ပြည်သူ့ရင်ပြင်၌ ကျင်းပမည့် New Year Countdown ပွဲသို့လာရောက်သူများအတွက် YBS ယာဉ်များကို ည(၁၂)နာရီအထိ ပြေးဆွဲသွားမည်ဟုဆို

6762
စော (NP News) - ဒီဇင်ဘာ ၃၀
ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ ကျင်းပမည့် New Year Countdown ပွဲကို လာရောက်သူများ အပြန်အဆင်ပြေစေရေးအတွက် YBS ယာဉ်များကို ည (၁၂)နာရီအထိ ပြေးဆွဲသွားမည်ဖြစ်ကြောင်း YRTC ထံမှ သည်။

YRTC မှတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ယနေ့(ဒီဇင်ဘာလ ၃၀ ရက်)တွင် YRTC ရုံးချုပ်၌ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
2024 Yangon New Year Countdown ပွဲတော်ကို မနက်ဖြန် (ဒီဇင်ဘာ လ ၃၁ ရက်)၊ ညနေ (၆)နာရီမှစတင်၍ ကျင်းပသွားမည်ဖြစ်ပြီး ၎င်းပွဲတော်သို့ လာရောက်ဆင်နွှဲကြသူများ အပြန်ခရီးစဉ်အဆင်ပြေစေရေးအတွက် YBS ယာဉ်လိုင်း (၇)လိုင်း ပြေးဆွဲပေးရန် စီစဉ်ထားကြောင်း သိရသည်။
“ပြည်သူ့ရင်ပြင်ကို လာရောက်တဲ့ပြည်သူတွေ အပြန်ခရီးအဆင်ပြေအောင် ကျွန်တော်တို့အနေနဲ့ YBS ယာဉ်တွေ စီစဉ်ဆောင်ရွက်ထားပါတယ်။ Mini Bus ယာဉ်တွေကိုလည်း လိုအပ်သလို အသုံးပြုလို့အောင် အရန်သင့်ထားသွားမှာ ဖြစ်ပါတယ်”ဟု YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။
အဆိုပါ 2024 Yangon New Year Countdown ပွဲတော်တွင် နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ၊ DJ ပညာရှင်များ၊ အကအဖွဲ့များနှင့် မျိုးဆက်သစ်တေးသံရှင်များစွာတို့က ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး မီးရှူးမီးပန်းပစ်ဖောက်ခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းပွဲတော်သို့ လာရောက်သူများအတွက် ယာဉ်လိုင်း (၇)လိုင်းဖြစ်သည့် YBS (21) ၊ YBS (61) ၊ YBS (37) ၊ YBS (115) ၊ YBS (62) ၊ YBS (7) နှင့် YBS (8)တို့ကို မနက်ဖြန် (ဒီဇင်ဘာလ ၃၁ ရက်)၊ ည (၉)နာရီမှ ည (၁၂)နာရီအထိ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဦးစီးကျင်းပတဲ့ ဒီလိုမျိုး နှစ်သစ်ကူးပွဲတော်မှာ လာရောက်တဲ့ပြည်သူတွေ အပြန်ခရီး အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ထားတဲ့အတွက်ကြောင့် ပြည်သူတွေလာရောက်ပြီးတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ လာရောက်ဆင်နွှဲကြဖို့ ဖိတ်ခေါ်ပါတယ်”ဟု ၎င်းက တိုက် တွန်းထားသည်။
အလားတူ (၇၆)ကြိမ်မြောက် လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲအခမ်းအနားကိုလည်း နှစ်သစ်ကူးပွဲတော်အတိုင်း ယာဉ်လိုင်းများကို စီစဉ်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

