ပျူမြို့ဟောင်း(၃)မြို့ရှိ ယဉ်ကျေးမှုဇုန်များသို့ လာရောက်သည့် နိုင်ငံခြားသားများ၏ ဝင်ကြေးများ ပြောင်းလဲကောက်ခံ

 1821

စော (NP News) - ဇန်နဝါရီ ၁

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်း (၃)မြို့ရှိ ယဉ်ကျေးမှုဇုန်များသို့ လာရောက်လေ့လာသည့် နိုင်ငံခြားသားများ၏ ဝင်ကြေးများကို ယနေ့ (ဇန်နဝါရီလ ၁ ရက်)မှစတင်၍ ပြောင်းလဲကောက်ခံခဲ့ကြောင်း သိရသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ယနေ့ (ဇန်နဝါရီလ ၁ ရက်)တွင် အထက်ပါကဲ့သို့ ကြေညာထားခြင်းဖြစ်သည်။

၎င်းဦးစီးဌာနက ယနေ့(ဇန်နဝါရီလ ၁ ရက်)မှစတင်၍ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ပျူမြို့ဟောင်း (၃)မြို့ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး နှင့် သရေ ခေတ္တရာယဉ်ကျေးမှုဇုန်များသို့ လာရောက်လေ့လာသည့် နိုင်ငံခြားသားတစ်ဦးလျှင် ငွေကျပ် (၁၀၀၀၀)နှုန်းဖြင့် ဝင်ကြေးပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

ယခင်က ဟန်လင်း၊ ဗိဿနိုး နှင့် သရေခေတ္တရာယဉ်ကျေးမှုဇုန်များသို့ လာရောက်သည့် ပြည်ပနိုင်ငံခြားသားတစ်ဦးလျှင် ဝင်ကြေးအဖြစ် ငွေကျပ် (၅၀၀၀)နှုန်း ကောက်ခံခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေး အပါအဝင် စစ်တွေ၊ တောင်ကြီး၊ မော်လမြိုင်၊ မြစ်ကြီးနား၊ ဟားခါး၊ လွိုင်ကော်၊ ဘားအံ၊ ပုသိမ်၊ ထားဝယ်နှင့်‌ ကျိုင်းတုံဒေသရှိ ယဉ်ကျေးမှုပြတိုက် နှင့် စာကြည့်တိုက်များသို့ လာရောက်သည့် ပြည်တွင်းဧည့်သည်တစ်ဦးလျှင် ဝင်ကြေးအဖြစ် ငွေကျပ် (၅၀၀)နှုန်းဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြောင်းလဲကောက်ခံသွားသော်လည်း ရဟန်းသံဃာများ၊ သီလရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကလေးသူငယ်များ၊ သံတမန်များနှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများကို အခမဲ့ဝင်ရောက် လေ့လာခွင့်ပြုလျက်ရှိကြောင်း သိရသည်။

zawgyi version
ပ်ဴၿမိဳ႕ေဟာင္း(၃)ၿမိဳ႕ရွိ ယဥ္ေက်းမႈဇုန္မ်ားသို႔ လာေရာက္သည့္ ႏိုင္ငံျခား သားမ်ား၏ ဝင္ေၾကးမ်ား ေျပာင္းလဲေကာက္ခံ

ေစာ (NP News) - ဇန္နဝါရီ ၁

ကမာၻ႔အေမြအႏွစ္စာရင္းဝင္ ပ်ဴၿမိဳ႕ေဟာင္း (၃)ၿမိဳ႕ရွိ ယဥ္ေက်းမႈဇုန္မ်ားသို႔ လာေရာက္ေလ့လာသည့္ ႏိုင္ငံျခားသားမ်ား၏ ဝင္ေၾကးမ်ားကို ယေန႔ (ဇန္နဝါရီလ ၁ ရက္)မွစတင္၍ ေျပာင္းလဲေကာက္ခံခဲ့ေၾကာင္း သိရသည္။

ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနက ယေန႔ (ဇန္နဝါရီလ ၁ ရက္)တြင္ အထက္ပါကဲ့သို႔ ေၾကညာထားျခင္းျဖစ္သည္။

၎ဦးစီးဌာနက ယေန႔(ဇန္နဝါရီလ ၁ ရက္)မွစတင္၍ ကမာၻ႔အေမြအႏွစ္စာရင္းဝင္ပ်ဴၿမိဳ႕ေဟာင္း (၃)ၿမိဳ႕ျဖစ္သည့္ ဟန္လင္း၊ ဗိႆႏိုး ႏွင့္ သေရ ေခတၱရာယဥ္ေက်းမႈဇုန္မ်ားသို႔ လာေရာက္ေလ့လာသည့္ ႏိုင္ငံျခားသားတစ္ဦးလွ်င္ ေငြက်ပ္ (၁၀၀၀၀)ႏႈန္းျဖင့္ ဝင္ေၾကးေျပာင္းလဲေကာက္ခံမည္ျဖစ္ေၾကာင္း သိရသည္။

ယခင္က ဟန္လင္း၊ ဗိႆႏိုး ႏွင့္ သေရေခတၱရာယဥ္ေက်းမႈဇုန္မ်ားသို႔ လာေရာက္သည့္ ျပည္ပႏိုင္ငံျခားသားတစ္ဦးလွ်င္ ဝင္ေၾကးအျဖစ္ ေငြက်ပ္ (၅၀၀၀)ႏႈန္း ေကာက္ခံခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ မႏၲေလး အပါအဝင္ စစ္ေတြ၊ ေတာင္ႀကီး၊ ေမာ္လၿမိဳင္၊ ျမစ္ႀကီးနား၊ ဟားခါး၊ လြိဳင္ေကာ္၊ ဘားအံ၊ ပုသိမ္၊ ထားဝယ္ႏွင့္‌ က်ိဳင္းတုံေဒသရွိ ယဥ္ေက်းမႈျပတိုက္ ႏွင့္ စာၾကည့္တိုက္မ်ားသို႔ လာေရာက္သည့္ ျပည္တြင္းဧည့္သည္တစ္ဦးလွ်င္ ဝင္ေၾကးအျဖစ္ ေငြက်ပ္ (၅၀၀)ႏႈန္းျဖင့္ ေကာက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ေျပာင္းလဲေကာက္ခံသြားေသာ္လည္း ရဟန္းသံဃာမ်ား၊ သီလရွင္မ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ ကေလးသူငယ္မ်ား၊ သံတမန္မ်ားႏွင့္ ကုလသမဂၢလက္ေအာက္ခံ အဖြဲ႕အစည္းမ်ားကို အခမဲ့ဝင္ေရာက္ ေလ့လာခြင့္ျပဳလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.