လောက်ကိုင်မြို့ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)ကို MNDAA ပူးပေါင်းအဖွဲ့တိုက်ခိုက်လာ၍ နှစ်ဖက်တိုက်ပွဲ ပြင်းထန်

3385

မြူနစ် (NP News) - ဒီဇင်ဘာ ၃၁
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)ကို MNDAA ပူးပေါင်းအဖွဲ့ တိုက်ခိုက်လာသည့်အတွက် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
ကိုးကန့်လက်နက်ကိုင် MNDAA ပူးပေါင်းအဖွဲ့သည် ယနေ့(ဒီဇင်ဘာ ၃၁ ရက်) နံနက်အစောပိုင်းမှစတင်ကာ ဒကစ(လောက်ကိုင်) ကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“လောက်ကိုင်မှာရှိတဲ့ ဒကစကို ကိုးကန့်လက်နက်ကိုင်တွေက မနက်ကတည်းက တိုက်နေတာ။ တော်တော်လေး ပြင်းထန်တယ်။ အခုလည်း တိုက်နေကြတုန်းပဲ။ တပ်ဘက်ကလည်း စစ်ကူတွေ လာပို့ပြီးတော့ အင်အားဖြည့်နေတာတွေ့ရတယ်။ ပြီးတော့ လေကြောင်းပစ်ကူတွေနဲ့ ချေမှုန်းတိုက်ခိုက်နေတာလည်း ရှိတယ်” ဟု လောက်ကိုင်မြို့ခံတစ်ဦးက လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးပြောကြားထားသည်။
ဒကစ(လောက်ကိုင်) အား MNDAA ပူးပေါင်းအဖွဲ့များ တိုက်ခိုက်လာသည့်အတွက် တပ်မတော်ဘက်ကလည်း လေကြောင်း ပစ်ကူ၊ အမြောက်ပစ်ကူများဖြင့် ပြန်လည်ချေမှုန်းတိုက်ခိုက်နေလျက်ရှိကြောင်း သိရသည်။
“လောက်ကိုင်မြို့ထဲမှာတော့ MNDAA အဖွဲ့တွေပဲ ကြီးစိုးနေကြတာ။ တပ်က သူ့စခန်းထဲမှာပဲ နေနေတာ။ အပြင်ထွက်ပြီး တိုက်ခိုက်တာမျိုးတော့ မတွေ့ရဘူး။ မနေ့က ညကလည်း ပလောင်ရွာမှာရှိတဲ့ တပ်စခန်းကို လက်နက်ကိုင်တွေ သိမ်းလိုက်တယ်လို့ ကြားတယ်။ အခုတော့ ဒကစအလှည့် ရောက်ပြီဆိုပြီးတော့ ပြောနေကြတာ ရှိတယ်။ မြို့ထဲမှာရှိတဲ့ အန်တီ တို့ အိမ်တွေလည်း တော်တော်လေးကို ပျက်စီနေပြီ” ဟု လောက်ကိုင်မြို့ခံတစ်ဦးက ပြောသည်။
MNDAA ဦးဆောင်သော မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်(၃)ဖွဲ့သည် ပြီးခဲ့သော အောက်တိုဘာ ၂၇ ရက်မှ စတင်ကာ (၁၀၂၇ စစ်ဆင်ရေး)အမည်ဖြင့် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသအတွင်းရှိ လုံခြုံရေးစခန်းများကို အင်အားအလုံးအ ရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
