မန္တလေး-ပြင်ဦးလွင်လမ်း၌ ကားတစ်စီးအရှိန်လွန်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုကြောင့် အမျိုးသားတစ်ဦးပွဲချင်းပြီး သေဆုံး

 7666

သန့်ဇင်(NP News)-ဇန်နဝါရီ ၄
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင်လမ်း၌ ကားတစ်စီးအရှိန်လွန်ကာ လမ်းဘေးသစ်ပင်ကို ဝင်တိုက်မှုကြောင့် အမျိုးသားတစ်ဦးပွဲချင်းပြီး သေဆုံးကာ (၂)ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။


ယာဉ်တိုက်မှုသည် ယနေ့(ဇန်နဝါရီလ ၄ရက်)၊ မွန်းလွဲ ၁နာရီ ၅၀မိနစ်အချိန်တွင် ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်း၊ သမ္မတောရွာနှင့် သန့်စင်ကုန်းရွာကြား၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။


“အရှိန်လွန်ပြီး လမ်းဘေးကသစ်ပင်ကို ဝင်တိုက်တာပါ။ ကားက မျက်နှာကျက်ကျောက်ပြားတွေ တင်လာတဲ့ကားပါ။ ကားခေါင်းခန်းထဲမှာပဲ လိုက်လာတဲ့လူ (၃)ယောက်ပါတာ။ အလယ်ကတစ်ယောက်ကတော့ ပွဲချင်းပြီးဆုံးသွားတယ်” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မန္တလေးတိုင်းမှ တာဝန်ရှိသူတစ်ဦးက NP Newsကို ပြောသည်။


အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွင် ကားပေါ်၌လိုက်ပါလာသည့် အမျိုးသား(၃)ဦးအနက် အသက်(၃၁)နှစ်အရွယ် အမျိုးသားသည် မျက်နှာပွင့်ထွက်ဒဏ်ရာ၊ ဝမ်းဗိုက်ကွဲဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။


“ကားပေါ်မှာ အလယ်က ထိုင်လိုက်လာတဲ့တစ်ယောက်က ပွဲချင်းပြီးသေတယ်။ ကားက သစ်ပင်ကိုတည့်ကြီးဝင်တိုက်တော့၊ ကားမှန်နဲ့မျက်နှာနဲ့ရိုက်မိတဲ့ပုံစံပေါ့။ ကျန်တဲ့နှစ်ယောက်ထဲက တစ်ယောက်ကတော့ ဘယ်ဘက်နဖူးနဲ့ ခြေထောက်ကျိုးတယ်။ နောက်တစ်ယောက်တော့ ကျွန်တော်တို့ မရောက်ခင်ကတည်းက ဆေးရုံပို့လိုက်တော့ မမှီလိုက်ဘူးပေါ့။ အဲဒီ(၂)ယောက်ကလည်း ကားထဲမှာညှပ်နေလို့ ကရိန်းကား(၂)စီးနဲ့ ဆွဲထုတ်လိုက်ရတယ်” ဟု ၎င်းကဆက်လက်ပြောသည်။


ထို့ကြောင့် သေဆုံးသူအမျိုးသားနှင့် ထိခိုက်ဒဏ်ရာရရှိသူအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမန္တလေးနှင့် အခြားလူမှုကူညီရေးအသင်းများ ပူးပေါင်း၍ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


မန္တလေး-ပြင်ဦးလွင်လမ်းတွင် ယာဉ်မတော်တစ်ဆမှုဖြစ်စဉ်များ မကြာခဏဖြစ်ပွားလျက်ရှိရာ လမ်းအသုံးပြုမောင်းနှင်သူများအနေဖြင့် လမ်းကွေ့များ၌ အရှိန်လျော့ကာ မောင်းနှင်ကြရန်နှင့် အရက်သေစာသောက်စား၍ မောင်းနှင်ခြင်းများမပြုလုပ်ကြရန် အထက်ပါလူမှုကယ်ဆယ်ရေးအသင်းမှတာဝန်ရှိသူတစ်ဦးက အကြံပြုပြောဆိုထားသည်။

Zawgyi Version

မႏၲေလး-ျပင္ဦးလြင္လမ္း၌ ကားတစ္စီးအရွိန္လြန္ကာ လမ္းေဘးသစ္ပင္ဝင္တိုက္မႈေၾကာင့္ အမ်ိဳးသားတစ္ဦးပြဲခ်င္းၿပီး ေသဆုံး


