၂၀၂၃ ခုနှစ် အကယ်ဒမီဆုပေးပွဲကို လာမည့်ဖေဖော်ဝါရီလ ပထမပတ်အတွင်း ကျင်းပနိုင်ရန်လျာထား

 2711

ပုံစာ -၂ဝ၂၃ ခုနှစ်၊ မေလ(၆)ရက်ကကျင်းပခဲ့သည့် အကယ်ဒမီပေးပွဲ

ယွန်း (NP News) - ဒီဇင်ဘာ ၂၇

၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို လာမည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်အတွင်းကျင်းပနိုင်ရန် လျာထားကြောင်း ရွှေကြိုရွေးချယ်ရေးအဖွဲ့ထံမှ သိရသည်။

ယခုနှစ် အကယ်ဒမီဆုပေးပွဲကို နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“ရွှေကြိုအနေနဲ့ကတော့ (၅၆)ဦးထဲကနေ ယောင်္ကျားလေး(၁၀)ယောက်နဲ့ မိန်းက‌လေး(၁၀)ယောက်ရွေးသွားမှာပါ။ အကယ်ဒမီပေးပွဲကို တော့ ဖေဖော်ဝါရီ(၃)ရက်နေ့လောက် လုပ်ဖြစ်မယ်တော့ ယာယီလျာထားတာပေါ့။ နေပြည်တော်မှာပဲ ကျင်းပမှာပါ။ အရင်နေရာလို လဟာပြင်မှာမဟုတ်ဘူးတော့ဘူး မိုးလုံလေလုံပဲ။ နေရာအပြောင်းအလဲတော့ရှိတယ်” ဟု‌ ရွှေကြိုရွေးချယ်ရေးအဖွဲ့မှ တာဝန်ရှိသူ သရုပ်ဆောင် ခန့်စည်သူက NP News ကိုပြောသည်။

၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက် ပဏာမရွေးချယ်ခံရသည့် ရွှေကြိုမောင်မယ် (၁၀၀)နီးပါးရှိပြီး ရွှေကြိုရွေးချယ်ရေးအဖွဲ့က ရွှေကြိုမောင်မယ်(၉၇)ဦးကို ပဏာမရွေးချယ်ခဲ့ကြောင်း သိရသည်။

အဆိုပါ(၉၇)ဦးအနက်မှ ဒုတိယအဆင့်ရွှေကြိုရွေးချယ်ခြင်းကို ပြီးခဲ့သည့် ဒီဇင်ဘာလ(၂၄)ရက်တွင် ကျင်းပခဲ့ပြီး ရွှေကြိုမောင်မယ်(၅၆)ဦးကိုရွေးချယ်ခဲ့ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ အချက်အလက်များအရ သိရသည်။

အဆိုပါ အမျိုးသား(၂၄)ဦးနှင့် အမျိုးသမီး(၃၂)ဦး စုစုပေါင်း(၅၆)ဦးအား နောက်ဆုံးအဆင့်ယှဥ်ပြိုင်မှုကို မနက်ဖြန်(ဒီဇင်ဘာလ ၂၈ ရက်) တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် ကျင်းပသွားမည်ဖြစ်သည်။

၎င်းတို့အနက်မှ ရွှေကြိုမောင်မယ် အမျိုးသား(၁၀)ဦးနှင့် အမျိုးသမီး(၁၀)ဦး စုစုပေါင်း(၂၀)ဦးကို ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရွှေကြိုမောင်မယ်များကို ရွှေကြိုရွေးချယ်ရေးအဖွဲ့ဝင်များဖြစ်သည့် အကယ်ဒမီ ရန်အောင်၊ အကယ် ဒမီ ရဲအောင်၊ အကယ်ဒမီ ခန့်စည်သူ၊ အကယ်ဒမီအောင်ခိုင်၊ အကယ်ဒမီ မေသန်းနု နှင့် အကယ်ဒမီ စိုးမြတ်သူဇာတို့က အကဲဖြတ်‌ရွေးချယ်ပေးနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ်၊ မေလ(၆)ရက်ကလည်း ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ခုနှစ်၊ ၂၀၂၂ ခုနှစ်တို့အတွက် (၃)နှစ်စာ အကယ်ဒမီဆုပေးပွဲကို နေပြည်တော်၌ ကျင်းပခဲ့သည်။

zawgyi version
၂၀၂၃ ခုႏွစ္ အကယ္ဒမီဆုေပးပြဲကို လာမည့္ေဖေဖာ္ဝါရီလ ပထမပတ္အတြင္း က်င္းပႏိုင္ရန္လ်ာထား

