သီပေါမြို့ နှင့် နမ္မတူမြို့ကြားရှိ မိုးတေတံတား မိုင်းခွဲဖျက်ဆီးခံရ

1729
Pearl (NP News) - ဒီဇင်ဘာ ၂၉
သီပေါမြို့ နှင့် နမ္မတူမြို့ကြားရှိ မိုးတေတံတား မိုင်းခွဲဖျက်ဆီးခံရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့မြောက်ဘက် (၉) မိုင်ကျော်အကွာ၊ မိုးတေရွာ မြောက်ဘက်၊ သီပေါမြို့ နှင့် နမ္မတူမြို့ကြားရှိ ဒုဌဝတီမြစ်(မြစ်ငယ်) ပေါ်တွင် တည် ဆောက်ထားသည့် မိုးတေတံတားသည် ဒီဇင်ဘာလ (၂၈) ရက်၊ ညနေ ၆ နာရီခန့်တွင် မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
"မနေ့က ညပိုင်းလောက်က အချိုးခံရတာပေါ့။ သီပေါကနေ နမ္မတူကိုလည်း တိုက်ရိုက်သွားလို့ရတယ်။ မိုးတေတံ တားက သီပေါ- နမ္မတူကြား၊ လားရှိုး-နမ္မတူကြားပေါ့။ လားရှိုးကနေ မန္တလေးဘက်ကို သွားမယ်ဆိုရင် (၂)လမ်းရှိတာပေါ့။ အဲဒီတစ်လမ်းရယ်၊ နောက်ထပ် နမ့်ပေါင်တံတားရယ်။ အခု တစ်လမ်းပျက်သွားတော့ လားရှိုးကထွက်ရင် တစ်လမ်းပဲ ကျန်တော့တာပေါ့" ဟု ဒေသခံတစ်ဦးက NP News ကို ပြောသည်။
အဆိုပါမိုးတေတံတားသည် သီပေါ - နမ္မတူ - မန်တုံ - နမ့်ဆန်မြို့ တို့ကို အဓိက ဆက်သွယ်ထားသော တံတားတစ်စင်းဖြစ်ပြီး မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ပျက်စီးသွားခဲ့သဖြင့် ကားကြီးများသွား၍ မရတော့ကြောင်း သိရသည်။
လက်ရှိတွင် ယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်ရန် အတွက် ပျက်စီးသွားသည့် နေရာများအား ဒေသခံများမှ ပြုပြင်လျက်ရှိကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၇ ရက်မှစတင်ကာ နမ္မတူမြို့ရှိ အမှတ် (၃၂၄)ခြေမြန်တပ်ရင်း နှင့် နမ္မတူမြို့ရှိ နေရာအချို့အား TNLA နှင့် PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၂၇ ရက် ညပိုင်းတွင် နမ္မတူတစ်မြို့လုံးနီးပါးကို ထိန်းချုပ်ထားနိုင်ကြောင်းသိရသည်။
ပြီးခဲ့သော နိုဝင်ဘာလတွင်လည်း TNLA ပူပေါင်းအဖွဲ့က ကျင်သီတံတားအနီးရှိ လုံခြုံရေးစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် ကျင်သီတံတားအား မိုင်းခွဲဖျက်ဆီးသွားခဲ့သည်။ ရှမ်းမြောက်တွင်လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တံတားအများစုသည် ချိုးဖျက်ခံထားရသည်။

zawgyi version