အဆိုပါစစ်ဆင်ရေးကာလအတွင်း တပ်မတော်၏ လုံခြုံရေးစခန်းများ သိမ်းပိုက်ခံခဲ့ရသည့်ဖြစ်စဉ်များရှိခဲ့ဖူးပြီး လက်ရှိတွင် ၎င်းစစ်ဆင်ရေးသည် လောက်ကိုင်မြို့၌ ဆင်နွှဲနေလျက်ရှိသည်။
“အရင်ကဆိုရင် လောက်ကိုင်ကနေ ချင်းရွှေဟော်အထိ တပ်မတော်လုံခြုံရေးအဖွဲ့ရဲ့ ဂိတ်တွေက (၄)ဂိတ်လောက် ရှိတယ်။ အခုတစ်ခုမှ မရှိတော့ဘူး။ လောက်ကိုင်မြို့ထဲမှာဆိုရင် တိုက်ပွဲဖြစ်လို့ အိမ်တွေ၊ အဆောက်အဦးတွေ တော်တော်ပျက်စီးကုန်ပြီ။ အရင်ရက်ကဆိုရင် ရပ်ကွက်(၁)မှာရှိတဲ့ ဈေးလည်း မီးလောင်သွားတယ်။ တော်တော်လေးလည်း ပျက်စီးနေပြီ။ အန်တီတို့ အိမ်ဆိုရင် မှန်ကွဲသွားတာတွေ၊ ဘာတွေရှိတယ်” ဟု လောက်ကိုင်မြို့ခံက ဆက်လက်ပြောသည်။
လက်ရှိတွင် MNDAA လက်နက်ကိုင်အဖွဲ့များအနေဖြင့် လောက်ကိုင်မြို့အတွင်းသို့ ဝင်ရောက်လာကာ အရပ်သားနေအိမ်များအပေါ်၌ ဝင်ရောက်နေရာယူလျက်ရှိပြီး မြန်မာလူမျိုးအပါအဝင် ဒေသခံများကို လောက်ကိုင်မြို့အတွင်းမှ ထွက်ခွာသွား ရန် အတင်းအဓမ္မနှင်ထုတ်နေမှုများရှိကြောင်း သိရသည်။

Zawgyi Version;
ေလာက္ကိုင္ၿမိဳ႕ရွိ ေဒသကြပ္ကဲမႈစစ္ဌာနခ်ဳပ္(ဒကစ)ကို MNDAA ပူးေပါင္းအဖြဲ႕တိုက္ခိုက္လာ၍ ႏွစ္ဖက္တိုက္ပြဲ ျပင္းထန္
ျမဴနစ္ (NP News) - ဒီဇင္ဘာ ၃၁
ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ေလာက္ကိုင္ၿမိဳ႕ရွိ ေဒသကြပ္ကဲမႈစစ္ဌာနခ်ဳပ္(ဒကစ)ကို MNDAA ပူးေပါင္းအဖြဲ႕ တိုက္ခိုက္လာသည့္အတြက္ တိုက္ပြဲျပင္းထန္ေနေၾကာင္း သိရသည္။
ကိုးကန႔္လက္နက္ကိုင္ MNDAA ပူးေပါင္းအဖြဲ႕သည္ ယေန႔(ဒီဇင္ဘာ ၃၁ ရက္) နံနက္အေစာပိုင္းမွစတင္ကာ ဒကစ(ေလာက္ကိုင္) ကို တိုက္ခိုက္ေနျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
“ေလာက္ကိုင္မွာရွိတဲ့ ဒကစကို ကိုးကန႔္လက္နက္ကိုင္ေတြက မနက္ကတည္းက တိုက္ေနတာ။ ေတာ္ေတာ္ေလး ျပင္းထန္တယ္။ အခုလည္း တိုက္ေနၾကတုန္းပဲ။ တပ္ဘက္ကလည္း စစ္ကူေတြ လာပို႔ၿပီးေတာ့ အင္အားျဖည့္ေနတာေတြ႕ရတယ္။ ၿပီးေတာ့ ေလေၾကာင္းပစ္ကူေတြနဲ႔ ေခ်မႈန္းတိုက္ခိုက္ေနတာလည္း ရွိတယ္” ဟု ေလာက္ကိုင္ၿမိဳ႕ခံတစ္ဦးက လူမႈကြန္ရက္စာမ်က္ႏွာမွတစ္ဆင့္ အသိေပးေျပာၾကားထားသည္။
