အနုပညာရပ်ဝန်းက တပတ်အတွင်း လှုပ်လှုပ်ခတ်ခတ်သတင်းများ

 3102

အိဖြူသိမ့် (NP News) - ဒီဇင်ဘာ ၂၈

“ဝေဠုကျော်ကတော့ လုပ်ချလိုက်ပြန်ပါပြီ”
ဒီတပတ် အနုပညာရပ်ဝန်းထဲက လှုပ်လှုပ်ခတ်ခတ်သတင်းတွေမှာ ဝေဠုကျော် ငွေကြေးလိမ်လည်မှုနဲ့ တရားစွဲခံ လိုက်ရတဲ့သတင်းဟာ ဖေ့ဘွတ်လူမှုကွန်ရက်ပေါ်မှာ လူပြောသူပြောအလွန်များနေပြီး ဝေဠုကျော်ကတော့ ဝေဖန်မှုတွေခံနေရတာပါ။ ဝေဠုကျော်ရဲ့ဖြစ်စဥ်ကို ကြည့်ရပုံအရ ငွေကြေး အပေးအယူကိစ္စတွေကနေ စတင်တဲ့ ရှုပ်ထွေးမှုဖြစ်တဲ့အပြင် ဝေဠုကျော်က တဖက်လူရဲ့ယုံကြည်မှုအပေါ် အလွဲသုံးစားလုပ်ခဲ့ပုံပေါ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ဝ ရက်က ဒေါ်ဆွေဆွေသင်းအမည်ရှိ အမျိုးသမီးကြီးတစ်ဦးက မီဒီယာတစ်ခုနဲ့ အင်တာဗျူး ဖြေခဲ့ပြီး အဲဒီရုပ်သံထဲမှာ ၄င်းထံက သရုပ်ဆောင်ဝေဠုကျော်ဟာ အမေရိကန်ဒေါ်လာတစ်သိန်းကျော် (လက်ရှိ မြန်မာငွေကျပ် သိန်းငါးထောင်) နဲ့ ညီမျှတဲ့ပိုက်ဆံကို ချေးယူထားပြီး ပြန်မဆပ်တဲ့အတွက် တရားစွဲဆိုထားကြောင်း ကို လူသိရှင်ကြား ထုတ်ဖော်ပြောခဲ့တာဖြစ်ပါတယ်။

ဒေါ်ဆွေဆွေသင်းက ဝေဠုကျော်ကို အမှု ၃ မှုနဲ့ တရားစွဲထားတာဖြစ်ပြီး၊ ၄င်းဆီက ချေးယူထားတဲ့ ငွေကျပ်သိန်း ငါးထောင်ကို ပြန်မဆပ်တာကြောင့် တရားစွဲဆိုခြင်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အဆိုပါရုပ်သံဟာ နာရီပိုင်း အတွင်းမှာတင် ကြည့်ရှုသူများပြားခဲ့ပြီး ဝေဠုကျော်အပေါ် ရုပ်သံကြည့်ရှုခဲ့သူအများစုက ဝေဖန်ပြောဆိုခဲ့တာပါ။

“ဝေဠုကျော်က မင်းသားဖြစ်တဲ့အပြင် ပရဟိတလုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်နေသူဖြစ်တာကြောင့် ယုံကြည် ပြီး ၂ဝ၁၉ ခုနှစ်က ‌‌ဝေဠုကျော်ဖောင်ဒေးရှင်းသို့ ငွေကျပ် သိန်းတစ်ထောင်ကျော် လှူဒါန်းခဲ့တယ်” လို့ ဒေါ်ဆွေဆွေ သင်းက ပြောခဲ့ပါတယ်။ ဒါ့အပြင် ဖောင်ဒေးရှင်းကိုလှူဒါန်းတဲ့ ငွေနဲ့မသက်ဆိုင်ဘဲ ဒေါ်ဆွေဆွေသင်းက ဝေဠုကျော် နဲ့ခင်မင်မှု ၃ နှစ်တာ ကာလအတွင်းမှာ ‌ဝေဠုကျော်ဘက်က ၄င်းရဲ့ကိုယ်ရေးကိုယ်တာအတွက်လို့ဆိုကာ ငွေချေးယူ ခဲ့မှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ ဝေဠုကျော် ချေးယူခဲ့တဲ့ငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၁ သိန်းကျော် (လက်ရှိ ပေါက်စျေးအရ မြန်မာငွေ သိန်းငါးထောင် ကျော်) ချေးထားတယ်လို့ မီဒီယာကနေတဆင့် ထုတ်ဖော် ပြောခဲ့တာပါ။

ဒေါ်ဆွေဆွေသင်း မီဒီယာကနေ တရားဝင်ထုတ်ပြောတဲ့ ရုပ်သံပျံ့နှံ့သွားပြီး နောက်တစ်နေ့ ဒီဇင်ဘာလ ၂၁ ရက် ညပိုင်းမှာတော့ ဝေဠုကျော်ဘက်ကလည်း မီဒီယာတစ်ခုနဲ့ တရားရုံးက ဆင့်ခေါ်ထားတဲ့စာရွက်စာတမ်းတွေကို ထုတ်ဖော်ပြသကာ ဒေါ်ဆွေဆွေသင်းနဲ့ဖြစ်ပျက်ခဲ့တဲ့ဖြစ်စဥ်တွေကို ပြောပြလာတာရှိပါတယ်။

ဝေဠုကျော် ပြန်ဖြေရှင်းတဲ့ရုပ်သံ ထွက်ပေါ်လာချိန်မှာတော့ ဝေဠုကျော်ဟာ လူအများရဲ့ဆဲဆိုခြင်းကို ပိုမိုခံခဲ့ရတာကိုတော့ စာရေးသူလည်း သတိထားမိခဲ့ပါတယ်။ ဘာ့ကြောင့်လဲဆိုရင် သူ့ဘက်က ဘယ်လိုပဲဖြေရှင်း နေပါစေ၊ ငွေချေးငှားပြီး အချိန်မီပြန်မဆပ်ခဲ့တာကတော့ အမှန်ဖြစ်ခဲ့တာပါ။

ဒါပေမယ့် ပြဿနာဆိုတာ တဖက်စကားပဲနားထောင်ပေးလို့မရတဲ့အတွက် ဝေဠုကျော်ရဲ့ဖြေရှင်းမှုကိုပဲ လည်း ကြည့်လိုက်ရအောင် “ဒေါ်ဆွေဆွေသင်းက ဝေဠုကျော်ဖောင်ဒေးရှင်းအတွက် အလှူငွေ လှူဒါန်းခဲ့ဖူးတာ မှန်ကန် ကြောင်း၊ ၄င်းအနေနဲ့ကလည်း ငွေကြေး အနည်းငယ် ချေးယူမှုတော့ ရှိခဲ့ဖူးကြောင်း၊ သို့သော် စာချုပ်စာတမ်းတွေနဲ့ လုပ်ဆောင်ခဲ့ခြင်းမျိုးမဟုတ်ခဲ့ဘဲ ခင်မင်မှုသဘောအရ ချေးငှားခဲ့တာဖြစ်ကြောင်း၊ ဒေါ်ဆွေဆွေသင်းဘက်က ငွေပြန်ဆပ်ဖို့ အကြောင်းကြား (နို့တစ်စာ) ပို့တဲ့အချိန်မှာ အဆိုပါစာထဲပါခဲ့တဲ့ သိန်းထောင့်ကိုးရာကျော်ကို နှစ်ဦးသား သဘောတူညီမှုတစ်ခုအရ မြေဂရံပေးခဲ့ဖူးကြောင်း၊ သို့သော် အကြွေးရှင်ဖြစ်တဲ့ ဒေါ်ဆွေဆွေသင်းက မြေဂရံကို လက်ခံမထားဘဲ ရောင်းပြီးရင်လာပေးဖို့ သဘောတူညီမှုရခဲ့ကြကြောင်း၊ မြေရောင်းရချိန်က ကြာမြင့် သွားခဲ့ကြောင်း၊ ငွေသား လက်ထဲရှိချိန်မှာ ပြန်လည်ပေးဆပ်ဖို့ ဒေါ်ဆွေဆွေသင်း နေထိုင်ရာနေရာသို့ သွားရောက် ပေးအပ်ခဲ့ကြောင်း၊ ဒါပေမယ့် ဒေါ်ဆွေဆွေသင်းက လက်ခံယူခဲ့ခြင်းမရှိဘဲ ထပ်မံ၍ ငွေကြေး အလွဲသုံးစားလုပ်တယ် ဆိုပြီး ထပ်တိုးတရားစွဲခဲ့ကြောင်း၊ ဝေဠုကျော်ဘက်က နှစ်ဦးသဘောတူညီထားတဲ့ ပေးဆပ်ရမယ့်ငွေကို အသင့်ပြင် ထားပြီးဖြစ်တာကြောင့် လက်ခံယူပေးဖို့ ဒေါ်ဆွေဆွေသင်းထံ အကြောင်းကြားစာ(နို့တစ်စာ) ပေးပို့ခဲ့ပေမယ့်လည်း ပြန်လည်အကြောင်းကြားခြင်းမရှိဘဲ ထပ်မံ၍ ငွေကြေးလိမ်လည်မှုနဲ့ ၁ မှု၊ နာမည်ဂုဏ်သိက္ခာကျဆင်းစေမှု၊ ထိခိုက် နစ်နာမှုနဲ့ နောက်ထပ် ၁ မှုဖြင့် တရားစွဲဆိုခဲ့ကြောင်း" စတဲ့ အချက်အလက်များကို ဝေဠုကျော်က ၄င်းထံရှိ တရားရုံး စာရွက်စာတမ်းများကို ထုတ်ဖော်ပြကာ ပြန်လည်ဖြေရှင်းခဲ့တာပါ။

ဝေဠုကျော်နဲ့ ဒေါ်ဆွေဆွေသင်းတို့ရဲ့ငွေကြေးအပေးအယူတွေဟာ အတော်ကို ရှုပ်ထွေးခဲ့ပုံပေါ်ပြီး ၂ဝ၂၁ ခုနှစ် ဧပြီလနောက်ပိုင်းကစတင်ကာ အဆင်မပြေမှုများစွာဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ဝေဠုကျော် အနေနဲ့က ဒေါ်ဆွေဆွေသင်းကို ကျပ်ငွေ သိန်းထောင့်ကိုးရာ ခုနှစ် ဆယ့် ခုနှစ်သိန်းကျော် (၁၉၇,၇၂၃, ၄၅၇) ကျပ် ပေးဖို့ရှိကြောင်းကို ဝန်ခံခဲ့ပြီး၊ အဆိုပါငွေကို မြေဂရံနှစ်ခု ရောင်းချကာ ပေးချေဖို့ လုပ်ဆောင်ခဲ့ကြောင်း မီဒီယာကတဆင့် ဝန်ခံထားပါတယ်။

