ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ဘေးတွဲဆိုင်ကယ်အား လေထိုးနေသူတစ်ဦး ကားတိုက်ခံရ၍ ပွဲချင်းပြီးသေဆုံးမှုဖြစ်ပွား

5985

သန့်ဇင်(NP News)-ဒီဇင်ဘာ ၃၁
ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ဘေးတွဲဆိုင်ကယ်အား လေထိုးနေသူတစ်ဦး ကားတိုက်ခံရ၍ ပွဲချင်းပြီး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ပြည်သာယာလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(ဒီဇင်ဘာ ၃၁ ရက်) နံနက် ၇ နာရီအချိန်ခန့်တွင် ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် (၂၈ဝ/၄) ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဈေးသွားတဲ့ ဘေးတွဲဆိုင်ကယ်ကလူတွေက ဘီးပေါက်လို့လေဆင်းထိုးနေတဲ့အချိန်မှာ နောက်နေကားတစ်စီးက ဝင်တိုက်ပြီး မောင်းပြေးသွားတာ။ တစ်ယောက်သေပြီး တစ်ယောက်ဒဏ်ရာရသွားတယ်။ မောင်းပြေးသွားတဲ့ကား ကိုလည်း သက်ဆိုင်ရာက လိုက်နေတယ်” ဟု ပြည်သာယာလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ဘေးတွဲဆိုင်ကယ်မှ ယာဉ်မောင်းအမျိုးသားမှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ၎င်းနှင့်အတူလိုက်ပါလာသည့် အမျိုးသမီးတစ်ဦးတွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသားနှင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီးတို့အား ပြည်သာယာလူမှုကူညီရေးအသင်းမှ မိတ္ထီလာမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ ေဘးတြဲဆိုင္ကယ္အား ေလထိုးေနသူတစ္ဦး ကားတိုက္ခံရ၍ ပြဲခ်င္းၿပီးေသဆုံးမႈ ျဖစ္ပြား
သန႔္ဇင္(NP News)-ဒီဇင္ဘာ ၃၁
ေပ်ာ္ဘြယ္ၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ ေဘးတြဲဆိုင္ကယ္အား ေလထိုးေနသူတစ္ဦး ကားတိုက္ခံရ၍ ပြဲခ်င္းၿပီး ေသဆုံးမႈ ျဖစ္ပြားခဲ့ေၾကာင္း ျပည္သာယာလူမႈကူညီေရးအသင္းထံမွ သိရသည္။
ယာဥ္တိုက္မႈသည္ ယေန႔(ဒီဇင္ဘာ ၃၁ ရက္) နံနက္ ၇ နာရီအခ်ိန္ခန႔္တြင္ ေပ်ာ္ဘြယ္ၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလး အျမန္လမ္း၊ မိုင္တိုင္ (၂၈ဝ/၄) ၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ေဈးသြားတဲ့ ေဘးတြဲဆိုင္ကယ္ကလူေတြက ဘီးေပါက္လို႔ေလဆင္းထိုးေနတဲ့အခ်ိန္မွာ ေနာက္ေနကားတစ္စီးက ဝင္တိုက္ၿပီး ေမာင္းေျပးသြားတာ။ တစ္ေယာက္ေသၿပီး တစ္ေယာက္ဒဏ္ရာရသြားတယ္။ ေမာင္းေျပးသြားတဲ့ကား ကိုလည္း သက္ဆိုင္ရာက လိုက္ေနတယ္” ဟု ျပည္သာယာလူမႈကူညီေရးအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါယာဥ္တိုက္မႈေၾကာင့္ ေဘးတြဲဆိုင္ကယ္မွ ယာဥ္ေမာင္းအမ်ိဳးသားမွာ အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့ၿပီး ၎ႏွင့္အတူလိုက္ပါလာသည့္ အမ်ိဳးသမီးတစ္ဦးတြင္လည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသားႏွင့္ ထိခိုက္ဒဏ္ရာရရွိသူ အမ်ိဳးသမီးတို႔အား ျပည္သာယာလူမႈကူညီေရးအသင္းမွ မိတၳီလာၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။