ဒကစ(ေလာက္ကိုင္) အား MNDAA ပူးေပါင္းအဖြဲ႕မ်ား တိုက္ခိုက္လာသည့္အတြက္ တပ္မေတာ္ဘက္ကလည္း ေလေၾကာင္း ပစ္ကူ၊ အေျမာက္ပစ္ကူမ်ားျဖင့္ ျပန္လည္ေခ်မႈန္းတိုက္ခိုက္ေနလ်က္ရွိေၾကာင္း သိရသည္။
“ေလာက္ကိုင္ၿမိဳ႕ထဲမွာေတာ့ MNDAA အဖြဲ႕ေတြပဲ ႀကီးစိုးေနၾကတာ။ တပ္က သူ႔စခန္းထဲမွာပဲ ေနေနတာ။ အျပင္ထြက္ၿပီး တိုက္ခိုက္တာမ်ိဳးေတာ့ မေတြ႕ရဘူး။ မေန႔က ညကလည္း ပေလာင္႐ြာမွာရွိတဲ့ တပ္စခန္းကို လက္နက္ကိုင္ေတြ သိမ္းလိုက္တယ္လို႔ ၾကားတယ္။ အခုေတာ့ ဒကစအလွည့္ ေရာက္ၿပီဆိုၿပီးေတာ့ ေျပာေနၾကတာ ရွိတယ္။ ၿမိဳ႕ထဲမွာရွိတဲ့ အန္တီ တို႔ အိမ္ေတြလည္း ေတာ္ေတာ္ေလးကို ပ်က္စီေနၿပီ” ဟု ေလာက္ကိုင္ၿမိဳ႕ခံတစ္ဦးက ေျပာသည္။
MNDAA ဦးေဆာင္ေသာ ေျမာက္ပိုင္းမဟာမိတ္လက္နက္ကိုင္(၃)ဖြဲ႕သည္ ၿပီးခဲ့ေသာ ေအာက္တိုဘာ ၂၇ ရက္မွ စတင္ကာ (၁၀၂၇ စစ္ဆင္ေရး)အမည္ျဖင့္ ရွမ္းျပည္နယ္အေရွ႕ေျမာက္ပိုင္းေဒသအတြင္းရွိ လုံၿခဳံေရးစခန္းမ်ားကို အင္အားအလုံးအ ရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္ခဲ့သည္။
အဆိုပါစစ္ဆင္ေရးကာလအတြင္း တပ္မေတာ္၏ လုံၿခဳံေရးစခန္းမ်ား သိမ္းပိုက္ခံခဲ့ရသည့္ျဖစ္စဥ္မ်ားရွိခဲ့ဖူးၿပီး လက္ရွိတြင္ ၎စစ္ဆင္ေရးသည္ ေလာက္ကိုင္ၿမိဳ႕၌ ဆင္ႏႊဲေနလ်က္ရွိသည္။
“အရင္ကဆိုရင္ ေလာက္ကိုင္ကေန ခ်င္းေ႐ႊေဟာ္အထိ တပ္မေတာ္လုံၿခဳံေရးအဖြဲ႕ရဲ႕ ဂိတ္ေတြက (၄)ဂိတ္ေလာက္ ရွိတယ္။ အခုတစ္ခုမွ မရွိေတာ့ဘူး။ ေလာက္ကိုင္ၿမိဳ႕ထဲမွာဆိုရင္ တိုက္ပြဲျဖစ္လို႔ အိမ္ေတြ၊ အေဆာက္အဦးေတြ ေတာ္ေတာ္ပ်က္စီးကုန္ၿပီ။ အရင္ရက္ကဆိုရင္ ရပ္ကြက္(၁)မွာရွိတဲ့ ေဈးလည္း မီးေလာင္သြားတယ္။ ေတာ္ေတာ္ေလးလည္း ပ်က္စီးေနၿပီ။ အန္တီတို႔ အိမ္ဆိုရင္ မွန္ကြဲသြားတာေတြ၊ ဘာေတြရွိတယ္” ဟု ေလာက္ကိုင္ၿမိဳ႕ခံက ဆက္လက္ေျပာသည္။
လက္ရွိတြင္ MNDAA လက္နက္ကိုင္အဖြဲ႕မ်ားအေနျဖင့္ ေလာက္ကိုင္ၿမိဳ႕အတြင္းသို႔ ဝင္ေရာက္လာကာ အရပ္သားေနအိမ္မ်ားအေပၚ၌ ဝင္ေရာက္ေနရာယူလ်က္ရွိၿပီး ျမန္မာလူမ်ိဳးအပါအဝင္ ေဒသခံမ်ားကို ေလာက္ကိုင္ၿမိဳ႕အတြင္းမွ ထြက္ခြာသြား ရန္ အတင္းအဓမၼႏွင္ထုတ္ေနမႈမ်ားရွိေၾကာင္း သိရသည္။