‌ဝေဠုကျော်ဘက်ကလည်း ဒေါ်ဆွေဆွေသင်းဟာ အမေရိကန်နိုင်ငံသားအဖြစ် တရားဝင်ခံယူထားသူဖြစ်ပေမယ့် မြန်မာနိုင်ငံသားမှတ်ပုံတင်ကဒ်ကို ကိုင်ဆောင်ပြီး မြန်မာနိုင်ငံအတွင်းမှာ နေထိုင်နေကြောင်း၊ တရားရုံးမှာ ကျမ်းသစ္စာကျိန်ဆိုချိန် မြန်မာနိုင်ငံသားမှတ်ပုံတင်ကို အသုံးပြုထားကြောင်း လဝကထံသို့ တိုင်ကြားခဲ့ပါသေး တယ်။ အဲဒီလိုတိုင်ကြားခဲ့တာကို ဒေါ်ဆွေဆွေသင်းက မကျေနပ်တာကြောင့် နာမည် ဂုဏ်သိက္ခာကျဆင်းစေမှု၊ ထိခိုက်နစ်နာမှုဖြင့် တရားစွဲဆိုပြီး နစ်နာကြေးအဖြစ် သိန်းငါးထောင်ပေးရမယ်လို့ ပြောခဲ့တာမျိုးဖြစ်ကြောင်း၊ ဒေါ်ဆွေဆွေသင်းပြောခဲ့တဲ့ သိန်းငါးထောင် ချေးထားပြီး ပြန်မဆပ်ဘူးဆိုတာက လုံးဝ မဟုတ်ဘဲ ဒေါ်ဆွေဆွေသင်း ကို ပြန်လည်ပေးဆပ်ရမယ့် အမှန်တကယ်ချေးငွေက အလွဲသုံးစားလုပ်တယ်ဆိုပြီး တိုင်တဲ့အမှု ၁ မှုအတွက် သိန်း ၁၃ဝ၊ လိမ်လည်ရယူထားတယ်ဆိုပြီးစွပ်စွဲတဲ့အမှု ၁ မှုအတွက် သိန်း ၁၆ဝ၊ စုစုပေါင်း ငွေကျပ်သိန်း ၃ဝဝ သာ ပေးဆပ်ဖို့ရှိတာဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။

ဒေါ်ဆွေဆွေသင်းနဲ့ ‌ဝေဠုကျော်တို့ရဲ့စကားတွေအရ နှစ်ဖက်စလုံးက တစ်ခုခုကိုတော့ ဖုံးကွယ်ထားသေးတယ် ဆိုတာ စာဖတ်သူများ ဒီလောက်ဆို သတိထားမိမှာပါ။ ငွေကြေးကိစ္စဆိုတာ ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်လာ ပြီဆိုရင် မိသားစုဝင်အချင်းချင်းတောင် အလွန်ကို ဖြေရှင်းရခက်တဲ့ပြဿနာတစ်ရပ်ပါ။

ဝေဠုကျော်ဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ကလည်း မော်ဒယ်သင်းသင်းအပေါ် ကာမလိမ်လည်ရယူမှု ပုဒ်မ ၄၁၇ နဲ့ တရားစွဲဆိုခံခဲ့ရပြီး လက်ရှိအချိန်ထိ အမှုရင်ဆိုင်နေရသူဖြစ်ပါတယ်။ အဲဒီအမှုကလည်း လာမည့် ၂ဝ၂၄ ခုနှစ်ဆိုရင် ၅ နှစ်ပြည့်တော့မှာပါ။ ကာမလိမ်လည်မှုနဲ့တရားရင်ဆိုင်တာ မပြီးပြတ်သေးခင်မှာဘဲ နောက်ထပ် ငွေကြေး လိမ်လည်မှု အပါအဝင် အလွှဲသုံးစားလုပ်မှု၊ ဂုဏ်သိက္ခာကျဆင်းအောင်လုပ်ဆောင် စတဲ့အမှု သုံးမှုကိုပါ ထပ်မံ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ဝေဠုကျော်ကတော့ သူ့အနေနဲ့က ဒေါ်ဆွေဆွေသင်းနဲ့ ထပ်မံ ညှိနှိုင်းဖို့ မရှိတော့ဘဲ တရားရုံးမှာပဲ ဦးတိုက်ဖြေရှင်းသွားမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

သရုပ်ဆောင်‌ဝေဠုကျော်ကို ဒေါ်ဆွေဆွေသင်းက သင်္ကန်းကျွန်းမြို့နယ်တရားရုံးမှာ ရာဇဝတ်ကြီးအမှု အမှတ် (၅၉၄/၂ဝ၂၃)၊ ရာဇသတ်ကြီးပုဒ်မ ၄၁၇ နဲ့ ဦးတိုက်လျှောက်ထား တရားစွဲဆိုထားပြီး၊ နိုင်ငံခြားသားက နိုင်ငံသား မှတ်ပုံတင်ကဒ် လက်ဝယ်ကိုင်ဆောင်ထားတယ်လို့ဆိုကာ တိုင်ကြားထားတဲ့အတွက်ကြောင့်လို့ဆိုကာ ဂုဏ်သိက္ခာ ကျဆင်းမှု၊ စိတ်ဆင်းရဲရမှုအတွက် သင်္ကန်းကျွန်းခရိုင်တရားရုံးမှာ တရားမကြီးအမှု အမှတ်(၃၅၁/၂ဝ၂၃) နဲ့ အမှု ၁ မှု၊ ကမာရွတ်မြို့နယ်တရားရုံးမှာ ရာဇဝတ်ကြီးအမှုအမှတ် (၂၇၆/၂ဝ၂၃) ရာဇသတ်ကြီးပုဒ်မ ၄ဝ၆ အမှု ၁ မှု၊ စုစုပေါင်း အမှု ၃ မှုနဲ့ တရားစွဲဆိုထားခြင်းဖြစ်ပါတယ်။

လက်ရှိမှာတော့ သင်္ကန်းကျွန်းမြို့နယ်တရားရုံးအမှုကို တရားလိုဘက်ကို စတင်စစ်ဆေးနေဆဲဖြစ်ပြီး၊ ရုံးချိန်း ၄ ချိန်း ၅ ချိန်းထိ ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
စစ်ဆေးဆဲဖြစ်တာကြောင့် အမှုဟာ ထူးခြားမှုမရှိသေးပေမယ့် ပြစ်မှုထင်ရှားပါက ပုဒ်မ ၄၁၇ ရဲ့ပြဌာန်းချက်အရ ထောင်ဒဏ် ၃ နှစ်ကျခံရမှာဖြစ်တယ်လို့ သိရကာ ဒဏ်ကြေး၊ ငွေကြေး ပြန်ပေးခြင်း/မပေးခြင်းနဲ့ မသက်ဆိုင်ဘူးလို့ သိရပါတယ်။ လာမယ့်ရုံးချိန်းကိုတော့ ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့မှာ ချိန်းဆိုထားတာဖြစ်ပါတယ်။

အလားတူ ဝေဠုကျော်နဲ့ ဒေါ်သင်းသင်းဆွေ ကိစ္စလိုပဲ နောက်ထပ်စိတ်ဝင်စားဖို့ကောင်းနေတဲ့သတင်းက ရုပ်ရှင် လောကထဲမှာ တစ်ခါမှမဖြစ်ဖူးသေးဘူးလို့ ပြောလို့ရနိုင်တဲ့သတင်းပါ။ မင်းသား အပြောင်းအလဲလုပ်ရုံမက ဒါရိုက်တာ၊ ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဇာတ်ပို့သရုပ်ဆောင်တွေကိုပါ အပြောင်းအလဲလုပ်ခဲ့တဲ့ “အောင်မြတ်သာ ဂမ္မီရ” ဇာတ်လမ်းတွဲပြဿနာကလည်းတော်တော်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီရက်ပိုင်းအတွင်း ဖေ့ဘွတ် စာမျက်နှာထက်မှာ အောင်မြတ်သာဇာတ်လမ်းတွဲကို မင်းသားစစ်နိုင်နဲ့ ရိုက်ကူးမှသာ ဇာတ်လမ်းတွဲကို ဆက်ကြည့် မယ်ဆိုတဲ့သူတွေက များပြားနေပြီး၊ စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေး အပါအဝင် လူပြောင်းရိုက်မယ့် မင်းသားနေရာကို လက်ခံခဲ့မိ တဲ့ ထွန်းကိုကို နဲ့ ဒါရိုက်တာညိုမင်းလွင်ကတော့ ပရိသတ်များစွာရဲ့ဝေဖန်ပြောဆိုခြင်းတွေကို ခံနေရ တာပါ။
“အောင်မြတ်သာ ဂမ္မီရ” ဇာတ်လမ်းတွဲကို ဇာတ်ညွှန်းဖိုးကျော်၊ ဒါရိုက်တာ သီဟမင်းညီ တို့က ပုံဖော်ရိုက်ကူးထားပြီး အဓိကမင်းသားအဖြစ် စစ်နိုင်၊ အဓိကဇာတ်ပို့အဖြစ် လင်းအောင်၊ မျိုးကိုတို့က ပါဝင်ထားကြတာပါ။
“အောင်မြတ်သာ ဂမ္မီရ” ဇာတ်လမ်းတွဲကို နှစ်အပိုင်းအခြားတစ်ခု အချိန်ယူ ဖန်တီးခဲ့ကြခြင်းမျိုးဖြစ်ပြီး ရုပ်သံ ချန်နယ်လိုင်းတစ်ခုမှာ ထုတ်လွှင့်ပြခဲ့ရာ “အောင်မြတ်သာ ဂမ္မီရ” ဇာတ်လမ်းတွဲကို ကြည့်ရှုသူပရိသတ်တွေက လက်ခံအားပေးခဲ့ကြရုံမက ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားစစ်နိုင်ဟာလည်း အတော်လေးကို ပရိသတ် အားပေးမှု၊ အောင်မြင်မှုတစ်နေရာကို ရရှိလာတာဖြစ်ပါတယ်။ အဆိုပါဇာတ်လမ်းတွဲကို ရုပ်သံချန်နယ်ပေါ်မှာ အပိုင်းလိုက်ခွဲပြနေခြင်းမျိုးဖြစ်ပါတယ်။ သို့သော် စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးဘက်က နောက်ထပ်ရိုက်ကူးမယ့် အပိုင်းအသစ်တွေကို မင်းသား ပြောင်းလဲသွားမှာဖြစ်ကြောင်း လက်ရှိရိုက်ကူးနေဆဲဖြစ်တဲ့ မင်းသားစစ်နိုင်ကို အသိပေးခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ အဲဒီသတင်းကို မင်းသားစစ်နိုင်ကို လိုင်းပေါ်ကနေတဆင့် အသိပေးခဲ့ခြင်း မျိုးဖြစ်တယ်လို့တော့ သိရပါတယ်။

ဒီအချက်ကိုကြည့်ခြင်းအားဖြင့် ထုတ်လုပ်သူအနေနဲ့ ကိုယ်နဲ့အလုပ်တွဲလုပ်နေတဲ့သူအပေါ်မှာ လေးစားမှုမရှိဘူး ဆိုတာကိုတော့ တွေ့မြင်ရပါတယ်။ သို့သော် နှစ်ဥ◌ီးနှစ်ဖက်ကြားမှာ ဘယ်လိုပြဿနာတွေ ရှိခဲ့လို့လဲဆိုတာ ကတော့ မသိရပါဘူး။

မင်းသား ပြောင်းလဲရိုက်ကူးမယ့်ကိစ္စထက် ကြိုတင်အသိပေးခြင်းမရှိခဲ့တဲ့လုပ်ရပ်အပေါ် မင်းသားစစ်နိုင်တို့ အဖွဲ့ကတော့ တော်တော်လေးကို ဒေါသထွက်ခဲ့ကြပါတယ်။ ဒါ့ကြောင့်လည်း စစ်နိုင်နဲ့ အခြားသော သရုပ်ဆောင် များ အပါအဝင် ဒါရိုက်တာနဲ့ ဇာတ်ညွှန်ဆရာတို့ကပါ မီဒီယာတွေကနေတဆင့် ထုတ်လုပ်ရေးဘက်ကို မေးခွန်း များစွာ ထုတ်ခဲ့ကြပါတယ်။

