ကညွတ်ကွင်းမြို့အနီးရှိ လုံခြုံရေးစခန်းများအား KNLA ၊ PDF ပူးပေါင်းအဖွဲ့က လာရောက်တိုက်ခိုက်ပြီးနောက် တံတားတစ်စင်းအား မိုင်းခွဲဖျက်ဆီးခဲ့

5190
Pearl (NP News) - ဇန်နဝါရီ ၄
ကညွတ်ကွင်းမြို့အနီးရှိ လုံခြုံရေးစခန်းများအား KNLA ၊ PDF ပူးပေါင်းအဖွဲ့က လာရောက်တိုက်ခိုက်ပြီးနောက် တံတားတစ်စင်းအား မိုင်းခွဲဖျက်ဆီး သွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သတင်းရရှိသည်။

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ တောင်ဂုန်းတဲကျေးရွာအနီးရှိ လုံခြုံရေးစခန်းများအား ယနေ့ (ဇန်နဝါရီလ ၄ ရက်) ၊ နံနက် (၃)နာရီခန့်တွင် KNLA ၊ PDF ပူးပေါင်းအဖွဲ့က အင်အားအလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် တောင်ကုန်းတဲဘုန်းကြီးကျောင်းအား KNLA ၊ PDF ပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီးသွားခဲ့သည့်အပြင် နံနက် (၅)နာရီ (၂၀) မိနစ်အချိန်ခန့်တွင် ကညွတ်ကွင်းမြို့နှင့် တောကျွဲအင်းကြား၊ ရန်ကုန် - မန္တလေးလမ်းဟောင်းရှိ ဒေသခေါ် သံတံတား တစ်စင်းအား မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
"မနက် (၃)နာရီလောက်မှာ တိုက်ပွဲဖြစ်တယ်။ (၅)နာရီ (၂၀)မှာ တံတားမိုင်းခွဲခံရတယ်။ ဒေသခေါ်ကတော့ သံတံတားပေါ့။ ဒေသခံပြည်သူတွေပဲ သုံးတဲ့ တံတားပါ။ အခုတော့ ကားတွေ သွားလို့မရတော့ဘူး။ ပြီးတော့ တောင်ကုန်းတဲ ဘုန်းကြီးကျောင်းကိုလည်း ကရင်တွေ မီးရှို့သွားတယ်။ လောလော ဆယ်တော့ တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်" ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။
တံတား မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် လူ နှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း သိရသည်။
လက်ရှိတွင် ကညွတ်ကွင်းမြို့အနီးတစ်ဝိုက်တွင် တပ်မတော်ဘက်မှ နယ်မြေရှင်းလင်းရေးများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
တံတားမိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ရန်ကုန်-မန္တလေးလမ်းဟောင်းမှ ကုန်တင်ကားများ သွားလာ၍မရတော့သည့်အတွက် အမြန်လမ်းမှ ဖြတ်သန်းခွင့်ပေးထား ကြောင်း သိရသည်။

zawgyi version
ကၫြတ္ကြင္းၿမိဳ႕အနီးရွိ လုံၿခဳံေရးစခန္းမ်ားအား KNLA ၊ PDF ပူးေပါင္းအဖြဲ႕က လာေရာက္တိုက္ခိုက္ၿပီးေနာက္ တံတားတစ္စင္းအား မိုင္းခြဲဖ်က္ဆီးခဲ့
Pearl (NP News) - ဇန္နဝါရီ ၄
ကၫြတ္ကြင္းၿမိဳ႕အနီးရွိ လုံၿခဳံေရးစခန္းမ်ားအား KNLA ၊ PDF ပူးေပါင္းအဖြဲ႕က လာေရာက္တိုက္ခိုက္ၿပီးေနာက္ တံတားတစ္စင္းအား မိုင္းခြဲဖ်က္ဆီး သြားခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သတင္းရရွိသည္။
ပဲခူးတိုင္း၊ ျဖဴးၿမိဳ႕နယ္၊ ကၫြတ္ကြင္းၿမိဳ႕၊ ေတာင္ဂုန္းတဲေက်း႐ြာအနီးရွိ လုံၿခဳံေရးစခန္းမ်ားအား ယေန႔ (ဇန္နဝါရီလ ၄ ရက္) ၊ နံနက္ (၃)နာရီခန႔္တြင္ KNLA ၊ PDF ပူးေပါင္းအဖြဲ႕က အင္အားအလုံးအရင္းျဖင့္ လာေရာက္တိုက္ခိုက္ခဲ့သျဖင့္ အျပန္အလွန္ ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ အျပန္အလွန္ ထိေတြ႕တိုက္ပြဲျဖစ္ပြားၿပီးေနာက္ ေတာင္ကုန္းတဲဘုန္းႀကီးေက်ာင္းအား KNLA ၊ PDF ပူးေပါင္းအဖြဲ႕က မီးရႈိ႕ဖ်က္ဆီးသြားခဲ့သည့္အျပင္ နံနက္ (၅)နာရီ (၂၀) မိနစ္အခ်ိန္ခန႔္တြင္ ကၫြတ္ကြင္းၿမိဳ႕ႏွင့္ ေတာကြၽဲအင္းၾကား၊ ရန္ကုန္ - မႏၲေလးလမ္းေဟာင္းရွိ ေဒသေခၚ သံတံတား တစ္စင္းအား မိုင္းခြဲဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။
"မနက္ (၃)နာရီေလာက္မွာ တိုက္ပြဲျဖစ္တယ္။ (၅)နာရီ (၂၀)မွာ တံတားမိုင္းခြဲခံရတယ္။ ေဒသေခၚကေတာ့ သံတံတားေပါ့။ ေဒသခံျပည္သူေတြပဲ သုံးတဲ့ တံတားပါ။ အခုေတာ့ ကားေတြ သြားလို႔မရေတာ့ဘူး။ ၿပီးေတာ့ ေတာင္ကုန္းတဲ ဘုန္းႀကီးေက်ာင္းကိုလည္း ကရင္ေတြ မီးရႈိ႕သြားတယ္။ ေလာေလာ ဆယ္ေတာ့ တပ္မေတာ္ဘက္က နယ္ေျမရွင္းလင္းေရးေတြ လုပ္ေနတယ္" ဟု လုံၿခဳံေရးအဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးက NP News ကို ေျပာသည္။
တံတား မိုင္းခြဲဖ်က္ဆီးခံရမႈေၾကာင့္ လူ ႏွင့္ ေမာ္ေတာ္ယာဥ္မ်ား ျဖတ္သန္းသြားလာ၍ မရေတာ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ကၫြတ္ကြင္းၿမိဳ႕အနီးတစ္ဝိုက္တြင္ တပ္မေတာ္ဘက္မွ နယ္ေျမရွင္းလင္းေရးမ်ား ဆက္လက္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
တံတားမိုင္းခြဲဖ်က္ဆီးခံရမႈေၾကာင့္ ရန္ကုန္-မႏၲေလးလမ္းေဟာင္းမွ ကုန္တင္ကားမ်ား သြားလာ၍မရေတာ့သည့္အတြက္ အျမန္လမ္းမွ ျဖတ္သန္းခြင့္ေပးထား ေၾကာင္း သိရသည္။