မလေးရှားနိုင်ငံအတွင်းခိုးဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၉)ဦးကို မလေးရှားစစ်တပ် ဖမ်းဆီး

4134

ကျော် (NP News) - ဒီဇင်ဘာ ၂၇
ထိုင်း-မလေးရှားနယ်စပ် မလေးရှားနိုင်ငံ၊ ဘူကစ်ကာယူစတန်မြို့အနီးတွင် မလေးရှားနိုင်ငံအတွင်းသို့ ခိုးဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၉)ဦးအား ယမန်နေ့ ဒီဇင်ဘာ ၂၆ ရက်နံနက်ပိုင်းတွင် မလေးရှားစစ်တပ်မှ ဖမ်းဆီးခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအား ကူညီပေးနေသူများထံမှ သိရသည်။
ယမန်နေ့နံနက် ၈ နာရီခန့်က ထိုင်း-မလေးရှားနယ်စပ် ဘူကစ်ကာယူစတန်မြို့အနီးရှိ ရော်ဘာခြံအတွင်း၌ နိုင်ငံခြားသားများရောက်ရှိနေကြောင်း သတင်းအရ မလေးရှားစစ်တပ်မှတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေရာ ရော်ဘာခြံအတွင်းမှ အမျိုးသား(၅)ဦး နှင့် အမျိုးသမီး(၄)ဦးတို့အား တွေ့ရှိရသဖြင့် စစ်ဆေးရာ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသားများဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။
"မြန်မာ (၉) ယောက် မလေးနယ်စပ်မှာ ပြောရရင်တော့ မလေးအပိုင်မှာ အဖမ်းခံထားရတယ်ဆိုတာ သိထားတယ်။ ကျွန်တော်တို့က ထိုင်းဘက်က ကိစ္စတွေကိုပဲ အဓိကထားကူညီပေးတာဖြစ်တာဖြစ်တဲ့အတွက် မလေးဘက်က ဖြစ်စဥ်တွေကို အဲဒီကအဖွဲ့တွေက လိုက်လုပ်ပေးပါလိမ့်မယ်။ ကျွန်တော်သိရသလောက်ဆိုရင် သူတို့တွေက မြန်မာ နိုင်ငံဘက်ကနေ ထိုင်းဘက်ကို ခိုးဝင်တယ်။ ထိုင်းကနေမှတဆင့် မလေးဘက်ကိုထပ်ပြီး ခိုးဝင်သွားကြတာပါ။ လူငယ်လေးတွေကြီးပဲ" ဟု မြန်မာအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသည့် ကိုကျော်ကျော် က ပြောသည်။
ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသား(၉)ဦးအား မလေးရှားနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူနိုင်ရန် မလေးရှားစစ်တပ်က ဘူကစ်ကာယူစတန်ရဲစခန်းသို့ လွှဲပြောင်းအပ်နှံပေးခဲ့ကြပြီး ထပ်မံဝင်ရောက်လာသူများ မရှိစေရေးအတွက် စစ်ဆေးရေးလုပ်ငန်းများအား တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