မင်းသားအပြောင်းအလဲလုပ်မယ်ဆိုရင် အောင်မြတ်သာ ဇာတ်ရုပ်ရဲ့နောက်လိုက်များအဖြစ် ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကလည်း မရိုက်ကူးတော့ကြောင်း၊ ဒါ့အပြင် “အောင်မြတ်သာ ဂမ္မီရ” ဇာတ်လမ်းတွဲကို ပုံဖော် ရိုက်ကူးတဲ့ ဇာတ်ညွှန်းဖိုးကျော်၊ ဒါရိုက်တာ သီဟမင်းညီ တို့ကလည်း ဆက်လက်မရိုက်ကူးတော့ကြောင်း ပြောခဲ့ကြ တာပါ။

မင်းသားစစ်နိုင်အနေနဲ့ကတော့ “သူတို့အဖွဲ့သားတွေရဲ့ပေးဆပ်ကြိုးစားမှုကြီးက အခုမှ အရာထင်လာချိန် အောင်မြင်နေတော့မှ အခုလိုမျိုး မင်းသားပြောင်းလိုက်တာဟာ စော်ကားသလို ခံစားရကြောင်း၊ ပရိသတ်က စစ်နိုင်သည် အောင်မြတ်သာ၊ အောင်မြတ်သာသည် စစ်နိုင်လို့ သတ်မှတ်ထားပြီဖြစ်တာကို ဘာကြောင့် အခုလို မကျေမနပ်ဖြစ်တာလဲ၊ သူတို့ရိုက်ကူးမှုတွေက ဘာများလိုအပ်လို့လဲ၊ သရုပ်ဆောင်တာ မတော်လို့လား၊ ဇာတ်လမ်း တွဲ မအောင်မြင်လို့လား။ ငွေရှိရင် ဘာမဆိုလုပ်နိုင်တဲ့ခေတ်မှာ ဘာများတတ်နိုင်အုံးမှာလဲလို့ စစ်နိုင်က ထုတ်လုပ်ရေးဘက်ကို မီဒီယာတွေကနေတဆင့် မေးခွန်းထုတ်ထားတာပါ။

ဒါပေမယ့်လည်း စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးဘက်ကတော့ တစ်စုံတစ်ရာတုံ့ပြန်ဖြေရှင်းထားတာ မရှိပေမယ့် ထပ်မံ အသစ်ရိုက်ကူးမယ့် ဇာတ်လမ်းတွဲအပိုင်းတွေကို ရိုက်ကူးပေးဖို့ တာဝန်ပြောင်းယူခဲ့တဲ့ ဒါရိုက်တာညိုမင်းလွင် ကတော့ “အောင်မြတ်သာ ဇာတ်လမ်းတွဲကို လူကြိုက်များနေတယ်လို့တော့ သိထားရပါတယ်။ ဒါပေမယ့် မကြည့်ဖူးသေးကြောင်း နဲ့ မင်းသားပြောင်းရိုက်ဖို့ စီစဥ်ထားကြောင်း၊ စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးဆိုတာ ခင်မင် သလို ကျေးဇူးရှင်လည်းဖြစ်ခဲ့ဖူးတဲ့အတွက် ဒါရိုက်တာအဖြစ် ကမ်းလှမ်းတာကိုလက်ခံခဲ့ခြင်းဖြစ်ကြောင်း” ပြောထားပါတယ်။ ဒါ့အပြင် ၄င်းအနေနဲ့ လက်ရှိမှာ မင်းသားပြောင်းလို့၊ ဒါရိုက်တာပြောင်းလို့ဆိုပြီး ဝေဖန်နေကြတဲ့ အပေါ် “နိုင်ငံတကာမှာတောင် ဂျိန်းစဘွန်းလ်ဇာတ်ကားဆိုတာ တစ်ကားပြီး တစ်ကား မင်းသားပြောင်းရိုက်ကြတာ ပါပဲ” လို့ တုံ့ပြန်ထားပါတယ်။

“အောင်မြတ်သာ” အသစ်ဖြစ်လာမယ့် မင်းသားထွန်းကိုကိုကတော့ လက်ရှိ ဝေဖန်ပြောဆိုခံနေရမှုတွေနဲ့ ပတ်သက် ပြီး တုံ့ပြန်ပြောထားတာမျိုး မရှိသေးပါဘူး။ အဲဒါကြောင့်လည်း လူမှုကွန်ရက်တစ်ခွင်မှာတော့ တဖက်တည်းက စကားသံတွေကိုသာ နားထောင်နေရခြင်းမျိုးဖြစ်ပြီး အခြားသော ထုတ်လုပ်ရေးဘက်က ပြောဆိုမှုတွေကိုတော့ မသိရ မကြားရသေးတာပဲဖြစ်ပါတယ်။

အားလုံးသိကြတဲ့အတိုင်း အနုပညာလောကဆိုတာ ရှုပ်ထွေးလွန်းပြီး တစ်ရက်နဲ့တစ်ရက် တစ်ပတ်နဲ့တစ်ပတ် ပြဿနာပေါင်းများစွာကို တွေ့မြင်နေရသလို အခြားတဖက်မှာလည်း မင်္ဂလာပွဲပေါင်းများစွာကျင်းပပြီး ကြည်နူး ပျော်ရွှင်စရာတွေနဲ့လည်း ပြည်နှက်လို့နေပါတယ်။ အခု ၂ဝ၂၃ ခုနှစ်မကုန်ခင်မှာပဲ မြန်မာ့အနုပညာလောက က ထိပ်တန်းစာရင်းဝင်ထားတဲ့ ထပ်ဆင့်အကယ်ဒမီ ဝတ်မှုန်ရွှေရည် အပါအဝင် အိချောပို၊ သွန်းဆက်၊ နန်းစန္ဒာလှထွန်း၊ တေးသံရှင်း နီနီခင်‌ဇော်၊ တေးသံရှင် သရုပ်ဆောင်နေဝင်း စတဲ့ အနုပညာရှင်တွေဟာ ရှေ့ဆင့် နောက်ဆင့်ဆိုသလို မင်္ဂလာပွဲပေါင်းများစွာကို ပျော်ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့ကြပါတယ်။
အဲဒီထဲမှာမှ လူစိတ်ဝင်စားမှုအများဆုံးဖြစ်ခဲ့ပြီး မင်္ဂလာပွဲအရေအတွက် အများဆုံးလုပ်ခဲ့တယ်လို့ဆိုနိုင်တဲ့ ထပ်ဆင့် အကယ်ဒမီ ဝတ်မှုန်ရွှေရည် (ခေါ်) ကစ်ကစ်ရဲ့ မင်္ဂလာပွဲအခမ်းအနားတွေပဲဖြစ်ပါတယ်။ ဝတ်မှုန်ရွှေရည်က အလှမယ်မိုးစက်ဝိုင်နဲ့အစ်ကိုအရင်းတော်စပ်သူ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်းတစ်ဥ◌ီးဖြစ်သူ၊ VeVe အချိုရည်လုပ်ငန်းပိုင်ရှင် ကိုနိုင်ဖြိုးကျော်နဲ့ ထိမ်းမြားလက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ ကိုနိုင်ဖြိုးကျော်နဲ့ ဝတ်မှုန်ရွှေရည်တို့ဟာ မင်္ဂလာပွဲ ၇ ပွဲထိ ကျင်းပခဲ့ကြတာဖြစ်ပြီး PreWedding ဓါတ်ပုံတွေကိုလည်း ပြည်ပနိုင်ငံ ၃ နိုင်ငံနဲ့အထက် သွားရောက်ရိုက်ကူးခဲ့ကြတာဖြစ်ပါတယ်။ ဝတ်မှုန်ရွှေရည်က သူရဲ့ပထမဆုံးမင်္ဂလာဧည့်ခံပွဲအခမ်း အနားကိုတော့ တရုတ်နိုင်ငံ ကူမင်းမြို့ရှိ ဂျိတ်ဒရယ်ဂွန်ရေခဲတောင်တန်းမှာ မိသားစု၊ ဆွေမျိုးများနဲ့အတူ မင်္ဂလာ ဧည်ခံပွဲကျင်းပကာ သူမရဲ့စိတ်ကူးထဲက အတိုင်းပုံဖော်ခဲ့တာဖြစ်တယ်လို့ ပြောပြထားပါတယ်။ တရုတ်နိုင်ငံမှာပဲ မင်္ဂလာညစာစားပွဲကျင်းပခဲ့ပြီး၊ အမျိုးသားဖြစ်သူရဲ့တရုတ်ရိုးရာအတိုင်းလည်း မင်္ဂလာပွဲကျင်းပခဲ့ပါသေးတယ်။ ရေခဲတောင်မှာပြုလုပ်ခဲ့တဲ့ ကိုနိုင်ဖြိုးကျော်နဲ့ ဝတ်မှုန်ရွှေရည်တို့ရဲ့မင်္ဂလာပွဲပုံရိပ်လေးတွေ ထွက်ပေါ်လာချိန်မှာ တော့ အစ်မတစ်ဝမ်းကွဲဖြစ်သူ ထပ်ဆင့်အကယ်ဒမီဖွေးဖွေး တက်ရောက်ခဲ့ခြင်းမရှိတာကြောင့်လည်း အနည်းငယ် တော့ ပရိသတ်တွေက မေးခွန်းထုတ်ခဲ့ကြပါသေးတယ်။

