အကောက်ခွန်ဝန်ထမ်း နှင့် ဇနီးဖြစ်သူကို အကြမ်းဖက်အဖွဲ့က နေအိမ်အတွင်းဝင်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှု ကျိုက်ထိုတွင်ဖြစ်ပွား

 6269

NP News - ဒီဇင်ဘာ ၃၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ကျိုက်ထိုမြို့နယ်၌ အကောက်ခွန်ဝန်ထမ်းနှင့် ၎င်း၏ဇနီးဖြစ်သူကို အကြမ်းဖက်အဖွဲ့က နေအိမ်အတွင်းဝင်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာတွင် ယမန်နေ့(ဒီဇင်ဘာ ၃ဝ ရက်) နေ့လည်(၁၂)နာရီ အချိန်ခန့် တွင်ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့ နှင့် နီးစပ်သည့် ကျိုက်ထိုမြို့ရှိဒေသခံတစ်ဦးက ဆိုသည်။

“ဖြစ်စဥ်ဖြစ်သွားတာ ဟုတ်ပါတယ်။ မနေ့က (၁၁) နာရီ (၅ဝ) လောက်မှာဖြစ်သွားတာ။ သူတို့နေတဲ့အိမ်မှာပဲ လာပြီးတော့ ပစ်သွားတာပေါ့။ အမျိုးသားကတော့ ဒဏ်ရာ(၅)ချက်လောက်ရသွားတယ်။ အမျိုးသမီးက နဖူးမှာ ဒဏ်ရာ(၂)ချက် ရသွားတယ်။ အပစ်ခံရတဲ့ဒဏ်ရာတွေကြီးပါပဲ” ဟု အထက်ပါသတင်းအရင်းအမြစ်က NP News ကို ပြောသည်။

အဆိုပါဖြစ်စဥ်ကြောင့် အသက်(၄၅)နှစ်အရွယ် အကောက်ခွန်ဝန်ထမ်းအမျိုးသားတွင် ကျည်ဖောက်ဝင် ဒဏ်ရာ (၅)ချက်ခန့်ရရှိခဲ့ပြီး ၎င်း၏ ဇနီးတွင်လည်း ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“သူတို့ကို ရန်ကုန်ဆေးရုံကြီးကို ပို့ပေးထားတယ်။ ဆရာဝန်တွေရဲ့ပြောချက်အရ အမျိုးသားက စိုးရိမ်ရတယ်လို့ တော့ပြောတယ်။ အမျိုးသမီးကတော့ သိပ်မစိုးရိမ်ရဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် ၎င်းတို့အား ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကာ ကုသပေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
အေကာက္ခြန္ဝန္ထမ္း ႏွင့္ ဇနီးျဖစ္သူကို အၾကမ္းဖက္အဖြဲ႕က ေနအိမ္အတြင္းဝင္ေရာက္၍ ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံမႈ က်ိဳက္ထိုတြင္ျဖစ္ပြား
NP News - ဒီဇင္ဘာ ၃၁

မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္၌ က်ိဳက္ထိုၿမိဳ႕နယ္၌ အေကာက္ခြန္ဝန္ထမ္းႏွင့္ ၎၏ဇနီးျဖစ္သူကို အၾကမ္းဖက္အဖြဲ႕က ေနအိမ္အတြင္းဝင္ေရာက္၍ ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ က်ိဳက္ထိုၿမိဳ႕နယ္၊ မရမ္းေခ်ာင္ေက်း႐ြာတြင္ ယမန္ေန႔(ဒီဇင္ဘာ ၃ဝ ရက္) ေန႔လည္(၁၂)နာရီ အခ်ိန္ခန႔္ တြင္ျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ ႏွင့္ နီးစပ္သည့္ က်ိဳက္ထိုၿမိဳ႕ရွိေဒသခံတစ္ဦးက ဆိုသည္။

“ျဖစ္စဥ္ျဖစ္သြားတာ ဟုတ္ပါတယ္။ မေန႔က (၁၁) နာရီ (၅ဝ) ေလာက္မွာျဖစ္သြားတာ။ သူတို႔ေနတဲ့အိမ္မွာပဲ လာၿပီးေတာ့ ပစ္သြားတာေပါ့။ အမ်ိဳးသားကေတာ့ ဒဏ္ရာ(၅)ခ်က္ေလာက္ရသြားတယ္။ အမ်ိဳးသမီးက နဖူးမွာ ဒဏ္ရာ(၂)ခ်က္ ရသြားတယ္။ အပစ္ခံရတဲ့ဒဏ္ရာေတြႀကီးပါပဲ” ဟု အထက္ပါသတင္းအရင္းအျမစ္က NP News ကို ေျပာသည္။

အဆိုပါျဖစ္စဥ္ေၾကာင့္ အသက္(၄၅)ႏွစ္အ႐ြယ္ အေကာက္ခြန္ဝန္ထမ္းအမ်ိဳးသားတြင္ က်ည္ေဖာက္ဝင္ ဒဏ္ရာ (၅)ခ်က္ခန႔္ရရွိခဲ့ၿပီး ၎၏ ဇနီးတြင္လည္း ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

“သူတို႔ကို ရန္ကုန္ေဆး႐ုံႀကီးကို ပို႔ေပးထားတယ္။ ဆရာဝန္ေတြရဲ႕ေျပာခ်က္အရ အမ်ိဳးသားက စိုးရိမ္ရတယ္လို႔ ေတာ့ေျပာတယ္။ အမ်ိဳးသမီးကေတာ့ သိပ္မစိုးရိမ္ရဘူး” ဟု ၎က ဆက္လက္ေျပာသည္။

လက္ရွိတြင္ ၎တို႔အား က်ိဳက္ထိုၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံမွ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ထားကာ ကုသေပးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.