲ့ဝင် ဂျင်းနီက ၎င်းသည် OA အမည်ရှိ တံဆိပ်အသစ်တစ်ခု နှင့် ကုမ္ပဏီကို စတင်တည်ထောင် တော့မည်ဖြစ်ကြောင်း ဒီဇင်ဘာလ(၂၄)ရက်တွင် ဖော်လိုဝါ(၈၃)သန်းနီးပါးရှိသည့် ၎င်း၏ အင်စတာဂရမ်အကောင့် မှာ ပို့စ်တစ်ခုတင်ခဲ့ကာ ကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါပို့စ်တွင် "ကျွန်မက ဂျင်းနီပါ။ ဒီနှစ်ဟာ ကျွန်မအတွက် အောင်မြင်မှုတွေ အများကြီးနဲ့ပြည့်နေပါတယ်။ ပြီးတော့ ကျွန်မ ရရှိခဲ့တဲ့ချစ်ခြင်းမေတ္တာတွေအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ OA လို့ခေါ်တဲ့ ကုမ္ပဏီ တစ်ခု နဲ့ ၂ဝ၂၄ ခုနှစ်မှာ တစ်ကိုယ်တော်ခရီးကို စတင်ဖို့အတွက် ဖြစ်လာမယ့်အရာတွေကိုလည်း ကျွန်မ တွေးနေပါတယ်။ OA ကုမ္ပဏီနဲ့စတင်မယ့် ကျွန်မရဲ့တစ်ကိုယ်တော်ခရီးအတွက် ချစ်ခြင်းမေတ္တာတွေ ပြသပေးကြပါဦး။ အားလုံးကို ကျေးဇူးတင်ပါတယ်" ဟု ရေးသားထားသည်။
OA ကုမ္ပဏီ၏ အင်စတာဂရမ်အကောင့်သည် ဖော်လိုဝါ(၈)သိန်းခွဲခန့်ရှိနေကြောင်း သိရသည်။ ဂျင်းနီသည် ဖော်လိုဝါ(၈)သိန်းခွဲခန့်ရှိသော OA ကုမ္ပဏီ၏ အင်စတာဂရမ်အကောင့်အသစ်ကို tag တွဲကာ အဖြူအမည်းဖြင့် ရိုက်ထားသော ၎င်း၏ဓါတ်ပုံကို တင်ခဲ့သည်။ OA ကုမ္ပဏီ၏ ပေ့ချ်တွင် ၎င်း၏ မစ်ရှင်များကို အတိုချုံးရှင်းပြထား သည့်စာတန်းပါရှိသော ဓါတ်ပုံနှစ်ပုံတင်ထားကြောင်းလည်း သိရသည်။
"OD ATELIER ရဲ့အတိုကောက်ဖြစ်တဲ့ OA ဟာ ပုံမှန် ဒါမှမဟုတ် မျှော်လင့်ထားတာနဲ့မတူတဲ့ပုံစံနဲ့ ဆွဲဆောင်မှုရှိတဲ့ အရာတွေကို ဖန်တီးဖို့ ရည်ရွယ်ထားတဲ့နေရာတစ်ခုဖြစ်ပါတယ်" ဟု ဂျင်းနီက ပြောခဲ့သည်။
ထို့အပြင် အနက်ရောင် hoodies ပေါ်တွင် အလှဆင်ထားသော OA ကုမ္ပဏီ၏ logo ပုံကို ဂျင်းနီက ပြသခဲ့သည်။ သို့သော်လည်း အဆိုပါစွန့်စားမှုအသစ်အတွက် နောက်ထပ်အစီအစဉ်အသစ်များကို ဂျင်းနီက အသေးစိတ် ထုတ်ဖော်ပြောခဲ့ခြင်းမျိုး မရှိခဲ့ကြောင်းလည်း သိရသည်။
ဂျင်းနီသည် ၂ဝ၂၃ ခုနှစ်တွင် ကိုယ်ပိုင်အောင်မြင်မှုများရရှိခဲ့ကြောင်းလည်း သိရသည်။ ထို့အပြင် ဂျင်းနီသည် ကာလရှည်ကြာစောင့်ဆိုင်းခဲ့သော တစ်ကိုယ်တော်သီချင်းများအပြင် HBO ဒရမ်မာစီးရီး The Idol တွင် သရုပ်ဆောင်အဖြစ် ပထမဆုံးပါဝင်ခဲ့ပြီး The Order of the British Empire ၏ ဂုဏ်ထူးဆောင်အဖွဲ့ဝင်အဖြစ် သတ်မှတ်ခံခဲ့ရကြောင်းလည်း သိရသည်။

Zawgyi Version;