"အဓိကပြောလိုတာက ပွဲစားတွေစကားကိုနားမယောင်ဖို့ပဲ ပွဲစားတွေကတော့ သူတို့ပိုက်ဆံရဖို့အတွက် ဟုတ်ဟုတ်/မဟုတ်ဟုတ် ပြောမှာပဲလေ။ တကယ်တမ်း အခုလိုအဖမ်းခံရပြီဆိုရင် ကိုယ်တစ်ယောက်တည်း ဒုက္ခရောက်တာ မဟုတ်ဘူး နောက်မှာကျန်ခဲ့တဲ့မိသားစုဝင်တွေပါ ဒုက္ခရောက်ရတယ်။ တရားဝင်လမ်းကြောင်းက သွားရင် ကုန်ကျစရိတ်က တရားမဝင်သွားတဲ့ကုန်ကျစရိတ်ထက် သက်သာပေမယ့် အလုပ်သမားအခွင့်အရေး အပြည့်အဝ ရတယ်။ တရားမဝင်ဝင်လာတဲ့လူကြ တရားမဝင်တဲ့အတွက် အခွင့်အရေးအပြည့်အဝ မရဘူး။ ဒါ့ကြောင့် ကျွန်တော်တို့နိုင်ငံသားတွေကို ဘယ်နိုင်ငံပဲသွားသွား တရားဝင်သွားစေချင်တယ်။ ပွဲစားတွေစကားကို နားမယောင်စေချင်ဘူး" ဟု မြန်မာအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသည့် ကိုကျော်ကျော် က ပြောသည်။
မြန်မာနိုင်ငံ၌ ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ကာဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအခြေအနေများကြောင့် နိုင်ငံ့ စီးပွားရေးကျဆင်း၍ အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါးလာသဖြင့် လူငယ်အများစုမှာ တရားဝင်နည်းလမ်း ဖြင့် နိုင်ငံရပ်ခြားသို့ ထွက်ခွာအလုပ်လုပ်ကိုင်သူများရှိသကဲ့သို့ တရားမဝင်နည်းလမ်းဖြင့်သွားလာကာ လုပ်ကိုင်နေ သူများလည်းရှိနေကြောင်း သိရသည်။

Zawgyi Version;
မေလးရွားႏိုင္ငံအတြင္းခိုးဝင္ခဲ့သည့္ ျမန္မာႏိုင္ငံသား(၉)ဦးကို မေလးရွားစစ္တပ္ ဖမ္းဆီး
ေက်ာ္ (NP News) - ဒီဇင္ဘာ ၂၇
ထိုင္း-မေလးရွားနယ္စပ္ မေလးရွားႏိုင္ငံ၊ ဘူကစ္ကာယူစတန္ၿမိဳ႕အနီးတြင္ မေလးရွားႏိုင္ငံအတြင္းသို႔ ခိုးဝင္ခဲ့သည့္ ျမန္မာႏိုင္ငံသား(၉)ဦးအား ယမန္ေန႔ ဒီဇင္ဘာ ၂၆ ရက္နံနက္ပိုင္းတြင္ မေလးရွားစစ္တပ္မွ ဖမ္းဆီးခဲ့ေၾကာင္း ထိုင္းႏိုင္ငံေရာက္ ျမန္မာအလုပ္သမားမ်ားအား ကူညီေပးေနသူမ်ားထံမွ သိရသည္။
ယမန္ေန႔နံနက္ ၈ နာရီခန္႔က ထိုင္း-မေလးရွားနယ္စပ္ ဘူကစ္ကာယူစတန္ၿမိဳ႕အနီးရွိ ေရာ္ဘာၿခံအတြင္း၌ ႏိုင္ငံျခားသားမ်ားေရာက္ရွိေနေၾကာင္း သတင္းအရ မေလးရွားစစ္တပ္မွတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္ရွာေဖြရာ ေရာ္ဘာၿခံအတြင္းမွ အမ်ိဳးသား(၅)ဦး ႏွင့္ အမ်ိဳးသမီး(၄)ဦးတို႔အား ေတြ႕ရွိရသျဖင့္ စစ္ေဆးရာ တရားမဝင္ ဝင္ေရာက္လာေသာ ျမန္မာႏိုင္ငံသားမ်ားျဖစ္ေၾကာင္း ေဖာ္ထုတ္သိရွိခဲ့ရသည္။
