ဆိုင်ကယ်ဖြင့် ကုန်းတံတားနံရံကိုတိုက်မိပြီး မြန်မာနိုင်ငံသားနှစ်ဦးတံတားအောက်ပြုတ်ကျသေဆုံးခဲ့မှု ဘန်ကောက်မြို့တွင်ဖြစ်ပွား

 3444

ကျော် (NP News) - ဇန်နဝါရီ ၁

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဆိုင်ကယ်ဖြင့် ကုန်းတံတားနံရံကိုဝင်တိုက်မိပြီး မြန်မာနိုင်ငံသားနှစ်ဦး တံတားအောက်ပြုတ်ကျသေဆုံးသွားခဲ့ကြောင်း ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ဝ ရက်တွင် မြန်မာနိုင်ငံသားများဖြစ်သည့် နိုင်စော(၃၀)နှစ် နှင့် အသက်(၄၀)နှစ်ခန့်ရှိ မြန်မာနိုင်ငံသားတစ်ဦးတို့သည် ဖလမ်ဆောင်လမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာစဥ် ကုန်းတံတားပေါ်အရောက်အရှိန်မထိန်းနိုင်ဘဲ ကုန်းတံတားနံရံအားဝင်တိုက်မိပြီးနောက် တံတားအောက်သို့ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။

"အခင်းဖြစ်တဲ့အချိန်ကိုတော့ ကျွန်တော်တို့မသိဘူးဗျ။ ရဲကမြန်မာနှစ်ယောက်ကုန်းတံတားအောက်ပြုတ်ကျပြီးသေဆုံးနေတယ်။ အလောင်းတွေကိုဆေးရုံပို့ထားတယ်ဆိုပြီး အကြောင်းကြားမှသာသိရတာ။ ရဲတွေပြောပုံအရဆိုရင် ဆိုင်ကယ်ကိုအရှိန်ပြင်းပြင်းမောင်းလာတယ်။ နောက်တံတားရဲ့ "ဂ"ကွေ့နေရာမှာ အရှိန်မထိန်းနိုင်တော့ဘဲ တံတားနံရံကိုဝင်တိုက်မိတာလို့သိရတယ်"ဟု မြန်မာနိုင်ငံသားများအရေးကူညီပေးနေသူ ကိုကျော်ကျော်က NP News ကိုပြောသည်။

ကုန်းတံတားနံရံအားဝင်တိုက်မိပြီးနောက် တံတားအောက်သို့ပြုတ်ကျစဥ် ဆိုင်ကယ်မောင်းနှင်လာသည့် နိုင်စော၏ဦးခေါင်းအား ကားတစ်စီးမှထပ်မံတတ်ကြိတ်မိခဲ့ရာ ဦးခေါင်းကွဲထွက်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။

"တက်ကြိတ်မိတဲ့ကားကို ရဲတွေကစုံစမ်းနေတယ်။ ကျွန်တော်တို့ဖက်ကလည်း လိုအပ်တာတွေလိုက်ပြီးကူညီလုပ်ကိုင်ပေးနေတယ်။ နိုင်စောက ခေါင်းပွင့်ပြီးသေဆုံးသွားသလို နောက်ကထိုင်စီးလာတဲ့လူကလည်း ပြုတ်ကျတဲ့အရှိန်ကြောင့် ခြေထောက်နဲ့လက်ကျိုးပြီးသေဆုံးပါတယ်။ ဆိုင်ကယ်ကတံတားပေါ်မှာပဲကျန်ခဲ့တယ် လူတွေပဲအောက်ကိုပြုတ်ကျသွားတာ"ဟု မြန်မာနိုင်ငံသားများအရေးကူညီပေးနေသူ ကိုကျော်ကျော်က NP News ကိုဆက်လက်ပြောသည်။

ဖြစ်စဥ်အား ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ကာ ကုန်းတံတားအောက်ပြုတ်ကျစဥ် နိုင်စော၏ ဦးခေါင်းအားတက်ကြိတ်မိခဲ့သည့် ကားမောင်းသူအား စုံစမ်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းများအားသဂြိုလ်နိုင်ရန် ၎င်းတို့၏ မိသားစုဝင်များ၊ မိတ်ဆွေများနှင့်အဆက်အသွယ်ရရှိနိုင်ရန် စုံစမ်းလျက်ရှိကြောင်း သိရသည်။

zawgyi version
ဆိုင္ကယ္ျဖင့္ ကုန္းတံတားနံရံကိုတိုက္မိၿပီး ျမန္မာႏိုင္ငံသားႏွစ္ဦးတံတားေအာက္ျပဳတ္က်ေသဆုံးခဲ့မႈ ဘန္ေကာက္ၿမိဳ႕တြင္ျဖစ္ပြား