BLACKPINK အဖြဲ႕ဝင္ ဂ်င္းနီ တစ္ကိုယ္ေတာ္ခရီး စတင္ဖို႔ လုပ္ေဆာင္ေန
Pika (NP News) - ဒီဇင္ဘာ ၂၅
BLACKPINK အဖြဲ႕ဝင္ ဂ်င္းနီက ၎သည္ OA အမည္ရွိ တံဆိပ္အသစ္တစ္ခု ႏွင့္ ကုမၸဏီကို စတင္တည္ေထာင္ ေတာ့မည္ျဖစ္ေၾကာင္း ဒီဇင္ဘာလ(၂၄)ရက္တြင္ ေဖာ္လိုဝါ(၈၃)သန္းနီးပါးရွိသည့္ ၎၏ အင္စတာဂရမ္အေကာင့္ မွာ ပို႔စ္တစ္ခုတင္ခဲ့ကာ ေၾကညာခဲ့ေၾကာင္း သိရသည္။
အဆိုပါပို႔စ္တြင္ "ကြၽန္မက ဂ်င္းနီပါ။ ဒီႏွစ္ဟာ ကြၽန္မအတြက္ ေအာင္ျမင္မႈေတြ အမ်ားႀကီးနဲ႔ျပည့္ေနပါတယ္။ ၿပီးေတာ့ ကြၽန္မ ရရွိခဲ့တဲ့ခ်စ္ျခင္းေမတၱာေတြအတြက္ အားလုံးကို ေက်းဇူးတင္ပါတယ္။ OA လို႔ေခၚတဲ့ ကုမၸဏီ တစ္ခု နဲ႔ ၂ဝ၂၄ ခုႏွစ္မွာ တစ္ကိုယ္ေတာ္ခရီးကို စတင္ဖို႔အတြက္ ျဖစ္လာမယ့္အရာေတြကိုလည္း ကြၽန္မ ေတြးေနပါတယ္။ OA ကုမၸဏီနဲ႔စတင္မယ့္ ကြၽန္မရဲ႕တစ္ကိုယ္ေတာ္ခရီးအတြက္ ခ်စ္ျခင္းေမတၱာေတြ ျပသေပးၾကပါဦး။ အားလုံးကို ေက်းဇူးတင္ပါတယ္" ဟု ေရးသားထားသည္။
OA ကုမၸဏီ၏ အင္စတာဂရမ္အေကာင့္သည္ ေဖာ္လိုဝါ(၈)သိန္းခြဲခန႔္ရွိေနေၾကာင္း သိရသည္။ ဂ်င္းနီသည္ ေဖာ္လိုဝါ(၈)သိန္းခြဲခန႔္ရွိေသာ OA ကုမၸဏီ၏ အင္စတာဂရမ္အေကာင့္အသစ္ကို tag တြဲကာ အျဖဴအမည္းျဖင့္ ႐ိုက္ထားေသာ ၎၏ဓါတ္ပုံကို တင္ခဲ့သည္။ OA ကုမၸဏီ၏ ေပ့ခ်္တြင္ ၎၏ မစ္ရွင္မ်ားကို အတိုခ်ဳံးရွင္းျပထား သည့္စာတန္းပါရွိေသာ ဓါတ္ပုံႏွစ္ပုံတင္ထားေၾကာင္းလည္း သိရသည္။
"OD ATELIER ရဲ႕အတိုေကာက္ျဖစ္တဲ့ OA ဟာ ပုံမွန္ ဒါမွမဟုတ္ ေမွ်ာ္လင့္ထားတာနဲ႔မတူတဲ့ပုံစံနဲ႔ ဆြဲေဆာင္မႈရွိတဲ့ အရာေတြကို ဖန္တီးဖို႔ ရည္႐ြယ္ထားတဲ့ေနရာတစ္ခုျဖစ္ပါတယ္" ဟု ဂ်င္းနီက ေျပာခဲ့သည္။
ထို႔အျပင္ အနက္ေရာင္ hoodies ေပၚတြင္ အလွဆင္ထားေသာ OA ကုမၸဏီ၏ logo ပုံကို ဂ်င္းနီက ျပသခဲ့သည္။ သို႔ေသာ္လည္း အဆိုပါစြန႔္စားမႈအသစ္အတြက္ ေနာက္ထပ္အစီအစဥ္အသစ္မ်ားကို ဂ်င္းနီက အေသးစိတ္ ထုတ္ေဖာ္ေျပာခဲ့ျခင္းမ်ိဳး မရွိခဲ့ေၾကာင္းလည္း သိရသည္။
ဂ်င္းနီသည္ ၂ဝ၂၃ ခုႏွစ္တြင္ ကိုယ္ပိုင္ေအာင္ျမင္မႈမ်ားရရွိခဲ့ေၾကာင္းလည္း သိရသည္။ ထို႔အျပင္ ဂ်င္းနီသည္ ကာလရွည္ၾကာေစာင့္ဆိုင္းခဲ့ေသာ တစ္ကိုယ္ေတာ္သီခ်င္းမ်ားအျပင္ HBO ဒရမ္မာစီးရီး The Idol တြင္ သ႐ုပ္ေဆာင္အျဖစ္ ပထမဆုံးပါဝင္ခဲ့ၿပီး The Order of the British Empire ၏ ဂုဏ္ထူးေဆာင္အဖြဲ႕ဝင္အျဖစ္ သတ္မွတ္ခံခဲ့ရေၾကာင္းလည္း သိရသည္။