zawgyi version
ျပည္သူ႔ရင္ျပင္၌ က်င္းပမည့္ New Year Countdown ပြဲသို႔လာေရာက္သူ မ်ားအတြက္ YBS ယာဥ္မ်ားကို ည(၁၂)နာရီအထိ ေျပးဆြဲသြားမည္ဟုဆို
ေစာ (NP News) - ဒီဇင္ဘာ ၃၀
ရန္ကုန္ၿမိဳ႕ရွိ ျပည္သူ႔ရင္ျပင္၌ က်င္းပမည့္ New Year Countdown ပြဲကို လာေရာက္သူမ်ား အျပန္အဆင္ေျပေစေရးအတြက္ YBS ယာဥ္မ်ားကို ည (၁၂)နာရီအထိ ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း YRTC ထံမွ သည္။
YRTC မွတြဲဖက္အတြင္းေရးမႉး ဦးလ်န္က်င့္မာန္က ယေန႔(ဒီဇင္ဘာလ ၃၀ ရက္)တြင္ YRTC ႐ုံးခ်ဳပ္၌က်င္းပေသာ သတင္းစာရွင္းလင္းပြဲတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
2024 Yangon New Year Countdown ပြဲေတာ္ကို မနက္ျဖန္ (ဒီဇင္ဘာ လ ၃၁ ရက္)၊ ညေန (၆)နာရီမွစတင္၍ က်င္းပသြားမည္ျဖစ္ၿပီး ၎ပြဲေတာ္သို႔ လာေရာက္ဆင္ႏႊဲၾကသူမ်ား အျပန္ခရီးစဥ္အဆင္ေျပေစေရးအတြက္ YBS ယာဥ္လိုင္း (၇)လိုင္း ေျပးဆြဲေပးရန္ စီစဥ္ထားေၾကာင္း သိရသည္။
“ျပည္သူ႔ရင္ျပင္ကို လာေရာက္တဲ့ျပည္သူေတြ အျပန္ခရီးအဆင္ေျပေအာင္ ကြၽန္ေတာ္တို႔အေနနဲ႔ YBS ယာဥ္ေတြ စီစဥ္ေဆာင္႐ြက္ထားပါတယ္။ Mini Bus ယာဥ္ေတြကိုလည္း လိုအပ္သလို အသုံးျပဳလို႔ေအာင္ အရန္သင့္ထားသြားမွာ ျဖစ္ပါတယ္”ဟု YRTC မွ တြဲဖက္အတြင္းေရးမႉး ဦးလ်န္က်င့္မာန္က ေျပာသည္။
အဆိုပါ 2024 Yangon New Year Countdown ပြဲေတာ္တြင္ ႏိုင္ငံေက်ာ္႐ုပ္ရွင္သ႐ုပ္ေဆာင္မ်ား၊ အဆိုေတာ္မ်ား၊ DJ ပညာရွင္မ်ား၊ အကအဖြဲ႕မ်ားႏွင့္ မ်ိဳးဆက္သစ္ေတးသံရွင္မ်ားစြာတို႔က ေဖ်ာ္ေျဖတင္ဆက္သြားမည္ျဖစ္ၿပီး မီးရႉးမီးပန္းပစ္ေဖာက္ျခင္းမ်ားျဖင့္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
၎ပြဲေတာ္သို႔ လာေရာက္သူမ်ားအတြက္ ယာဥ္လိုင္း (၇)လိုင္းျဖစ္သည့္ YBS (21) ၊ YBS (61) ၊ YBS (37) ၊ YBS (115) ၊ YBS (62) ၊ YBS (7) ႏွင့္ YBS (8)တို႔ကို မနက္ျဖန္ (ဒီဇင္ဘာလ ၃၁ ရက္)၊ ည (၉)နာရီမွ ည (၁၂)နာရီအထိ ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ ရန္ကုန္တိုင္းအစိုးရအဖြဲ႕ ဦးစီးက်င္းပတဲ့ ဒီလိုမ်ိဳး ႏွစ္သစ္ကူးပြဲေတာ္မွာ လာေရာက္တဲ့ျပည္သူေတြ အျပန္ခရီး အဆင္ေျပေခ်ာေမြ႕ေအာင္ ေဆာင္႐ြက္ထားတဲ့အတြက္ေၾကာင့္ ျပည္သူေတြလာေရာက္ၿပီးေတာ့ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ လာေရာက္ဆင္ႏႊဲၾကဖို႔ ဖိတ္ေခၚပါတယ္”ဟု ၎က တိုက္ တြန္းထားသည္။
အလားတူ (၇၆)ႀကိမ္ေျမာက္ လြတ္လပ္ေရးေန႔ ေပ်ာ္ပြဲ႐ႊင္ပြဲအခမ္းအနားကိုလည္း ႏွစ္သစ္ကူးပြဲေတာ္အတိုင္း ယာဥ္လိုင္းမ်ားကို စီစဥ္ေပးသြားမည္ျဖစ္ ေၾကာင္း သိရသည္။