အင်ဒိုနီးရှားနိုင်ငံတွင် ရထားနှစ်စင်းတိုက်မိခဲ့ပြီး လူ(၃)ဦးသေဆုံးကာ အခြားလူ(၂)ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရရှိ

 379

Pika (NP News) - ဇန်နဝါရီ ၅

ဇန်နဝါရီလ(၅)ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့အနီး စပါးခင်းတစ်ခုအတွင်းရှိ ရထားလမ်းမပေါ်တွင် ရထားနှစ်စင်းတိုက်မိခဲ့ရာ အနည်းဆုံးလူ(၃)ဦးသေဆုံးခဲ့ပြီး အခြားလူ(၂)ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါမတော်တဆမှုဖြစ်ပွားပြီးနောက် ရထားနှစ်စင်းလုံးမှ ခရီးသည်(၅ဝဝ)နီးပါးကို ဘေးလွတ်ကင်းရာသို့ ရွှေ့ပြောင်းကယ်ထုတ်ခဲ့ရကြောင်း ၎င်းတို့က ထပ်မံပြောခဲ့သည်။

မတော်တဆမှုသည် ဘန်ဒေါင်းမြို့အရှေ့ဖက်ရှိ Rancaekek ခရိုင်တွင် ဇန်နဝါရီလ(၅)ရက် အစောပိုင်းက ဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ အခင်းဖြစ်ပွားရာနေရာကို ရိုက်ကူးထားသော ဗီဒီယိုဖိုင်ထဲတွင် ရထားသံလမ်းပေါ်မှ ရေမြုပ်နေသော စပါးခင်းထဲသို့ ထိုးကျနေသည့် ရထားတွဲအနည်းဆုံးနှစ်စင်းကို တွေ့မြင်ခဲ့ရသည်။

ရထားတစ်စင်းသည် ဒေသတွင်းခရီးသွားပို့ဆောင်ရေးလိုင်းတစ်ခုဖြစ်ပြီး အခြားရထားတစ်စင်းမှာ Surabaya မြို့မှ ဘန်ဒေါင်းမြို့သို့ ဦးတည်သွားနေချိန်တွင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။ ဘန်ဒေါင်းမြို့သည် ဂျာကာတာမြို့အရှေ့တောင်ဘက် ကီလိုမီတာ(၁၆ဝ)အကွာတွင် တည်ရှိကြောင်းလည်း သိရသည်။

"ဒေသအတွင်း ခရီးသွားပို့ဆောင်ရေး ရထားပေါ်က ခရီးသည် (၁၉၁)ဦး နဲ့ အခြားရထားတစ်စီးပေါ်က ခရီးသည် (၂၈၇)ဦးတို့ကို ဘေးလွတ်ကင်းရာကို ရွှေ့ပြောင်းကယ်ထုတ်နိုင်ခဲ့ပါတယ်" ဟု အနောက်ဂျာဗားပြည်နယ်၏ ယာယီ အုပ်ချုပ်ရေးမှူး ဘေးမက်ရှ်မူဒင်က ပြောခဲ့သည်။

အဆိုပါမတော်တဆမှု ဘာကြောင့်ဖြစ်ပွားရသည်ဆိုသည့်အချက်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိ ရသေးကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံတွင် သက်တမ်းရင့် ရထားလမ်းကွန်ရက်များကြောင့် အထူးသဖြင့် ရထားလမ်းဆုံများတွင် မတော်တဆမှုများမကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

Zawgyi Version;
အင္ဒိုနီးရွားႏိုင္ငံတြင္ ရထားႏွစ္စင္းတိုက္မိခဲ့ၿပီး လူ(၃)ဦးေသဆုံးကာ အျခားလူ(၂)ဒါဇင္ေက်ာ္ ထိခိုက္ဒဏ္ရာရရွိ
Pika (NP News) - ဇန္နဝါရီ ၅

ဇန္နဝါရီလ(၅)ရက္တြင္ အင္ဒိုနီးရွားႏိုင္ငံ ဘန္ေဒါင္းၿမိဳ႕အနီး စပါးခင္းတစ္ခုအတြင္းရွိ ရထားလမ္းမေပၚတြင္ ရထားႏွစ္စင္းတိုက္မိခဲ့ရာ အနည္းဆုံးလူ(၃)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၂)ဒါဇင္ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။

အဆိုပါမေတာ္တဆမႈျဖစ္ပြားၿပီးေနာက္ ရထားႏွစ္စင္းလုံးမွ ခရီးသည္(၅ဝဝ)နီးပါးကို ေဘးလြတ္ကင္းရာသို႔ ေ႐ႊ႕ေျပာင္းကယ္ထုတ္ခဲ့ရေၾကာင္း ၎တို႔က ထပ္မံေျပာခဲ့သည္။

မေတာ္တဆမႈသည္ ဘန္ေဒါင္းၿမိဳ႕အေရွ႕ဖက္ရွိ Rancaekek ခ႐ိုင္တြင္ ဇန္နဝါရီလ(၅)ရက္ အေစာပိုင္းက ျဖစ္ပြားခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။ အခင္းျဖစ္ပြားရာေနရာကို ႐ိုက္ကူးထားေသာ ဗီဒီယိုဖိုင္ထဲတြင္ ရထားသံလမ္းေပၚမွ ေရျမဳပ္ေနေသာ စပါးခင္းထဲသို႔ ထိုးက်ေနသည့္ ရထားတြဲအနည္းဆုံးႏွစ္စင္းကို ေတြ႕ျမင္ခဲ့ရသည္။

ရထားတစ္စင္းသည္ ေဒသတြင္းခရီးသြားပို႔ေဆာင္ေရးလိုင္းတစ္ခုျဖစ္ၿပီး အျခားရထားတစ္စင္းမွာ Surabaya ၿမိဳ႕မွ ဘန္ေဒါင္းၿမိဳ႕သို႔ ဦးတည္သြားေနခ်ိန္တြင္ တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း တာဝန္ရွိသူမ်ားကေျပာၾကားခဲ့သည္။ ဘန္ေဒါင္းၿမိဳ႕သည္ ဂ်ာကာတာၿမိဳ႕အေရွ႕ေတာင္ဘက္ ကီလိုမီတာ(၁၆ဝ)အကြာတြင္ တည္ရွိေၾကာင္းလည္း သိရသည္။

"ေဒသအတြင္း ခရီးသြားပို႔ေဆာင္ေရး ရထားေပၚက ခရီးသည္ (၁၉၁)ဦး နဲ႔ အျခားရထားတစ္စီးေပၚက ခရီးသည္ (၂၈၇)ဦးတို႔ကို ေဘးလြတ္ကင္းရာကို ေ႐ႊ႕ေျပာင္းကယ္ထုတ္ႏိုင္ခဲ့ပါတယ္" ဟု အေနာက္ဂ်ာဗားျပည္နယ္၏ ယာယီ အုပ္ခ်ဳပ္ေရးမႉး ေဘးမက္ရွ္မူဒင္က ေျပာခဲ့သည္။

အဆိုပါမေတာ္တဆမႈ ဘာေၾကာင့္ျဖစ္ပြားရသည္ဆိုသည့္အခ်က္ကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိ ရေသးေၾကာင္း သိရသည္။ အင္ဒိုနီးရွားႏိုင္ငံတြင္ သက္တမ္းရင့္ ရထားလမ္းကြန္ရက္မ်ားေၾကာင့္ အထူးသျဖင့္ ရထားလမ္းဆုံမ်ားတြင္ မေတာ္တဆမႈမ်ားမၾကာခဏျဖစ္ပြားေလ့ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.