ယြန္း (NP News) - ဒီဇင္ဘာ ၂၇

၂၀၂၃ ခုႏွစ္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲကို လာမည့္ ၂၀၂၄ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ပထမပတ္အတြင္းက်င္းပႏိုင္ရန္ လ်ာထားေၾကာင္း ေ႐ႊႀကိဳေ႐ြးခ်ယ္ေရးအဖြဲ႕ထံမွ သိရသည္။

ယခုႏွစ္ အကယ္ဒမီဆုေပးပြဲကို ေနျပည္ေတာ္တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ေ႐ႊႀကိဳအေနနဲ႔ကေတာ့ (၅၆)ဦးထဲကေန ေယာက်ၤားေလး(၁၀)ေယာက္နဲ႔ မိန္းက‌ေလး(၁၀)ေယာက္ေ႐ြးသြားမွာပါ။ အကယ္ဒမီေပးပြဲကို ေတာ့ ေဖေဖာ္ဝါရီ(၃)ရက္ေန႔ေလာက္ လုပ္ျဖစ္မယ္ေတာ့ ယာယီလ်ာထားတာေပါ့။ ေနျပည္ေတာ္မွာပဲ က်င္းပမွာပါ။ အရင္ေနရာလို လဟာျပင္မွာမဟုတ္ဘူးေတာ့ဘူး မိုးလုံေလလုံပဲ။ ေနရာအေျပာင္းအလဲေတာ့ရွိတယ္” ဟု‌ ေ႐ႊႀကိဳေ႐ြးခ်ယ္ေရးအဖြဲ႕မွ တာဝန္ရွိသူ သ႐ုပ္ေဆာင္ ခန႔္စည္သူက NP News ကိုေျပာသည္။

၂၀၂၃ ခုႏွစ္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲအတြက္ ပဏာမေ႐ြးခ်ယ္ခံရသည့္ ေ႐ႊႀကိဳေမာင္မယ္ (၁၀၀)နီးပါးရွိၿပီး ေ႐ႊႀကိဳေ႐ြးခ်ယ္ေရးအဖြဲ႕က ေ႐ႊႀကိဳေမာင္မယ္(၉၇)ဦးကို ပဏာမေ႐ြးခ်ယ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ(၉၇)ဦးအနက္မွ ဒုတိယအဆင့္ေ႐ႊႀကိဳေ႐ြးခ်ယ္ျခင္းကို ၿပီးခဲ့သည့္ ဒီဇင္ဘာလ(၂၄)ရက္တြင္ က်င္းပခဲ့ၿပီး ေ႐ႊႀကိဳေမာင္မယ္(၅၆)ဦးကိုေ႐ြးခ်ယ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး၏ အခ်က္အလက္မ်ားအရ သိရသည္။

အဆိုပါ အမ်ိဳးသား(၂၄)ဦးႏွင့္ အမ်ိဳးသမီး(၃၂)ဦး စုစုေပါင္း(၅၆)ဦးအား ေနာက္ဆုံးအဆင့္ယွဥ္ၿပိဳင္မႈကို မနက္ျဖန္(ဒီဇင္ဘာလ ၂၈ ရက္) တြင္ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးတြင္ က်င္းပသြားမည္ျဖစ္သည္။

၎တို႔အနက္မွ ေ႐ႊႀကိဳေမာင္မယ္ အမ်ိဳးသား(၁၀)ဦးႏွင့္ အမ်ိဳးသမီး(၁၀)ဦး စုစုေပါင္း(၂၀)ဦးကို ေ႐ြးခ်ယ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေ႐ႊႀကိဳေမာင္မယ္မ်ားကို ေ႐ႊႀကိဳေ႐ြးခ်ယ္ေရးအဖြဲ႕ဝင္မ်ားျဖစ္သည့္ အကယ္ဒမီ ရန္ေအာင္၊ အကယ္ ဒမီ ရဲေအာင္၊ အကယ္ဒမီ ခန႔္စည္သူ၊ အကယ္ဒမီေအာင္ခိုင္၊ အကယ္ဒမီ ေမသန္းႏု ႏွင့္ အကယ္ဒမီ စိုးျမတ္သူဇာတို႔က အကဲျဖတ္‌ေ႐ြးခ်ယ္ေပးေနျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ ၂ဝ၂၃ ခုႏွစ္၊ ေမလ(၆)ရက္ကလည္း ၂၀၁၉ ခုႏွစ္၊ ၂၀၂၀ ခုႏွစ္၊ ၂၀၂၂ ခုႏွစ္တို႔အတြက္ (၃)ႏွစ္စာ အကယ္ဒမီဆုေပးပြဲကို ေနျပည္ေတာ္၌ က်င္းပခဲ့သည္။

Related news

© 2021. All rights reserved.