ဆက်လက်ပြီး ဝတ်မှုန်ရွှေရည်ဟာ မြန်မာနိုင်ငံမှာ မင်္ဂလာ လက်မှတ်ရေးထိုးပွဲ၊ ဝတ်မှုန်ရွှေရည်ဟာ ရှမ်း-ဗမာကပြားမလေးဖြစ်တာကြောင့် ရှမ်းရိုးရာအတိုင်းလည်း မင်္ဂလာအလှူပြုလုပ်ခဲ့ပါသေးတယ်။ မင်္ဂလာဦးအလှူအဖြစ် ရန်ကုန်မြို့ရှိ နှင်းဆီကုန်း ဘိုးဘွားရိပ်သာ ကျောင်း အတွက် တသက်တာ အာဟာရဒါနအလှူ၊ ခိုင်နှင်းဝေ ရင်ခွင်ရိပ်မြုံဂေဟာက ကလေးတွေအတွက် သိန်းတစ်ရာ တန်ဖိုးရှိ ပစ္စည်းများ၊ စိတ်ကျန်းမာရေးဆေးရုံကြီးအတွက် တသက်တာအာဟာရဒါနအလှူ နှင့် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက စက်မှုအဖွဲ့သား အယောက် ၄ဝဝ ကျော်အတွက် ဆန်တစ်အိတ်နဲ့ ဆီတစ်ဗူး စတဲ့ နေရာ (၄) နေရာ အတွက် အလှူငွေများ ပေးအပ် လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇင်ဘာလ ၂ဝ ရက်မှာတော့ ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်မှာ ဆွေမျိုးမိတ်ဆွေများ၊ အနုပညာညီအစ်ကိုမောင်နှများနဲ့အတူ မြန်မာ့ရိုးရာထုံးတမ်း အစဥ် အလာအတိုင်း စုလျားရစ်ပတ်မင်္ဂလာပွဲအခမ်းအနားကို ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့ကြပါတယ်။ အဆိုပါပွဲ အခမ်းအနားကိုတော့ အစ်မတစ်ဝမ်းကွဲဖြစ်သူ ထပ်ဆင့်အကယ်ဒမီဖွေးဖွေးဟာ သူမရဲ့မိခင်နဲ့အတူ ပွဲအခမ်းအနားသို့ တက်ရောက်လာပြီး ညီမဖြစ်သူ ဝတ်မှုန်ရွှေရည်နဲ့အတူ တွဲရိုက်ထားတဲ့ဓါတ်ပုံကို ဖွေးဖွေး ကိုယ်တိုင်က သူမရဲ့လူမှုကွန်ရက်ပေါ်မှာ ပြန်လည်မျှဝေကာ ဂုဏ်ပြုစကားဆိုခဲ့တာဖြစ်ပါတယ်။ ဖွေးဖွေးနဲ့ဝတ်မှုန်ရွှေရည်တို့ ညီအစ်မနှစ်ဦးရဲ့ လှပပြီး ကျက်သရေရှိလှတဲ့ပုံလေးတွေကို ပရိသတ်တွေက သဘောကျခဲ့ကြပါသေးတယ်။ တစ်ရက်သာငယ်တဲ့ ညီမ ဝတ်မှုန်ရွှေရည်ကတော့ ဖွေးဖွေးကို ကျော်တက်သွားပြီး လာမယ့် ၂ဝ၂၄ ခုနှစ်မှာက တရုတ်ရိုးရာအရ နဂါးနှစ်ဖြစ်တာကြောင့် သူမနဲ့နဂါးနှစ်ချင်းတူတဲ့ ကလေးလေးယူဖို့ စဉ်းစားနေတယ်လို့လည်း ဆိုထားပါတယ်။

မြန်မာနိုင်ငံရဲ့ထိတ်တန်းမင်းသမီးစာရင်းထဲမှာ ပါဝင်ထားတဲ့ ဖွေးဖွေးနဲ့ ဝတ်မှုန်ရွှေရည်မှာ ဝတ်မှုန်ရွှေရည်က အိမ်ထောင်ကျသွားပြီဆိုတော့ ပရိသတ်တွေကလည်း ဖွေးဖွေးရဲ့မင်္ဂလာသတင်းကိုလည်း မျှော်လင့်သူလည်း ရှိသလို အပျိုကြီးပဲလုပ်ဖို့ တိုက်တွန်းနေကြသူတွေလည်း များစွာရှိနေပါတယ်။

အလားတူပါပဲ ဒီနှစ်အတွင်းမှာ ကျင်းပခဲ့တဲ့ အနုပညာရှင်တွေရဲ့မင်္ဂလာပွဲတိုင်းဟာ ခမ်းနားခဲ့ကြပြီး အတော်လေးကို ပရိသတ်တွေ ရင်ထဲကို ကြည်နူးပျော်ရွှင်မှုတွေပေးနိုင်ခဲ့ပါတယ်။ ပျော်ရွှင်ကြည်နူးမှုပေးနိုင်ခဲ့တဲ့ မင်္ဂလာပွဲများထဲမှာ တော့ အဆိုတော် နေဝင်းတို့စုံတွဲလေးကိုလည်း ချန်လှပ်ထားခဲ့လို့ မဖြစ်ပါဘူး။

နေဝင်းတို့ဇနီးမောင်နှံဟာ ၂ဝ၁၉ ခုနှစ် နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပေမယ့် ကိုဗစ်ရောဂါ အခြေအနေကြောင့် အပါအဝင် ငွေကြေးအခြေအနေအရ မင်္ဂလာပွဲကျင်းပနိုင်ခဲ့ခြင်းမရှိဘဲ သုံးနှစ်ကြာပြီးမှသာ နှစ်ဦးသားစလုံးရဲ့စိတ်ကူးအိပ်မက်ဖြစ်တဲ့ မင်္ဂလာပွဲအခမ်းအနားကို လက်တွေ့အကောင်အထည်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

နေဝင်းဟာ ၄င်းတို့ချစ်သူသက်တမ်း ၁ဝ နှစ်ပြည့်မှာ အိမ့်ချစ်ချောကို New Year Show ပွဲကျင်းပနေစဥ် ပရိသတ်တွေရှေ့မှာ တရားဝင်လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပြီး၊ တစ်နှစ်အကြာမှာ လက်ထပ်ခဲ့ကြတာဖြစ်ပါ တယ်။ သူတို့စုံတွဲဟာ ချစ်သူသက်တမ်း ၁၄ နှစ်ကြာချိန်မှ မင်္ဂလာပွဲအခမ်းအနားကိုလုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး မင်္ဂလာပွဲအခမ်းအနားမှာ နေဝင်းပြောခဲ့တဲ့ “ဘယ်လိုအခြေအနေမျိုးတွေမှာပဲဖြစ်ဖြစ် အတူတူဖြတ်သန်းခဲ့ကြတဲ့ အစတွေကို ဘယ်တော့မှ မမေ့ပါဘူး” ဆိုတဲ့ စကားဟာလည်း လူငယ်တွေရဲ့ရင်ထဲ အတော်လေးသဘောကျစေခဲ့ ပြီး၊ Heart ထိစေခဲ့တဲ့ ချစ်စကားလေးတွေဖြစ်ပါတယ်။

သူတို့စုံတွဲဟာ အဆိုတော်နေဝင်းရဲ့ချစ်တတ်ပေးမှုကြီးနဲ့ အိမ့်ချစ်ချောရဲ့သစ္စာတရား၊ မေတ္တာတရားကလည်း အလွန်ကိုကြီးမားတာကြောင့် လူငယ်တွေကြားထဲမှာ အတော်လေးကို ရေပန်းစားတဲ့စုံတွဲပါ။ အမျိုးသမီးထုဆို လည်း ဦးနေဝင်းလို့ ကောင်လေးမျိုးကို အလိုရှိကြောင်း ဆိုရှယ်မီဒီယာမှာ ရေးသားဖော်ပြလေ့ရှိကြပါတယ်။ နေဝင်းဟာ လက်ရှိမှာတော့ သရုပ်ဆောင်အလုပ်ကိုလည်း လုပ်ကိုင်နေပြီး၊ ၄င်းဟာ ပါဝင်သရုပ်ဆောင်ထားတဲ့ စာရိတ္တရုပ်ရှင်ဇာတ်ကားကြီးဟာ လက်ရှိမှာ ရုံတင်ပြသနေပြီဖြစ်ပါတယ်။ နေဝင်းဟာ ထပ်ဆင့်အကယ်ဒမီ ချိုပြုံးကိုယ်တိုင်က ထပ်ဆင့်အကယ်ဒမီမင်းသားကြီး ကျော်ဟိန်းငယ်ငယ်က ပုံစံလေးကိုကြည့်ရသလို ခံစားရ ကြောင်း ချီးကျူးစကားပြောဆိုခံထားရသူဖြစ်ပါတယ်။ ပရိသတ်တွေကတော့ နေဝင်းကို ကျော်ဟိန်း အငယ်စား လေးလို့ တင်စားခေါ်ဝေါ်နေကြပြီး သရုပ်ဆောင်ပိုင်းမှာလည်း အောင်မြင်မှုတွေ ရရှိနေတာဖြစ်ပါတယ်။

အနုပညာသမားတွေဟာလည်း လူသားထဲက လူသားတွေပဲမို့ ပြဿနာပေါင်းစုံဖြစ်ပေါ်ပြီး စာဖတ်သူတို့အပေါ် စိတ်ခံစားမှုအမျိုးမျိုးပေးစွမ်းနိုင်တာကြောင့် စိတ်ချမ်းမြေ့စရာ ကောင်းသောအရာများသာမှတ်သားပြီး စိတ်ရှုပ်စရာအမှိုက်များကို လျစ်လျူရှုရင်း ဘဝကို ဖြတ်သန်းနိုင်ကြပါစေ။

အဆုံးထိ စိတ်ဝင်တစားဖတ်ရှုပေးတဲ့အတွက်ကျေးဇူး တင်ပါတယ်။

zawgyi version
အႏုပညာရပ္ဝန္းက တပတ္အတြင္း လႈပ္လႈပ္ခတ္ခတ္သတင္းမ်ား
အိျဖဴသိမ့္ (NP News) - ဒီဇင္ဘာ ၂၈

“ေဝဠဳေက်ာ္ကေတာ့ လုပ္ခ်လိုက္ျပန္ပါၿပီ”
ဒီတပတ္ အႏုပညာရပ္ဝန္းထဲက လႈပ္လႈပ္ခတ္ခတ္သတင္းေတြမွာ ေဝဠဳေက်ာ္ ေငြေၾကးလိမ္လည္မႈနဲ႔ တရားစြဲခံ လိုက္ရတဲ့သတင္းဟာ ေဖ့ဘြတ္လူမႈကြန္ရက္ေပၚမွာ လူေျပာသူေျပာအလြန္မ်ားေနၿပီး ေဝဠဳေက်ာ္ကေတာ့ ေဝဖန္မႈေတြခံေနရတာပါ။ ေဝဠဳေက်ာ္ရဲ႕ျဖစ္စဥ္ကို ၾကည့္ရပုံအရ ေငြေၾကး အေပးအယူကိစၥေတြကေန စတင္တဲ့ ရႈပ္ေထြးမႈျဖစ္တဲ့အျပင္ ေဝဠဳေက်ာ္က တဖက္လူရဲ႕ယုံၾကည္မႈအေပၚ အလြဲသုံးစားလုပ္ခဲ့ပုံေပၚပါတယ္။
ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၂ဝ ရက္က ေဒၚေဆြေဆြသင္းအမည္ရွိ အမ်ိဳးသမီးႀကီးတစ္ဦးက မီဒီယာတစ္ခုနဲ႔ အင္တာဗ်ဴး ေျဖခဲ့ၿပီး အဲဒီ႐ုပ္သံထဲမွာ ၄င္းထံက သ႐ုပ္ေဆာင္ေဝဠဳေက်ာ္ဟာ အေမရိကန္ေဒၚလာတစ္သိန္းေက်ာ္ (လက္ရွိ ျမန္မာေငြက်ပ္ သိန္းငါးေထာင္) နဲ႔ ညီမွ်တဲ့ပိုက္ဆံကို ေခ်းယူထားၿပီး ျပန္မဆပ္တဲ့အတြက္ တရားစြဲဆိုထားေၾကာင္း ကို လူသိရွင္ၾကား ထုတ္ေဖာ္ေျပာခဲ့တာျဖစ္ပါတယ္။

ေဒၚေဆြေဆြသင္းက ေဝဠဳေက်ာ္ကို အမႈ ၃ မႈနဲ႔ တရားစြဲထားတာျဖစ္ၿပီး၊ ၄င္းဆီက ေခ်းယူထားတဲ့ ေငြက်ပ္သိန္း ငါးေထာင္ကို ျပန္မဆပ္တာေၾကာင့္ တရားစြဲဆိုျခင္းျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ အဆိုပါ႐ုပ္သံဟာ နာရီပိုင္း အတြင္းမွာတင္ ၾကည့္ရႈသူမ်ားျပားခဲ့ၿပီး ေဝဠဳေက်ာ္အေပၚ ႐ုပ္သံၾကည့္ရႈခဲ့သူအမ်ားစုက ေဝဖန္ေျပာဆိုခဲ့တာပါ။