"ျမန္မာ (၉) ေယာက္ မေလးနယ္စပ္မွာ ေျပာရရင္ေတာ့ မေလးအပိုင္မွာ အဖမ္းခံထားရတယ္ဆိုတာ သိထားတယ္။ ကြၽန္ေတာ္တို႔က ထိုင္းဘက္က ကိစၥေတြကိုပဲ အဓိကထားကူညီေပးတာျဖစ္တာျဖစ္တဲ့အတြက္ မေလးဘက္က ျဖစ္စဥ္ေတြကို အဲဒီကအဖြဲ႕ေတြက လိုက္လုပ္ေပးပါလိမ့္မယ္။ ကြၽန္ေတာ္သိရသေလာက္ဆိုရင္ သူတို႔ေတြက ျမန္မာ ႏိုင္ငံဘက္ကေန ထိုင္းဘက္ကို ခိုးဝင္တယ္။ ထိုင္းကေနမွတဆင့္ မေလးဘက္ကိုထပ္ၿပီး ခိုးဝင္သြားၾကတာပါ။ လူငယ္ေလးေတြႀကီးပဲ" ဟု ျမန္မာအလုပ္သမားမ်ားအေရး ကူညီေဆာင္႐ြက္ေပးေနသည့္ ကိုေက်ာ္ေက်ာ္ က ေျပာသည္။
ဖမ္းဆီးရမိခဲ့သည့္ ျမန္မာႏိုင္ငံသား(၉)ဦးအား မေလးရွားႏိုင္ငံ၏ လူဝင္မႈႀကီးၾကပ္ေရးဥပေဒအရ အေရးယူႏိုင္ရန္ မေလးရွားစစ္တပ္က ဘူကစ္ကာယူစတန္ရဲစခန္းသို႔ လႊဲေျပာင္းအပ္ႏွံေပးခဲ့ၾကၿပီး ထပ္မံဝင္ေရာက္လာသူမ်ား မရွိေစေရးအတြက္ စစ္ေဆးေရးလုပ္ငန္းမ်ားအား တိုးျမႇင့္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။
"အဓိကေျပာလိုတာက ပြဲစားေတြစကားကိုနားမေယာင္ဖို႔ပဲ ပြဲစားေတြကေတာ့ သူတို႔ပိုက္ဆံရဖို႔အတြက္ ဟုတ္ဟုတ္/မဟုတ္ဟုတ္ ေျပာမွာပဲေလ။ တကယ္တမ္း အခုလိုအဖမ္းခံရၿပီဆိုရင္ ကိုယ္တစ္ေယာက္တည္း ဒုကၡေရာက္တာ မဟုတ္ဘူး ေနာက္မွာက်န္ခဲ့တဲ့မိသားစုဝင္ေတြပါ ဒုကၡေရာက္ရတယ္။ တရားဝင္လမ္းေၾကာင္းက သြားရင္ ကုန္က်စရိတ္က တရားမဝင္သြားတဲ့ကုန္က်စရိတ္ထက္ သက္သာေပမယ့္ အလုပ္သမားအခြင့္အေရး အျပည့္အဝ ရတယ္။ တရားမဝင္ဝင္လာတဲ့လူၾက တရားမဝင္တဲ့အတြက္ အခြင့္အေရးအျပည့္အဝ မရဘူး။ ဒါ့ေၾကာင့္ ကြၽန္ေတာ္တို႔ႏိုင္ငံသားေတြကို ဘယ္ႏိုင္ငံပဲသြားသြား တရားဝင္သြားေစခ်င္တယ္။ ပြဲစားေတြစကားကို နားမေယာင္ေစခ်င္ဘူး" ဟု ျမန္မာအလုပ္သမားမ်ားအေရး ကူညီေဆာင္႐ြက္ေပးေနသည့္ ကိုေက်ာ္ေက်ာ္ က ေျပာသည္။
ျမန္မာႏိုင္ငံ၌ ၂ဝ၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွစတင္ကာျဖစ္ေပၚခဲ့သည့္ ႏိုင္ငံေရးအေျခအေနမ်ားေၾကာင့္ ႏိုင္ငံ့ စီးပြားေရးက်ဆင္း၍ အလုပ္အကိုင္အခြင့္အလမ္းမ်ား နည္းပါးလာသျဖင့္ လူငယ္အမ်ားစုမွာ တရားဝင္နည္းလမ္း ျဖင့္ ႏိုင္ငံရပ္ျခားသို႔ ထြက္ခြာအလုပ္လုပ္ကိုင္သူမ်ားရွိသကဲ့သို႔ တရားမဝင္နည္းလမ္းျဖင့္သြားလာကာ လုပ္ကိုင္ေန သူမ်ားလည္းရွိေနေၾကာင္း သိရသည္။