မိဘမဲ့ကလေးငယ်(၁၅ဝ)နီးပါးကို စောင့်ရှာက်ထားသည့်ပရဟိတကျောင်း၌ စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ

2266

ယွန်း (NP News) - ဒီဇင်ဘာ ၃၁
မိဘမဲ့ကလေးငယ်(၁၅ဝ)နီးပါး စောင့်ရှောက်ထားသည့် ပရဟိတကျောင်းတစ်ခု၌ အစားအသောက်အခက်အခဲများ ရှိနေပြီး အလှူရှင်များ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။
ရန်ကုန်- မန္တလေးအမြန်လမ်း (၅၃)မိုင် (၅)ဖာလုံတွင် ဖွင့်လှစ်ထားသည့် မေတ္တာကမ်းလက် မိဘမဲ့ကလေးများ စောင့်ရှောက်ရေးနှင့် ပညာဒါနကျောင်းတွင် ကလေးများအတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း အဆိုပါကျောင်း၏ ကျောင်းထိုင်ဆရာတော်က မိန့်ကြားသည်။
“အရင်လတွေတုန်းကတော့ ဆန်က အလှူရှင်ရှိတယ်။ ပင်တိုင်ပုံစံမျိုးပေါ့။ အလှူရှင်က တစ်လကိုဆန်အိတ်(၂ဝ)စီ လှူနေတာမျိုးရှိတယ်။ အဲဒီလိုဆိုတော့ ဆန်အတွက်က လစဥ်အခက်အခဲမရှိဘူးပေါ့။ (၁၁)လပိုင်းနဲ့ (၁၂)လပိုင်းမှာ ကြတော့ ဆန်အလှူရှင်က အခက်အခဲတစ်ခုကြောင့် မလှူနိုင်ကြတောဘူး။ လှူမယ့်သူမရှိတော့ ကျောင်းတိုက်ကပဲ အပြင်ကနေဝယ်ပြီးတော့ စီစဥ်ရတာပေါ့။ တစ်နေ့ကို တစ်အိတ်ခွဲလောက် ချက်နေရတော့ ရေရှည်မှာကျောင်း အတွက်က အဆင်မပြေဘူးလေ” ဟု ကျောင်းထိုင်ဆရာတော်က မိန့်သည်။
အဆိုပါပရဟိတကျောင်းတွင် (၃)လသားအရွယ်ကလေးငယ်မှ Grade-9 အထိ မိဘမဲ့ကလေးငယ်(၁၃၅)ဦးရှိပြီး လာရောက်ခိုလှုံနေသည့် ကလေးငယ်အများစု မှာ ရှမ်းပြည်နယ်မှ ဖြစ်ကြောင်း သိရသည်။
၎င်းတို့အနက်မှ ကလေးငယ်အချို့မှာ မိဘများရှိသော်လည်း ပညာသင်ရန်စရိတ် မတတ်နိုင်သည့်အတွက် လာရောက်အပ်နှံထားခြင်းဖြစ်ပြီး လက်ရှိ၌ အစားအသောက်အခက်အခဲများရှိပြီး ဆေးဝါးလိုအပ်ချက်များလည်း ရှိနေကြောင်း သိရသည်။
လှူဒါန်းလိုသူများအနေဖြင့် နံနက်စာအာဟာရအတွက် ကျပ်တစ်သိန်းခွဲ၊ နေ့လည်စာအတွက် (၂)သိန်းကျပ်၊ ညစာ အတွက် ကျပ်တစ်သိန်းခွဲခန့်ကုန်ကျနိုင်ပြီး အမြန်လမ်းရှိ ကျောင်းသို့ ကိုယ်တိုင်လာရောက်၍ဖြစ်စေ၊ ဖုန်းနံပါတ် ဝ၉-၄၄၉၉၉၉၅၃၆ နှင့် ဝ၉-၆၉၂၂၃၃၇၃ဝ တို့ကိုလည်း ဆက်သွယ်၍ဖြစ်စေ လှူဒါန်းနိုင်ကြောင်း သိရသည်။