“ေဝဠဳေက်ာ္က မင္းသားျဖစ္တဲ့အျပင္ ပရဟိတလုပ္ငန္းေတြကို ဦးေဆာင္လုပ္ကိုင္ေနသူျဖစ္တာေၾကာင့္ ယုံၾကည္ ၿပီး ၂ဝ၁၉ ခုႏွစ္က ‌‌ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းသို႔ ေငြက်ပ္ သိန္းတစ္ေထာင္ေက်ာ္ လႉဒါန္းခဲ့တယ္” လို႔ ေဒၚေဆြေဆြ သင္းက ေျပာခဲ့ပါတယ္။ ဒါ့အျပင္ ေဖာင္ေဒးရွင္းကိုလႉဒါန္းတဲ့ ေငြနဲ႔မသက္ဆိုင္ဘဲ ေဒၚေဆြေဆြသင္းက ေဝဠဳေက်ာ္ နဲ႔ခင္မင္မႈ ၃ ႏွစ္တာ ကာလအတြင္းမွာ ‌ေဝဠဳေက်ာ္ဘက္က ၄င္းရဲ႕ကိုယ္ေရးကိုယ္တာအတြက္လို႔ဆိုကာ ေငြေခ်းယူ ခဲ့မႈေတြလည္း ရွိခဲ့တယ္လို႔ သိရပါတယ္။ ေဝဠဳေက်ာ္ ေခ်းယူခဲ့တဲ့ေငြပမာဏဟာ အေမရိကန္ေဒၚလာ ၁ သိန္းေက်ာ္ (လက္ရွိ ေပါက္ေစ်းအရ ျမန္မာေငြ သိန္းငါးေထာင္ ေက်ာ္) ေခ်းထားတယ္လို႔ မီဒီယာကေနတဆင့္ ထုတ္ေဖာ္ ေျပာခဲ့တာပါ။

ေဒၚေဆြေဆြသင္း မီဒီယာကေန တရားဝင္ထုတ္ေျပာတဲ့ ႐ုပ္သံပ်ံ႕ႏွံ႔သြားၿပီး ေနာက္တစ္ေန႔ ဒီဇင္ဘာလ ၂၁ ရက္ ညပိုင္းမွာေတာ့ ေဝဠဳေက်ာ္ဘက္ကလည္း မီဒီယာတစ္ခုနဲ႔ တရား႐ုံးက ဆင့္ေခၚထားတဲ့စာ႐ြက္စာတမ္းေတြကို ထုတ္ေဖာ္ျပသကာ ေဒၚေဆြေဆြသင္းနဲ႔ျဖစ္ပ်က္ခဲ့တဲ့ျဖစ္စဥ္ေတြကို ေျပာျပလာတာရွိပါတယ္။

ေဝဠဳေက်ာ္ ျပန္ေျဖရွင္းတဲ့႐ုပ္သံ ထြက္ေပၚလာခ်ိန္မွာေတာ့ ေဝဠဳေက်ာ္ဟာ လူအမ်ားရဲ႕ဆဲဆိုျခင္းကို ပိုမိုခံခဲ့ရတာကိုေတာ့ စာေရးသူလည္း သတိထားမိခဲ့ပါတယ္။ ဘာ့ေၾကာင့္လဲဆိုရင္ သူ႔ဘက္က ဘယ္လိုပဲေျဖရွင္း ေနပါေစ၊ ေငြေခ်းငွားၿပီး အခ်ိန္မီျပန္မဆပ္ခဲ့တာကေတာ့ အမွန္ျဖစ္ခဲ့တာပါ။

ဒါေပမယ့္ ျပႆနာဆိုတာ တဖက္စကားပဲနားေထာင္ေပးလို႔မရတဲ့အတြက္ ေဝဠဳေက်ာ္ရဲ႕ေျဖရွင္းမႈကိုပဲ လည္း ၾကည့္လိုက္ရေအာင္ “ေဒၚေဆြေဆြသင္းက ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းအတြက္ အလႉေငြ လႉဒါန္းခဲ့ဖူးတာ မွန္ကန္ ေၾကာင္း၊ ၄င္းအေနနဲ႔ကလည္း ေငြေၾကး အနည္းငယ္ ေခ်းယူမႈေတာ့ ရွိခဲ့ဖူးေၾကာင္း၊ သို႔ေသာ္ စာခ်ဳပ္စာတမ္းေတြနဲ႔ လုပ္ေဆာင္ခဲ့ျခင္းမ်ိဳးမဟုတ္ခဲ့ဘဲ ခင္မင္မႈသေဘာအရ ေခ်းငွားခဲ့တာျဖစ္ေၾကာင္း၊ ေဒၚေဆြေဆြသင္းဘက္က ေငြျပန္ဆပ္ဖို႔ အေၾကာင္းၾကား (ႏို႔တစ္စာ) ပို႔တဲ့အခ်ိန္မွာ အဆိုပါစာထဲပါခဲ့တဲ့ သိန္းေထာင့္ကိုးရာေက်ာ္ကို ႏွစ္ဦးသား သေဘာတူညီမႈတစ္ခုအရ ေျမဂရံေပးခဲ့ဖူးေၾကာင္း၊ သို႔ေသာ္ အေႂကြးရွင္ျဖစ္တဲ့ ေဒၚေဆြေဆြသင္းက ေျမဂရံကို လက္ခံမထားဘဲ ေရာင္းၿပီးရင္လာေပးဖို႔ သေဘာတူညီမႈရခဲ့ၾကေၾကာင္း၊ ေျမေရာင္းရခ်ိန္က ၾကာျမင့္ သြားခဲ့ေၾကာင္း၊ ေငြသား လက္ထဲရွိခ်ိန္မွာ ျပန္လည္ေပးဆပ္ဖို႔ ေဒၚေဆြေဆြသင္း ေနထိုင္ရာေနရာသို႔ သြားေရာက္ ေပးအပ္ခဲ့ေၾကာင္း၊ ဒါေပမယ့္ ေဒၚေဆြေဆြသင္းက လက္ခံယူခဲ့ျခင္းမရွိဘဲ ထပ္မံ၍ ေငြေၾကး အလြဲသုံးစားလုပ္တယ္ ဆိုၿပီး ထပ္တိုးတရားစြဲခဲ့ေၾကာင္း၊ ေဝဠဳေက်ာ္ဘက္က ႏွစ္ဦးသေဘာတူညီထားတဲ့ ေပးဆပ္ရမယ့္ေငြကို အသင့္ျပင္ ထားၿပီးျဖစ္တာေၾကာင့္ လက္ခံယူေပးဖို႔ ေဒၚေဆြေဆြသင္းထံ အေၾကာင္းၾကားစာ(ႏို႔တစ္စာ) ေပးပို႔ခဲ့ေပမယ့္လည္း ျပန္လည္အေၾကာင္းၾကားျခင္းမရွိဘဲ ထပ္မံ၍ ေငြေၾကးလိမ္လည္မႈနဲ႔ ၁ မႈ၊ နာမည္ဂုဏ္သိကၡာက်ဆင္းေစမႈ၊ ထိခိုက္ နစ္နာမႈနဲ႔ ေနာက္ထပ္ ၁ မႈျဖင့္ တရားစြဲဆိုခဲ့ေၾကာင္း" စတဲ့ အခ်က္အလက္မ်ားကို ေဝဠဳေက်ာ္က ၄င္းထံရွိ တရား႐ုံး စာ႐ြက္စာတမ္းမ်ားကို ထုတ္ေဖာ္ျပကာ ျပန္လည္ေျဖရွင္းခဲ့တာပါ။

ေဝဠဳေက်ာ္နဲ႔ ေဒၚေဆြေဆြသင္းတို႔ရဲ႕ေငြေၾကးအေပးအယူေတြဟာ အေတာ္ကို ရႈပ္ေထြးခဲ့ပုံေပၚၿပီး ၂ဝ၂၁ ခုႏွစ္ ဧၿပီလေနာက္ပိုင္းကစတင္ကာ အဆင္မေျပမႈမ်ားစြာျဖစ္ေပၚခဲ့တယ္လို႔ သိရပါတယ္။ ေဝဠဳေက်ာ္ အေနနဲ႔က ေဒၚေဆြေဆြသင္းကို က်ပ္ေငြ သိန္းေထာင့္ကိုးရာ ခုႏွစ္ ဆယ့္ ခုႏွစ္သိန္းေက်ာ္ (၁၉၇,၇၂၃, ၄၅၇) က်ပ္ ေပးဖို႔ရွိေၾကာင္းကို ဝန္ခံခဲ့ၿပီး၊ အဆိုပါေငြကို ေျမဂရံႏွစ္ခု ေရာင္းခ်ကာ ေပးေခ်ဖို႔ လုပ္ေဆာင္ခဲ့ေၾကာင္း မီဒီယာကတဆင့္ ဝန္ခံထားပါတယ္။

‌ေဝဠဳေက်ာ္ဘက္ကလည္း ေဒၚေဆြေဆြသင္းဟာ အေမရိကန္ႏိုင္ငံသားအျဖစ္ တရားဝင္ခံယူထားသူျဖစ္ေပမယ့္ ျမန္မာႏိုင္ငံသားမွတ္ပုံတင္ကဒ္ကို ကိုင္ေဆာင္ၿပီး ျမန္မာႏိုင္ငံအတြင္းမွာ ေနထိုင္ေနေၾကာင္း၊ တရား႐ုံးမွာ က်မ္းသစၥာက်ိန္ဆိုခ်ိန္ ျမန္မာႏိုင္ငံသားမွတ္ပုံတင္ကို အသုံးျပဳထားေၾကာင္း လဝကထံသို႔ တိုင္ၾကားခဲ့ပါေသး တယ္။ အဲဒီလိုတိုင္ၾကားခဲ့တာကို ေဒၚေဆြေဆြသင္းက မေက်နပ္တာေၾကာင့္ နာမည္ ဂုဏ္သိကၡာက်ဆင္းေစမႈ၊ ထိခိုက္နစ္နာမႈျဖင့္ တရားစြဲဆိုၿပီး နစ္နာေၾကးအျဖစ္ သိန္းငါးေထာင္ေပးရမယ္လို႔ ေျပာခဲ့တာမ်ိဳးျဖစ္ေၾကာင္း၊ ေဒၚေဆြေဆြသင္းေျပာခဲ့တဲ့ သိန္းငါးေထာင္ ေခ်းထားၿပီး ျပန္မဆပ္ဘူးဆိုတာက လုံးဝ မဟုတ္ဘဲ ေဒၚေဆြေဆြသင္း ကို ျပန္လည္ေပးဆပ္ရမယ့္ အမွန္တကယ္ေခ်းေငြက အလြဲသုံးစားလုပ္တယ္ဆိုၿပီး တိုင္တဲ့အမႈ ၁ မႈအတြက္ သိန္း ၁၃ဝ၊ လိမ္လည္ရယူထားတယ္ဆိုၿပီးစြပ္စြဲတဲ့အမႈ ၁ မႈအတြက္ သိန္း ၁၆ဝ၊ စုစုေပါင္း ေငြက်ပ္သိန္း ၃ဝဝ သာ ေပးဆပ္ဖို႔ရွိတာျဖစ္ေၾကာင္း တုံ႔ျပန္ထားပါတယ္။