သီေပါၿမိဳ႕ ႏွင့္ နမၼတူၿမိဳ႕ၾကားရွိ မိုးေတတံတား မိုင္းခြဲဖ်က္ဆီးခံရ
Pearl (NP News) - ဒီဇင္ဘာ ၂၉
သီေပါၿမိဳ႕ ႏွင့္ နမၼတူၿမိဳ႕ၾကားရွိ မိုးေတတံတား မိုင္းခြဲဖ်က္ဆီးခံရေၾကာင္း ေဒသခံမ်ားထံမွ သတင္းရရွိသည္။
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ သီေပါၿမိဳ႕ေျမာက္ဘက္ (၉) မိုင္ေက်ာ္အကြာ၊ မိုးေတ႐ြာ ေျမာက္ဘက္၊ သီေပါၿမိဳ႕ ႏွင့္ နမၼတူၿမိဳ႕ၾကားရွိ ဒုဌဝတီျမစ္(ျမစ္ငယ္) ေပၚတြင္ တည္ ေဆာက္ထားသည့္ မိုးေတတံတားသည္ ဒီဇင္ဘာလ (၂၈) ရက္၊ ညေန ၆ နာရီခန႔္တြင္ မိုင္းခြဲဖ်က္ဆီးခံခဲ့ရေၾကာင္း သိရသည္။
"မေန႔က ညပိုင္းေလာက္က အခ်ိဳးခံရတာေပါ့။ သီေပါကေန နမၼတူကိုလည္း တိုက္႐ိုက္သြားလို႔ရတယ္။ မိုးေတတံ တားက သီေပါ- နမၼတူၾကား၊ လားရႈိး-နမၼတူၾကားေပါ့။ လားရႈိးကေန မႏၲေလးဘက္ကို သြားမယ္ဆိုရင္ (၂)လမ္းရွိတာေပါ့။ အဲဒီတစ္လမ္းရယ္၊ ေနာက္ထပ္ နမ့္ေပါင္တံတားရယ္။ အခု တစ္လမ္းပ်က္သြားေတာ့ လားရႈိးကထြက္ရင္ တစ္လမ္းပဲ က်န္ေတာ့တာေပါ့" ဟု ေဒသခံတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါမိုးေတတံတားသည္ သီေပါ - နမၼတူ - မန္တုံ - နမ့္ဆန္ၿမိဳ႕ တို႔ကို အဓိက ဆက္သြယ္ထားေသာ တံတားတစ္စင္းျဖစ္ၿပီး မိုင္းခြဲဖ်က္ဆီးခံရမႈေၾကာင့္ ပ်က္စီးသြားခဲ့သျဖင့္ ကားႀကီးမ်ားသြား၍ မရေတာ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ယာဥ္ငယ္မ်ား ျဖတ္သန္းသြားလာႏိုင္ရန္ အတြက္ ပ်က္စီးသြားသည့္ ေနရာမ်ားအား ေဒသခံမ်ားမွ ျပဳျပင္လ်က္ရွိေၾကာင္း သိရသည္။
ဒီဇင္ဘာလ ၁၇ ရက္မွစတင္ကာ နမၼတူၿမိဳ႕ရွိ အမွတ္ (၃၂၄)ေျချမန္တပ္ရင္း ႏွင့္ နမၼတူၿမိဳ႕ရွိ ေနရာအခ်ိဳ႕အား TNLA ႏွင့္ PDF ပူးေပါင္းအဖြဲ႕က ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး ဒီဇင္ဘာလ ၂၇ ရက္ ညပိုင္းတြင္ နမၼတူတစ္ၿမိဳ႕လုံးနီးပါးကို ထိန္းခ်ဳပ္ထားႏိုင္ေၾကာင္းသိရသည္။
ၿပီးခဲ့ေသာ ႏိုဝင္ဘာလတြင္လည္း TNLA ပူေပါင္းအဖြဲ႕က က်င္သီတံတားအနီးရွိ လုံၿခဳံေရးစခန္းကို ဝင္ေရာက္တိုက္ခိုက္ၿပီးေနာက္ က်င္သီတံတားအား မိုင္းခြဲဖ်က္ဆီးသြားခဲ့သည္။ ရွမ္းေျမာက္တြင္လက္ရွိ ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားေၾကာင့္ တံတားအမ်ားစုသည္ ခ်ိဳးဖ်က္ခံထားရသည္။