သန႔္ဇင္(NP News)-ဇန္နဝါရီ ၄
မႏၲေလးတိုင္း၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ မႏၲေလး-ျပင္ဦးလြင္လမ္း၌ ကားတစ္စီးအရွိန္လြန္ကာ လမ္းေဘးသစ္ပင္ကို ဝင္တိုက္မႈေၾကာင့္ အမ်ိဳးသားတစ္ဦးပြဲခ်င္းၿပီး ေသဆုံးကာ (၂)ဦးထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။


ယာဥ္တိုက္မႈသည္ ယေန႔(ဇန္နဝါရီလ ၄ရက္)၊ မြန္းလြဲ ၁နာရီ ၅၀မိနစ္အခ်ိန္တြင္ ပုသိမ္ႀကီးၿမိဳ႕နယ္၊ မႏၲေလး-ျပင္ဦးလြင္ အတက္လမ္း၊ သမၼေတာ႐ြာႏွင့္ သန႔္စင္ကုန္း႐ြာၾကား၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။


“အရွိန္လြန္ၿပီး လမ္းေဘးကသစ္ပင္ကို ဝင္တိုက္တာပါ။ ကားက မ်က္ႏွာက်က္ေက်ာက္ျပားေတြ တင္လာတဲ့ကားပါ။ ကားေခါင္းခန္းထဲမွာပဲ လိုက္လာတဲ့လူ (၃)ေယာက္ပါတာ။ အလယ္ကတစ္ေယာက္ကေတာ့ ပြဲခ်င္းၿပီးဆုံးသြားတယ္” ဟု ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕မႏၲေလးတိုင္းမွ တာဝန္ရွိသူတစ္ဦးက NP Newsကို ေျပာသည္။


အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္တြင္ ကားေပၚ၌လိုက္ပါလာသည့္ အမ်ိဳးသား(၃)ဦးအနက္ အသက္(၃၁)ႏွစ္အ႐ြယ္ အမ်ိဳးသားသည္ မ်က္ႏွာပြင့္ထြက္ဒဏ္ရာ၊ ဝမ္းဗိုက္ကြဲဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။


“ကားေပၚမွာ အလယ္က ထိုင္လိုက္လာတဲ့တစ္ေယာက္က ပြဲခ်င္းၿပီးေသတယ္။ ကားက သစ္ပင္ကိုတည့္ႀကီးဝင္တိုက္ေတာ့၊ ကားမွန္နဲ႔မ်က္ႏွာနဲ႔႐ိုက္မိတဲ့ပုံစံေပါ့။ က်န္တဲ့ႏွစ္ေယာက္ထဲက တစ္ေယာက္ကေတာ့ ဘယ္ဘက္နဖူးနဲ႔ ေျခေထာက္က်ိဳးတယ္။ ေနာက္တစ္ေယာက္ေတာ့ ကြၽန္ေတာ္တို႔ မေရာက္ခင္ကတည္းက ေဆး႐ုံပို႔လိုက္ေတာ့ မမွီလိုက္ဘူးေပါ့။ အဲဒီ(၂)ေယာက္ကလည္း ကားထဲမွာညႇပ္ေနလို႔ ကရိန္းကား(၂)စီးနဲ႔ ဆြဲထုတ္လိုက္ရတယ္” ဟု ၎ကဆက္လက္ေျပာသည္။


ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသားႏွင့္ ထိခိုက္ဒဏ္ရာရရွိသူအား ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအသင္းမႏၲေလးႏွင့္ အျခားလူမႈကူညီေရးအသင္းမ်ား ပူးေပါင္း၍ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။


မႏၲေလး-ျပင္ဦးလြင္လမ္းတြင္ ယာဥ္မေတာ္တစ္ဆမႈျဖစ္စဥ္မ်ား မၾကာခဏျဖစ္ပြားလ်က္ရွိရာ လမ္းအသုံးျပဳေမာင္းႏွင္သူမ်ားအေနျဖင့္ လမ္းေကြ႕မ်ား၌ အရွိန္ေလ်ာ့ကာ ေမာင္းႏွင္ၾကရန္ႏွင့္ အရက္ေသစာေသာက္စား၍ ေမာင္းႏွင္ျခင္းမ်ားမျပဳလုပ္ၾကရန္ အထက္ပါလူမႈကယ္ဆယ္ေရးအသင္းမွတာဝန္ရွိသူတစ္ဦးက အႀကံျပဳေျပာဆိုထားသည္။

Picture

ko zaw min

04/01/2024 20:56

ကားသမားတွေက အရက် ထက် ဆေး ချတာများတယ် ၈၀ရာခိုင်နံးလောက်သုံးတယ်

Picture

L Mone

04/01/2024 21:00

ကားဆရာတွေကလည်း....သနားစရာပါပဲ.....နယ်ဝေးသမားတွေကိုဆိုလိုပါတယ်

Related news

© 2021. All rights reserved.