ေဒၚေဆြေဆြသင္းနဲ႔ ‌ေဝဠဳေက်ာ္တို႔ရဲ႕စကားေတြအရ ႏွစ္ဖက္စလုံးက တစ္ခုခုကိုေတာ့ ဖုံးကြယ္ထားေသးတယ္ ဆိုတာ စာဖတ္သူမ်ား ဒီေလာက္ဆို သတိထားမိမွာပါ။ ေငြေၾကးကိစၥဆိုတာ ျပႆနာတစ္စုံတစ္ရာျဖစ္ေပၚလာ ၿပီဆိုရင္ မိသားစုဝင္အခ်င္းခ်င္းေတာင္ အလြန္ကို ေျဖရွင္းရခက္တဲ့ျပႆနာတစ္ရပ္ပါ။

ေဝဠဳေက်ာ္ဟာ လြန္ခဲ့တဲ့ ၂၀၁၉ ခုႏွစ္ကလည္း ေမာ္ဒယ္သင္းသင္းအေပၚ ကာမလိမ္လည္ရယူမႈ ပုဒ္မ ၄၁၇ နဲ႔ တရားစြဲဆိုခံခဲ့ရၿပီး လက္ရွိအခ်ိန္ထိ အမႈရင္ဆိုင္ေနရသူျဖစ္ပါတယ္။ အဲဒီအမႈကလည္း လာမည့္ ၂ဝ၂၄ ခုႏွစ္ဆိုရင္ ၅ ႏွစ္ျပည့္ေတာ့မွာပါ။ ကာမလိမ္လည္မႈနဲ႔တရားရင္ဆိုင္တာ မၿပီးျပတ္ေသးခင္မွာဘဲ ေနာက္ထပ္ ေငြေၾကး လိမ္လည္မႈ အပါအဝင္ အလႊဲသုံးစားလုပ္မႈ၊ ဂုဏ္သိကၡာက်ဆင္းေအာင္လုပ္ေဆာင္ စတဲ့အမႈ သုံးမႈကိုပါ ထပ္မံ ရင္ဆိုင္ရေတာ့မွာျဖစ္ပါတယ္။ ဒါေပမယ့္ ေဝဠဳေက်ာ္ကေတာ့ သူ႔အေနနဲ႔က ေဒၚေဆြေဆြသင္းနဲ႔ ထပ္မံ ညႇိႏႈိင္းဖို႔ မရွိေတာ့ဘဲ တရား႐ုံးမွာပဲ ဦးတိုက္ေျဖရွင္းသြားမွာျဖစ္တယ္လို႔ ေျပာဆိုထားပါတယ္။

သ႐ုပ္ေဆာင္‌ေဝဠဳေက်ာ္ကို ေဒၚေဆြေဆြသင္းက သကၤန္းကြၽန္းၿမိဳ႕နယ္တရား႐ုံးမွာ ရာဇဝတ္ႀကီးအမႈ အမွတ္ (၅၉၄/၂ဝ၂၃)၊ ရာဇသတ္ႀကီးပုဒ္မ ၄၁၇ နဲ႔ ဦးတိုက္ေလွ်ာက္ထား တရားစြဲဆိုထားၿပီး၊ ႏိုင္ငံျခားသားက ႏိုင္ငံသား မွတ္ပုံတင္ကဒ္ လက္ဝယ္ကိုင္ေဆာင္ထားတယ္လို႔ဆိုကာ တိုင္ၾကားထားတဲ့အတြက္ေၾကာင့္လို႔ဆိုကာ ဂုဏ္သိကၡာ က်ဆင္းမႈ၊ စိတ္ဆင္းရဲရမႈအတြက္ သကၤန္းကြၽန္းခ႐ိုင္တရား႐ုံးမွာ တရားမႀကီးအမႈ အမွတ္(၃၅၁/၂ဝ၂၃) နဲ႔ အမႈ ၁ မႈ၊ ကမာ႐ြတ္ၿမိဳ႕နယ္တရား႐ုံးမွာ ရာဇဝတ္ႀကီးအမႈအမွတ္ (၂၇၆/၂ဝ၂၃) ရာဇသတ္ႀကီးပုဒ္မ ၄ဝ၆ အမႈ ၁ မႈ၊ စုစုေပါင္း အမႈ ၃ မႈနဲ႔ တရားစြဲဆိုထားျခင္းျဖစ္ပါတယ္။

လက္ရွိမွာေတာ့ သကၤန္းကြၽန္းၿမိဳ႕နယ္တရား႐ုံးအမႈကို တရားလိုဘက္ကို စတင္စစ္ေဆးေနဆဲျဖစ္ၿပီး၊ ႐ုံးခ်ိန္း ၄ ခ်ိန္း ၅ ခ်ိန္းထိ ရွိၿပီျဖစ္တယ္လို႔ သိရပါတယ္။
စစ္ေဆးဆဲျဖစ္တာေၾကာင့္ အမႈဟာ ထူးျခားမႈမရွိေသးေပမယ့္ ျပစ္မႈထင္ရွားပါက ပုဒ္မ ၄၁၇ ရဲ႕ျပဌာန္းခ်က္အရ ေထာင္ဒဏ္ ၃ ႏွစ္က်ခံရမွာျဖစ္တယ္လို႔ သိရကာ ဒဏ္ေၾကး၊ ေငြေၾကး ျပန္ေပးျခင္း/မေပးျခင္းနဲ႔ မသက္ဆိုင္ဘူးလို႔ သိရပါတယ္။ လာမယ့္႐ုံးခ်ိန္းကိုေတာ့ ၂ဝ၂၄ ခုႏွစ္ ဇန္နဝါရီလ ၅ ရက္ေန႔မွာ ခ်ိန္းဆိုထားတာျဖစ္ပါတယ္။

အလားတူ ေဝဠဳေက်ာ္နဲ႔ ေဒၚသင္းသင္းေဆြ ကိစၥလိုပဲ ေနာက္ထပ္စိတ္ဝင္စားဖို႔ေကာင္းေနတဲ့သတင္းက ႐ုပ္ရွင္ ေလာကထဲမွာ တစ္ခါမွမျဖစ္ဖူးေသးဘူးလို႔ ေျပာလို႔ရႏိုင္တဲ့သတင္းပါ။ မင္းသား အေျပာင္းအလဲလုပ္႐ုံမက ဒါ႐ိုက္တာ၊ ဇာတ္လမ္း၊ ဇာတ္ၫႊန္းနဲ႔ ဇာတ္ပို႔သ႐ုပ္ေဆာင္ေတြကိုပါ အေျပာင္းအလဲလုပ္ခဲ့တဲ့ “ေအာင္ျမတ္သာ ဂမၼီရ” ဇာတ္လမ္းတြဲျပႆနာကလည္းေတာ္ေတာ္ကို စိတ္ဝင္စားဖို႔ေကာင္းပါတယ္။ ဒီရက္ပိုင္းအတြင္း ေဖ့ဘြတ္ စာမ်က္ႏွာထက္မွာ ေအာင္ျမတ္သာဇာတ္လမ္းတြဲကို မင္းသားစစ္ႏိုင္နဲ႔ ႐ိုက္ကူးမွသာ ဇာတ္လမ္းတြဲကို ဆက္ၾကည့္ မယ္ဆိုတဲ့သူေတြက မ်ားျပားေနၿပီး၊ စိန္ေဌး႐ုပ္ရွင္ထုတ္လုပ္ေရး အပါအဝင္ လူေျပာင္း႐ိုက္မယ့္ မင္းသားေနရာကို လက္ခံခဲ့မိ တဲ့ ထြန္းကိုကို နဲ႔ ဒါ႐ိုက္တာညိဳမင္းလြင္ကေတာ့ ပရိသတ္မ်ားစြာရဲ႕ေဝဖန္ေျပာဆိုျခင္းေတြကို ခံေနရ တာပါ။
“ေအာင္ျမတ္သာ ဂမၼီရ” ဇာတ္လမ္းတြဲကို ဇာတ္ၫႊန္းဖိုးေက်ာ္၊ ဒါ႐ိုက္တာ သီဟမင္းညီ တို႔က ပုံေဖာ္႐ိုက္ကူးထားၿပီး အဓိကမင္းသားအျဖစ္ စစ္ႏိုင္၊ အဓိကဇာတ္ပို႔အျဖစ္ လင္းေအာင္၊ မ်ိဳးကိုတို႔က ပါဝင္ထားၾကတာပါ။
“ေအာင္ျမတ္သာ ဂမၼီရ” ဇာတ္လမ္းတြဲကို ႏွစ္အပိုင္းအျခားတစ္ခု အခ်ိန္ယူ ဖန္တီးခဲ့ၾကျခင္းမ်ိဳးျဖစ္ၿပီး ႐ုပ္သံ ခ်န္နယ္လိုင္းတစ္ခုမွာ ထုတ္လႊင့္ျပခဲ့ရာ “ေအာင္ျမတ္သာ ဂမၼီရ” ဇာတ္လမ္းတြဲကို ၾကည့္ရႈသူပရိသတ္ေတြက လက္ခံအားေပးခဲ့ၾက႐ုံမက ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ မင္းသားစစ္ႏိုင္ဟာလည္း အေတာ္ေလးကို ပရိသတ္ အားေပးမႈ၊ ေအာင္ျမင္မႈတစ္ေနရာကို ရရွိလာတာျဖစ္ပါတယ္။ အဆိုပါဇာတ္လမ္းတြဲကို ႐ုပ္သံခ်န္နယ္ေပၚမွာ အပိုင္းလိုက္ခြဲျပေနျခင္းမ်ိဳးျဖစ္ပါတယ္။ သို႔ေသာ္ စိန္ေဌး႐ုပ္ရွင္ထုတ္လုပ္ေရးဘက္က ေနာက္ထပ္႐ိုက္ကူးမယ့္ အပိုင္းအသစ္ေတြကို မင္းသား ေျပာင္းလဲသြားမွာျဖစ္ေၾကာင္း လက္ရွိ႐ိုက္ကူးေနဆဲျဖစ္တဲ့ မင္းသားစစ္ႏိုင္ကို အသိေပးခဲ့ျခင္းမရွိဘူးလို႔ သိရပါတယ္။ အဲဒီသတင္းကို မင္းသားစစ္ႏိုင္ကို လိုင္းေပၚကေနတဆင့္ အသိေပးခဲ့ျခင္း မ်ိဳးျဖစ္တယ္လို႔ေတာ့ သိရပါတယ္။

ဒီအခ်က္ကိုၾကည့္ျခင္းအားျဖင့္ ထုတ္လုပ္သူအေနနဲ႔ ကိုယ္နဲ႔အလုပ္တြဲလုပ္ေနတဲ့သူအေပၚမွာ ေလးစားမႈမရွိဘူး ဆိုတာကိုေတာ့ ေတြ႕ျမင္ရပါတယ္။ သို႔ေသာ္ ႏွစ္ဥ◌ီးႏွစ္ဖက္ၾကားမွာ ဘယ္လိုျပႆနာေတြ ရွိခဲ့လို႔လဲဆိုတာ ကေတာ့ မသိရပါဘူး။