ေက်ာ္ (NP News) - ဇန္နဝါရီ ၁

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕တြင္ ဆိုင္ကယ္ျဖင့္ ကုန္းတံတားနံရံကိုဝင္တိုက္မိၿပီး ျမန္မာႏိုင္ငံသားႏွစ္ဦး တံတားေအာက္ျပဳတ္က်ေသဆုံးသြားခဲ့ေၾကာင္း ထိုင္းႏိုင္ငံေရာက္ျမန္မာအလုပ္သမားမ်ားအေရးကူညီေဆာင္႐ြက္ေပးေနသူမ်ားထံမွ သိရသည္။

ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၃ဝ ရက္တြင္ ျမန္မာႏိုင္ငံသားမ်ားျဖစ္သည့္ ႏိုင္ေစာ(၃၀)ႏွစ္ ႏွင့္ အသက္(၄၀)ႏွစ္ခန္႔ရွိ ျမန္မာႏိုင္ငံသားတစ္ဦးတို႔သည္ ဖလမ္ေဆာင္လမ္းအတိုင္း ဆိုင္ကယ္ေမာင္းႏွင္လာစဥ္ ကုန္းတံတားေပၚအေရာက္အရွိန္မထိန္းႏိုင္ဘဲ ကုန္းတံတားနံရံအားဝင္တိုက္မိၿပီးေနာက္ တံတားေအာက္သို႔ျပဳတ္က်သြားခဲ့ေၾကာင္း သိရသည္။

"အခင္းျဖစ္တဲ့အခ်ိန္ကိုေတာ့ ကြၽန္ေတာ္တို႔မသိဘူးဗ်။ ရဲကျမန္မာႏွစ္ေယာက္ကုန္းတံတားေအာက္ျပဳတ္က်ၿပီးေသဆုံးေနတယ္။ အေလာင္းေတြကိုေဆး႐ုံပို႔ထားတယ္ဆိုၿပီး အေၾကာင္းၾကားမွသာသိရတာ။ ရဲေတြေျပာပုံအရဆိုရင္ ဆိုင္ကယ္ကိုအရွိန္ျပင္းျပင္းေမာင္းလာတယ္။ ေနာက္တံတားရဲ႕ "ဂ"ေကြ႕ေနရာမွာ အရွိန္မထိန္းႏိုင္ေတာ့ဘဲ တံတားနံရံကိုဝင္တိုက္မိတာလို႔သိရတယ္"ဟု ျမန္မာႏိုင္ငံသားမ်ားအေရးကူညီေပးေနသူ ကိုေက်ာ္ေက်ာ္က NP News ကိုေျပာသည္။

ကုန္းတံတားနံရံအားဝင္တိုက္မိၿပီးေနာက္ တံတားေအာက္သို႔ျပဳတ္က်စဥ္ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ ႏိုင္ေစာ၏ဦးေခါင္းအား ကားတစ္စီးမွထပ္မံတတ္ႀကိတ္မိခဲ့ရာ ဦးေခါင္းကြဲထြက္ဒဏ္ရာျဖင့္ အခင္းျဖစ္ေနရာ၌ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

"တက္ႀကိတ္မိတဲ့ကားကို ရဲေတြကစုံစမ္းေနတယ္။ ကြၽန္ေတာ္တို႔ဖက္ကလည္း လိုအပ္တာေတြလိုက္ၿပီးကူညီလုပ္ကိုင္ေပးေနတယ္။ ႏိုင္ေစာက ေခါင္းပြင့္ၿပီးေသဆုံးသြားသလို ေနာက္ကထိုင္စီးလာတဲ့လူကလည္း ျပဳတ္က်တဲ့အရွိန္ေၾကာင့္ ေျခေထာက္နဲ႔လက္က်ိဳးၿပီးေသဆုံးပါတယ္။ ဆိုင္ကယ္ကတံတားေပၚမွာပဲက်န္ခဲ့တယ္ လူေတြပဲေအာက္ကိုျပဳတ္က်သြားတာ"ဟု ျမန္မာႏိုင္ငံသားမ်ားအေရးကူညီေပးေနသူ ကိုေက်ာ္ေက်ာ္က NP News ကိုဆက္လက္ေျပာသည္။

ျဖစ္စဥ္အား ရဲတပ္ဖြဲ႕ဝင္မ်ားက စစ္ေဆးမႈမ်ားျပဳလုပ္ကာ ကုန္းတံတားေအာက္ျပဳတ္က်စဥ္ ႏိုင္ေစာ၏ ဦးေခါင္းအားတက္ႀကိတ္မိခဲ့သည့္ ကားေမာင္းသူအား စုံစမ္းမႈမ်ားျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ေသဆုံးသူႏွစ္ဦး၏ ႐ုပ္အေလာင္းမ်ားအားသၿဂိဳလ္ႏိုင္ရန္ ၎တို႔၏ မိသားစုဝင္မ်ား၊ မိတ္ေဆြမ်ားႏွင့္အဆက္အသြယ္ရရွိႏိုင္ရန္ စုံစမ္းလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.