Zawgyi Version;
မိဘမဲ့ကေလးငယ္(၁၅ဝ)နီးပါးကို ေစာင့္ရွာက္ထားသည့္ပရဟိတေက်ာင္း၌ စားနပ္ရိကၡာမ်ား အေရးေပၚလိုအပ္ေန
ယြန္း (NP News) - ဒီဇင္ဘာ ၃၁
မိဘမဲ့ကေလးငယ္(၁၅ဝ)နီးပါး ေစာင့္ေရွာက္ထားသည့္ ပရဟိတေက်ာင္းတစ္ခု၌ အစားအေသာက္အခက္အခဲမ်ား ရွိေနၿပီး အလႉရွင္မ်ား အေရးေပၚလိုအပ္ေနေၾကာင္း သိရသည္။
ရန္ကုန္- မႏၲေလးအျမန္လမ္း (၅၃)မိုင္ (၅)ဖာလုံတြင္ ဖြင့္လွစ္ထားသည့္ ေမတၱာကမ္းလက္ မိဘမဲ့ကေလးမ်ား ေစာင့္ေရွာက္ေရးႏွင့္ ပညာဒါနေက်ာင္းတြင္ ကေလးမ်ားအတြက္ စားနပ္ရိကၡာမ်ား အေရးေပၚလိုအပ္ေနေၾကာင္း အဆိုပါေက်ာင္း၏ ေက်ာင္းထိုင္ဆရာေတာ္က မိန႔္ၾကားသည္။
“အရင္လေတြတုန္းကေတာ့ ဆန္က အလႉရွင္ရွိတယ္။ ပင္တိုင္ပုံစံမ်ိဳးေပါ့။ အလႉရွင္က တစ္လကိုဆန္အိတ္(၂ဝ)စီ လႉေနတာမ်ိဳးရွိတယ္။ အဲဒီလိုဆိုေတာ့ ဆန္အတြက္က လစဥ္အခက္အခဲမရွိဘူးေပါ့။ (၁၁)လပိုင္းနဲ႔ (၁၂)လပိုင္းမွာ ၾကေတာ့ ဆန္အလႉရွင္က အခက္အခဲတစ္ခုေၾကာင့္ မလႉႏိုင္ၾကေတာဘူး။ လႉမယ့္သူမရွိေတာ့ ေက်ာင္းတိုက္ကပဲ အျပင္ကေနဝယ္ၿပီးေတာ့ စီစဥ္ရတာေပါ့။ တစ္ေန႔ကို တစ္အိတ္ခြဲေလာက္ ခ်က္ေနရေတာ့ ေရရွည္မွာေက်ာင္း အတြက္က အဆင္မေျပဘူးေလ” ဟု ေက်ာင္းထိုင္ဆရာေတာ္က မိန႔္သည္။
အဆိုပါပရဟိတေက်ာင္းတြင္ (၃)လသားအ႐ြယ္ကေလးငယ္မွ Grade-9 အထိ မိဘမဲ့ကေလးငယ္(၁၃၅)ဦးရွိၿပီး လာေရာက္ခိုလႈံေနသည့္ ကေလးငယ္အမ်ားစု မွာ ရွမ္းျပည္နယ္မွ ျဖစ္ေၾကာင္း သိရသည္။
၎တို႔အနက္မွ ကေလးငယ္အခ်ိဳ႕မွာ မိဘမ်ားရွိေသာ္လည္း ပညာသင္ရန္စရိတ္ မတတ္ႏိုင္သည့္အတြက္ လာေရာက္အပ္ႏွံထားျခင္းျဖစ္ၿပီး လက္ရွိ၌ အစားအေသာက္အခက္အခဲမ်ားရွိၿပီး ေဆးဝါးလိုအပ္ခ်က္မ်ားလည္း ရွိေနေၾကာင္း သိရသည္။
လႉဒါန္းလိုသူမ်ားအေနျဖင့္ နံနက္စာအာဟာရအတြက္ က်ပ္တစ္သိန္းခြဲ၊ ေန႔လည္စာအတြက္ (၂)သိန္းက်ပ္၊ ညစာ အတြက္ က်ပ္တစ္သိန္းခြဲခန႔္ကုန္က်ႏိုင္ၿပီး အျမန္လမ္းရွိ ေက်ာင္းသို႔ ကိုယ္တိုင္လာေရာက္၍ျဖစ္ေစ၊ ဖုန္းနံပါတ္ ဝ၉-၄၄၉၉၉၉၅၃၆ ႏွင့္ ဝ၉-၆၉၂၂၃၃၇၃ဝ တို႔ကိုလည္း ဆက္သြယ္၍ျဖစ္ေစ လႉဒါန္းႏိုင္ေၾကာင္း သိရသည္။