မင္းသား ေျပာင္းလဲ႐ိုက္ကူးမယ့္ကိစၥထက္ ႀကိဳတင္အသိေပးျခင္းမရွိခဲ့တဲ့လုပ္ရပ္အေပၚ မင္းသားစစ္ႏိုင္တို႔ အဖြဲ႕ကေတာ့ ေတာ္ေတာ္ေလးကို ေဒါသထြက္ခဲ့ၾကပါတယ္။ ဒါ့ေၾကာင့္လည္း စစ္ႏိုင္နဲ႔ အျခားေသာ သ႐ုပ္ေဆာင္ မ်ား အပါအဝင္ ဒါ႐ိုက္တာနဲ႔ ဇာတ္ၫႊန္ဆရာတို႔ကပါ မီဒီယာေတြကေနတဆင့္ ထုတ္လုပ္ေရးဘက္ကို ေမးခြန္း မ်ားစြာ ထုတ္ခဲ့ၾကပါတယ္။
မင္းသားအေျပာင္းအလဲလုပ္မယ္ဆိုရင္ ေအာင္ျမတ္သာ ဇာတ္႐ုပ္ရဲ႕ေနာက္လိုက္မ်ားအျဖစ္ ပါဝင္ထားတဲ့ သ႐ုပ္ေဆာင္ေတြကလည္း မ႐ိုက္ကူးေတာ့ေၾကာင္း၊ ဒါ့အျပင္ “ေအာင္ျမတ္သာ ဂမၼီရ” ဇာတ္လမ္းတြဲကို ပုံေဖာ္ ႐ိုက္ကူးတဲ့ ဇာတ္ၫႊန္းဖိုးေက်ာ္၊ ဒါ႐ိုက္တာ သီဟမင္းညီ တို႔ကလည္း ဆက္လက္မ႐ိုက္ကူးေတာ့ေၾကာင္း ေျပာခဲ့ၾက တာပါ။

မင္းသားစစ္ႏိုင္အေနနဲ႔ကေတာ့ “သူတို႔အဖြဲ႕သားေတြရဲ႕ေပးဆပ္ႀကိဳးစားမႈႀကီးက အခုမွ အရာထင္လာခ်ိန္ ေအာင္ျမင္ေနေတာ့မွ အခုလိုမ်ိဳး မင္းသားေျပာင္းလိုက္တာဟာ ေစာ္ကားသလို ခံစားရေၾကာင္း၊ ပရိသတ္က စစ္ႏိုင္သည္ ေအာင္ျမတ္သာ၊ ေအာင္ျမတ္သာသည္ စစ္ႏိုင္လို႔ သတ္မွတ္ထားၿပီျဖစ္တာကို ဘာေၾကာင့္ အခုလို မေက်မနပ္ျဖစ္တာလဲ၊ သူတို႔႐ိုက္ကူးမႈေတြက ဘာမ်ားလိုအပ္လို႔လဲ၊ သ႐ုပ္ေဆာင္တာ မေတာ္လို႔လား၊ ဇာတ္လမ္း တြဲ မေအာင္ျမင္လို႔လား။ ေငြရွိရင္ ဘာမဆိုလုပ္ႏိုင္တဲ့ေခတ္မွာ ဘာမ်ားတတ္ႏိုင္အုံးမွာလဲလို႔ စစ္ႏိုင္က ထုတ္လုပ္ေရးဘက္ကို မီဒီယာေတြကေနတဆင့္ ေမးခြန္းထုတ္ထားတာပါ။

ဒါေပမယ့္လည္း စိန္ေဌး႐ုပ္ရွင္ထုတ္လုပ္ေရးဘက္ကေတာ့ တစ္စုံတစ္ရာတုံ႔ျပန္ေျဖရွင္းထားတာ မရွိေပမယ့္ ထပ္မံ အသစ္႐ိုက္ကူးမယ့္ ဇာတ္လမ္းတြဲအပိုင္းေတြကို ႐ိုက္ကူးေပးဖို႔ တာဝန္ေျပာင္းယူခဲ့တဲ့ ဒါ႐ိုက္တာညိဳမင္းလြင္ ကေတာ့ “ေအာင္ျမတ္သာ ဇာတ္လမ္းတြဲကို လူႀကိဳက္မ်ားေနတယ္လို႔ေတာ့ သိထားရပါတယ္။ ဒါေပမယ့္ မၾကည့္ဖူးေသးေၾကာင္း နဲ႔ မင္းသားေျပာင္း႐ိုက္ဖို႔ စီစဥ္ထားေၾကာင္း၊ စိန္ေဌး႐ုပ္ရွင္ထုတ္လုပ္ေရးဆိုတာ ခင္မင္ သလို ေက်းဇူးရွင္လည္းျဖစ္ခဲ့ဖူးတဲ့အတြက္ ဒါ႐ိုက္တာအျဖစ္ ကမ္းလွမ္းတာကိုလက္ခံခဲ့ျခင္းျဖစ္ေၾကာင္း” ေျပာထားပါတယ္။ ဒါ့အျပင္ ၄င္းအေနနဲ႔ လက္ရွိမွာ မင္းသားေျပာင္းလို႔၊ ဒါ႐ိုက္တာေျပာင္းလို႔ဆိုၿပီး ေဝဖန္ေနၾကတဲ့ အေပၚ “ႏိုင္ငံတကာမွာေတာင္ ဂ်ိန္းစဘြန္းလ္ဇာတ္ကားဆိုတာ တစ္ကားၿပီး တစ္ကား မင္းသားေျပာင္း႐ိုက္ၾကတာ ပါပဲ” လို႔ တုံ႔ျပန္ထားပါတယ္။

“ေအာင္ျမတ္သာ” အသစ္ျဖစ္လာမယ့္ မင္းသားထြန္းကိုကိုကေတာ့ လက္ရွိ ေဝဖန္ေျပာဆိုခံေနရမႈေတြနဲ႔ ပတ္သက္ ၿပီး တုံ႔ျပန္ေျပာထားတာမ်ိဳး မရွိေသးပါဘူး။ အဲဒါေၾကာင့္လည္း လူမႈကြန္ရက္တစ္ခြင္မွာေတာ့ တဖက္တည္းက စကားသံေတြကိုသာ နားေထာင္ေနရျခင္းမ်ိဳးျဖစ္ၿပီး အျခားေသာ ထုတ္လုပ္ေရးဘက္က ေျပာဆိုမႈေတြကိုေတာ့ မသိရ မၾကားရေသးတာပဲျဖစ္ပါတယ္။

အားလုံးသိၾကတဲ့အတိုင္း အႏုပညာေလာကဆိုတာ ရႈပ္ေထြးလြန္းၿပီး တစ္ရက္နဲ႔တစ္ရက္ တစ္ပတ္နဲ႔တစ္ပတ္ ျပႆနာေပါင္းမ်ားစြာကို ေတြ႕ျမင္ေနရသလို အျခားတဖက္မွာလည္း မဂၤလာပြဲေပါင္းမ်ားစြာက်င္းပၿပီး ၾကည္ႏူး ေပ်ာ္႐ႊင္စရာေတြနဲ႔လည္း ျပည္ႏွက္လို႔ေနပါတယ္။ အခု ၂ဝ၂၃ ခုႏွစ္မကုန္ခင္မွာပဲ ျမန္မာ့အႏုပညာေလာက က ထိပ္တန္းစာရင္းဝင္ထားတဲ့ ထပ္ဆင့္အကယ္ဒမီ ဝတ္မႈန္ေ႐ႊရည္ အပါအဝင္ အိေခ်ာပို၊ သြန္းဆက္၊ နန္းစႏၵာလွထြန္း၊ ေတးသံရွင္း နီနီခင္‌ေဇာ္၊ ေတးသံရွင္ သ႐ုပ္ေဆာင္ေနဝင္း စတဲ့ အႏုပညာရွင္ေတြဟာ ေရွ႕ဆင့္ ေနာက္ဆင့္ဆိုသလို မဂၤလာပြဲေပါင္းမ်ားစြာကို ေပ်ာ္ခမ္းနားႀကီးက်ယ္စြာ က်င္းပခဲ့ၾကပါတယ္။
အဲဒီထဲမွာမွ လူစိတ္ဝင္စားမႈအမ်ားဆုံးျဖစ္ခဲ့ၿပီး မဂၤလာပြဲအေရအတြက္ အမ်ားဆုံးလုပ္ခဲ့တယ္လို႔ဆိုႏိုင္တဲ့ ထပ္ဆင့္ အကယ္ဒမီ ဝတ္မႈန္ေ႐ႊရည္ (ေခၚ) ကစ္ကစ္ရဲ႕ မဂၤလာပြဲအခမ္းအနားေတြပဲျဖစ္ပါတယ္။ ဝတ္မႈန္ေ႐ႊရည္က အလွမယ္မိုးစက္ဝိုင္နဲ႔အစ္ကိုအရင္းေတာ္စပ္သူ ျမန္မာႏိုင္ငံက စီးပြားေရးလုပ္ငန္းရွင္းတစ္ဥ◌ီးျဖစ္သူ၊ VeVe အခ်ိဳရည္လုပ္ငန္းပိုင္ရွင္ ကိုႏိုင္ၿဖိဳးေက်ာ္နဲ႔ ထိမ္းျမားလက္ထပ္ခဲ့ၾကတာျဖစ္ပါတယ္။ ကိုႏိုင္ၿဖိဳးေက်ာ္နဲ႔ ဝတ္မႈန္ေ႐ႊရည္တို႔ဟာ မဂၤလာပြဲ ၇ ပြဲထိ က်င္းပခဲ့ၾကတာျဖစ္ၿပီး PreWedding ဓါတ္ပုံေတြကိုလည္း ျပည္ပႏိုင္ငံ ၃ ႏိုင္ငံနဲ႔အထက္ သြားေရာက္႐ိုက္ကူးခဲ့ၾကတာျဖစ္ပါတယ္။ ဝတ္မႈန္ေ႐ႊရည္က သူရဲ႕ပထမဆုံးမဂၤလာဧည့္ခံပြဲအခမ္း အနားကိုေတာ့ တ႐ုတ္ႏိုင္ငံ ကူမင္းၿမိဳ႕ရွိ ဂ်ိတ္ဒရယ္ဂြန္ေရခဲေတာင္တန္းမွာ မိသားစု၊ ေဆြမ်ိဳးမ်ားနဲ႔အတူ မဂၤလာ ဧည္ခံပြဲက်င္းပကာ သူမရဲ႕စိတ္ကူးထဲက အတိုင္းပုံေဖာ္ခဲ့တာျဖစ္တယ္လို႔ ေျပာျပထားပါတယ္။ တ႐ုတ္ႏိုင္ငံမွာပဲ မဂၤလာညစာစားပြဲက်င္းပခဲ့ၿပီး၊ အမ်ိဳးသားျဖစ္သူရဲ႕တ႐ုတ္႐ိုးရာအတိုင္းလည္း မဂၤလာပြဲက်င္းပခဲ့ပါေသးတယ္။ ေရခဲေတာင္မွာျပဳလုပ္ခဲ့တဲ့ ကိုႏိုင္ၿဖိဳးေက်ာ္နဲ႔ ဝတ္မႈန္ေ႐ႊရည္တို႔ရဲ႕မဂၤလာပြဲပုံရိပ္ေလးေတြ ထြက္ေပၚလာခ်ိန္မွာ ေတာ့ အစ္မတစ္ဝမ္းကြဲျဖစ္သူ ထပ္ဆင့္အကယ္ဒမီေဖြးေဖြး တက္ေရာက္ခဲ့ျခင္းမရွိတာေၾကာင့္လည္း အနည္းငယ္ ေတာ့ ပရိသတ္ေတြက ေမးခြန္းထုတ္ခဲ့ၾကပါေသးတယ္။

ဆက္လက္ၿပီး ဝတ္မႈန္ေ႐ႊရည္ဟာ ျမန္မာႏိုင္ငံမွာ မဂၤလာ လက္မွတ္ေရးထိုးပြဲ၊ ဝတ္မႈန္ေ႐ႊရည္ဟာ ရွမ္း-ဗမာကျပားမေလးျဖစ္တာေၾကာင့္ ရွမ္း႐ိုးရာအတိုင္းလည္း မဂၤလာအလႉျပဳလုပ္ခဲ့ပါေသးတယ္။ မဂၤလာဦးအလႉအျဖစ္ ရန္ကုန္ၿမိဳ႕ရွိ ႏွင္းဆီကုန္း ဘိုးဘြားရိပ္သာ ေက်ာင္း အတြက္ တသက္တာ အာဟာရဒါနအလႉ၊ ခိုင္ႏွင္းေဝ ရင္ခြင္ရိပ္ၿမဳံေဂဟာက ကေလးေတြအတြက္ သိန္းတစ္ရာ တန္ဖိုးရွိ ပစၥည္းမ်ား၊ စိတ္က်န္းမာေရးေဆး႐ုံႀကီးအတြက္ တသက္တာအာဟာရဒါနအလႉ ႏွင့္ ျမန္မာႏိုင္ငံ႐ုပ္ရွင္ အစည္းအ႐ုံးက စက္မႈအဖြဲ႕သား အေယာက္ ၄ဝဝ ေက်ာ္အတြက္ ဆန္တစ္အိတ္နဲ႔ ဆီတစ္ဗူး စတဲ့ ေနရာ (၄) ေနရာ အတြက္ အလႉေငြမ်ား ေပးအပ္ လႉဒါန္းခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဇင္ဘာလ ၂ဝ ရက္မွာေတာ့ ရန္ကုန္ၿမိဳ႕ရွိ ႏိုဗိုတယ္ဟိုတယ္မွာ ေဆြမ်ိဳးမိတ္ေဆြမ်ား၊ အႏုပညာညီအစ္ကိုေမာင္ႏွမ်ားနဲ႔အတူ ျမန္မာ့႐ိုးရာထုံးတမ္း အစဥ္ အလာအတိုင္း စုလ်ားရစ္ပတ္မဂၤလာပြဲအခမ္းအနားကို ခမ္းနားႀကီးက်ယ္စြာ က်င္းပခဲ့ၾကပါတယ္။ အဆိုပါပြဲ အခမ္းအနားကိုေတာ့ အစ္မတစ္ဝမ္းကြဲျဖစ္သူ ထပ္ဆင့္အကယ္ဒမီေဖြးေဖြးဟာ သူမရဲ႕မိခင္နဲ႔အတူ ပြဲအခမ္းအနားသို႔ တက္ေရာက္လာၿပီး ညီမျဖစ္သူ ဝတ္မႈန္ေ႐ႊရည္နဲ႔အတူ တြဲ႐ိုက္ထားတဲ့ဓါတ္ပုံကို ေဖြးေဖြး ကိုယ္တိုင္က သူမရဲ႕လူမႈကြန္ရက္ေပၚမွာ ျပန္လည္မွ်ေဝကာ ဂုဏ္ျပဳစကားဆိုခဲ့တာျဖစ္ပါတယ္။ ေဖြးေဖြးနဲ႔ဝတ္မႈန္ေ႐ႊရည္တို႔ ညီအစ္မႏွစ္ဦးရဲ႕ လွပၿပီး က်က္သေရရွိလွတဲ့ပုံေလးေတြကို ပရိသတ္ေတြက သေဘာက်ခဲ့ၾကပါေသးတယ္။ တစ္ရက္သာငယ္တဲ့ ညီမ ဝတ္မႈန္ေ႐ႊရည္ကေတာ့ ေဖြးေဖြးကို ေက်ာ္တက္သြားၿပီး လာမယ့္ ၂ဝ၂၄ ခုႏွစ္မွာက တ႐ုတ္႐ိုးရာအရ နဂါးႏွစ္ျဖစ္တာေၾကာင့္ သူမနဲ႔နဂါးႏွစ္ခ်င္းတူတဲ့ ကေလးေလးယူဖို႔ စဥ္းစားေနတယ္လို႔လည္း ဆိုထားပါတယ္။

ျမန္မာႏိုင္ငံရဲ႕ထိတ္တန္းမင္းသမီးစာရင္းထဲမွာ ပါဝင္ထားတဲ့ ေဖြးေဖြးနဲ႔ ဝတ္မႈန္ေ႐ႊရည္မွာ ဝတ္မႈန္ေ႐ႊရည္က အိမ္ေထာင္က်သြားၿပီဆိုေတာ့ ပရိသတ္ေတြကလည္း ေဖြးေဖြးရဲ႕မဂၤလာသတင္းကိုလည္း ေမွ်ာ္လင့္သူလည္း ရွိသလို အပ်ိဳႀကီးပဲလုပ္ဖို႔ တိုက္တြန္းေနၾကသူေတြလည္း မ်ားစြာရွိေနပါတယ္။

အလားတူပါပဲ ဒီႏွစ္အတြင္းမွာ က်င္းပခဲ့တဲ့ အႏုပညာရွင္ေတြရဲ႕မဂၤလာပြဲတိုင္းဟာ ခမ္းနားခဲ့ၾကၿပီး အေတာ္ေလးကို ပရိသတ္ေတြ ရင္ထဲကို ၾကည္ႏူးေပ်ာ္႐ႊင္မႈေတြေပးႏိုင္ခဲ့ပါတယ္။ ေပ်ာ္႐ႊင္ၾကည္ႏူးမႈေပးႏိုင္ခဲ့တဲ့ မဂၤလာပြဲမ်ားထဲမွာ ေတာ့ အဆိုေတာ္ ေနဝင္းတို႔စုံတြဲေလးကိုလည္း ခ်န္လွပ္ထားခဲ့လို႔ မျဖစ္ပါဘူး။

ေနဝင္းတို႔ဇနီးေမာင္ႏွံဟာ ၂ဝ၁၉ ခုႏွစ္ ႏွစ္ဦးသေဘာတူ လက္မွတ္ေရးထိုးခဲ့ၾကတာျဖစ္ေပမယ့္ ကိုဗစ္ေရာဂါ အေျခအေနေၾကာင့္ အပါအဝင္ ေငြေၾကးအေျခအေနအရ မဂၤလာပြဲက်င္းပႏိုင္ခဲ့ျခင္းမရွိဘဲ သုံးႏွစ္ၾကာၿပီးမွသာ ႏွစ္ဦးသားစလုံးရဲ႕စိတ္ကူးအိပ္မက္ျဖစ္တဲ့ မဂၤလာပြဲအခမ္းအနားကို လက္ေတြ႕အေကာင္အထည္ေဖာ္ခဲ့ၾကတာ ျဖစ္ပါတယ္။

ေနဝင္းဟာ ၄င္းတို႔ခ်စ္သူသက္တမ္း ၁ဝ ႏွစ္ျပည့္မွာ အိမ့္ခ်စ္ေခ်ာကို New Year Show ပြဲက်င္းပေနစဥ္ ပရိသတ္ေတြေရွ႕မွာ တရားဝင္လက္ထပ္ခြင့္ေတာင္းခဲ့တာျဖစ္ၿပီး၊ တစ္ႏွစ္အၾကာမွာ လက္ထပ္ခဲ့ၾကတာျဖစ္ပါ တယ္။ သူတို႔စုံတြဲဟာ ခ်စ္သူသက္တမ္း ၁၄ ႏွစ္ၾကာခ်ိန္မွ မဂၤလာပြဲအခမ္းအနားကိုလုပ္ႏိုင္ခဲ့ျခင္းျဖစ္ၿပီး မဂၤလာပြဲအခမ္းအနားမွာ ေနဝင္းေျပာခဲ့တဲ့ “ဘယ္လိုအေျခအေနမ်ိဳးေတြမွာပဲျဖစ္ျဖစ္ အတူတူျဖတ္သန္းခဲ့ၾကတဲ့ အစေတြကို ဘယ္ေတာ့မွ မေမ့ပါဘူး” ဆိုတဲ့ စကားဟာလည္း လူငယ္ေတြရဲ႕ရင္ထဲ အေတာ္ေလးသေဘာက်ေစခဲ့ ၿပီး၊ Heart ထိေစခဲ့တဲ့ ခ်စ္စကားေလးေတြျဖစ္ပါတယ္။

သူတို႔စုံတြဲဟာ အဆိုေတာ္ေနဝင္းရဲ႕ခ်စ္တတ္ေပးမႈႀကီးနဲ႔ အိမ့္ခ်စ္ေခ်ာရဲ႕သစၥာတရား၊ ေမတၱာတရားကလည္း အလြန္ကိုႀကီးမားတာေၾကာင့္ လူငယ္ေတြၾကားထဲမွာ အေတာ္ေလးကို ေရပန္းစားတဲ့စုံတြဲပါ။ အမ်ိဳးသမီးထုဆို လည္း ဦးေနဝင္းလို႔ ေကာင္ေလးမ်ိဳးကို အလိုရွိေၾကာင္း ဆိုရွယ္မီဒီယာမွာ ေရးသားေဖာ္ျပေလ့ရွိၾကပါတယ္။ ေနဝင္းဟာ လက္ရွိမွာေတာ့ သ႐ုပ္ေဆာင္အလုပ္ကိုလည္း လုပ္ကိုင္ေနၿပီး၊ ၄င္းဟာ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ စာရိတၱ႐ုပ္ရွင္ဇာတ္ကားႀကီးဟာ လက္ရွိမွာ ႐ုံတင္ျပသေနၿပီျဖစ္ပါတယ္။ ေနဝင္းဟာ ထပ္ဆင့္အကယ္ဒမီ ခ်ိဳၿပဳံးကိုယ္တိုင္က ထပ္ဆင့္အကယ္ဒမီမင္းသားႀကီး ေက်ာ္ဟိန္းငယ္ငယ္က ပုံစံေလးကိုၾကည့္ရသလို ခံစားရ ေၾကာင္း ခ်ီးက်ဴးစကားေျပာဆိုခံထားရသူျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ ေနဝင္းကို ေက်ာ္ဟိန္း အငယ္စား ေလးလို႔ တင္စားေခၚေဝၚေနၾကၿပီး သ႐ုပ္ေဆာင္ပိုင္းမွာလည္း ေအာင္ျမင္မႈေတြ ရရွိေနတာျဖစ္ပါတယ္။

အႏုပညာသမားေတြဟာလည္း လူသားထဲက လူသားေတြပဲမို႔ ျပႆနာေပါင္းစုံျဖစ္ေပၚၿပီး စာဖတ္သူတို႔အေပၚ စိတ္ခံစားမႈအမ်ိဳးမ်ိဳးေပးစြမ္းႏိုင္တာေၾကာင့္ စိတ္ခ်မ္းေျမ့စရာ ေကာင္းေသာအရာမ်ားသာမွတ္သားၿပီး စိတ္ရႈပ္စရာအမႈိက္မ်ားကို လ်စ္လ်ဴရႈရင္း ဘဝကို ျဖတ္သန္းႏိုင္ၾကပါေစ။

အဆုံးထိ စိတ္ဝင္တစားဖတ္ရႈေပးတဲ့အတြက္ေက်းဇူး တင္ပါတယ္။

Related news

© 2021. All rights reserved.