အကယ်ဒမီပေးပွဲကို ဖေဖော်ဝါရီလ(၃)ရက်တွင် ကျင်းပမည်ဖြစ်ပြီး ရွှေရင်ထိုးများအတွက် လိုအပ်သောရွှေကို နိုင်ငံတော်က ကျခံသွားမည်

 3751

ပုံစာ - ၂ဝ၂၃ ခုနှစ်က ကျင်းပခဲ့သည့် အကယ်ဒမီပေးပွဲမြင်ကွင်း

ယွန်း (NP News) - ဇန်နဝါရီ ၆

အကယ်ဒမီပေးပွဲကို လာမည့်‌ဖေဖော်ဝါရီလ(၃)ရက်တွင် ကျင်းပမည်ဖြစ်ပြီး ရွှေစင်ရုပ်တုရင်ထိုးတံဆိပ်များအတွက် လိုအပ်သည့် ရွှေများကို နိုင်ငံတော်က ကျခံသွားမည်ဖြစ်ကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဇန်နဝါရီလ(၅)ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို လာမည့် ဖေ ဖော်ဝါရီလ(၃)ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်းဗဟိုဌာန-၁(MICC-1) ခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို Forever Group Co.,Ltd အနေဖြင့် အဓိကကူညီပံ့ပိုးသူအဖြစ် တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး နှစ်ဖက်သဘောတူစာချုပ်ချုပ်ဆိုခြင်းကို ပြီးခဲ့သည့် ဇန်နဝါရီလ(၃)ရက်တွင်လုပ်ဆောင်ခဲ့ပြီး လုပ်ငန်းများစတင်နိုင်ရေးကို ညှိနှိုင်းလျက်ရှိကြောင်း သိရသည်။

ထို့ပြင် အကယ်ဒမီရွှေစင်ရုပ်တုတွင် တပ်ဆင်မည့် ရွှေကြယ်များနှင့် အကယ် ဒမီပေးပွဲကို တက်ရောက်လာကြမည့် အကယ်ဒမီဆုရ အနုပညာရှင်၊ အတတ်ပညာရှင်များကို ရွှေစင်ရုပ်တုရင်ထိုးတံဆိပ်များပေးအပ်သွားမည်ဖြစ်ပြီး လိုအပ်သည့်ရွှေများကို နိုင်ငံတော်က ကျခံသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးက ပြောသည်။

ဇာတ်ကားစိစစ်အကဲဖြတ်ခြင်းတွင် ပထမအဆင့်အနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ဇာတ်ကား (၃၅)ကားကို စိစစ်ခဲ့ပြီး ဒုတိယအဆင့်အနေဖြင့် ရွေးချယ်ထားသည့် ဇာတ်ကား(၁၂)ကားကို ဇန်နဝါရီလ (၃)ရက်တွင် အပြီးအစီး စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုနှစ်၌ ရွှေကြိုများအပြင် ရုပ်ရှင်အနာဂတ်အတွက် သရုပ်ဆောင်များကို မွေးထုတ်ပေးရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ရွှေကြိုရွေးချယ်ရေးအဖွဲ့၊ ရုပ်ရှင်ထုတ်လုပ်ရေးများ နှင့် ရုပ်သံလိုင်းများက သရုပ်ဆောင်(၄၃)ဦးကို ရွေးချယ်ထားကြောင်းလည်း ၎င်းကဆက်လက်ပြောသည်။

အလားတူ ပြီးခဲ့သည့်နှစ်တွင်ကျင်းပခဲ့သည့် သုံးနှစ်စာအကယ်ဒမီဆုပေးပွဲတွင်လည်း အကယ်ဒမီရရှိပြီးသော အနုပညာရှင်နှင့် အတတ်ပညာရှင်များကို ရွှေအစစ်ဖြင့် ပြုလုပ်ထားသော အကယ်ဒမီပုံရွှေရင်ထိုးများ ပေးအပ်ခဲ့ပြီး ကုန်ကျစရိတ်များကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အကုန်အကျခံကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

zawgyi version
အကယ္ဒမီေပးပြဲကို ေဖေဖာ္ဝါရီလ(၃)ရက္တြင္ က်င္းပမည္ျဖစ္ၿပီး ေ႐ႊရင္ထိုးမ်ားအတြက္ လိုအပ္ေသာေ႐ႊကို ႏိုင္ငံေတာ္က က်ခံသြားမည္

ယြန္း (NP News) - ဇန္နဝါရီ ၆

အကယ္ဒမီေပးပြဲကို လာမည့္‌ေဖေဖာ္ဝါရီလ(၃)ရက္တြင္ က်င္းပမည္ျဖစ္ၿပီး ေ႐ႊစင္႐ုပ္တုရင္ထိုးတံဆိပ္မ်ားအတြက္ လိုအပ္သည့္ ေ႐ႊမ်ားကို ႏိုင္ငံေတာ္က က်ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။

ျပန္ၾကားေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းက ဇန္နဝါရီလ(၅)ရက္တြင္ ေနျပည္ေတာ္၌ က်င္းပခဲ့သည့္ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

၂၀၂၃ ခုႏွစ္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲအခမ္းအနားကို လာမည့္ ေဖ ေဖာ္ဝါရီလ(၃)ရက္တြင္ ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ဆိုင္ရာ ကြန္ဗင္း ရွင္းဗဟိုဌာန-၁(MICC-1) ခန္းမတြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါအခမ္းအနားကို Forever Group Co.,Ltd အေနျဖင့္ အဓိကကူညီပံ့ပိုးသူအျဖစ္ တာဝန္ယူေဆာင္႐ြက္မည္ျဖစ္ၿပီး ႏွစ္ဖက္သေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုျခင္းကို ၿပီးခဲ့သည့္ ဇန္နဝါရီလ(၃)ရက္တြင္လုပ္ေဆာင္ခဲ့ၿပီး လုပ္ငန္းမ်ားစတင္ႏိုင္ေရးကို ညႇိႏႈိင္းလ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ အကယ္ဒမီေ႐ႊစင္႐ုပ္တုတြင္ တပ္ဆင္မည့္ ေ႐ႊၾကယ္မ်ားႏွင့္ အကယ္ ဒမီေပးပြဲကို တက္ေရာက္လာၾကမည့္ အကယ္ဒမီဆုရ အႏုပညာရွင္၊ အတတ္ပညာရွင္မ်ားကို ေ႐ႊစင္႐ုပ္တုရင္ထိုးတံဆိပ္မ်ားေပးအပ္သြားမည္ျဖစ္ၿပီး လိုအပ္သည့္ေ႐ႊမ်ားကို ႏိုင္ငံေတာ္က က်ခံသြားမည္ျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးက ေျပာသည္။

ဇာတ္ကားစိစစ္အကဲျဖတ္ျခင္းတြင္ ပထမအဆင့္အေနျဖင့္ ၂၀၂၃ ခုႏွစ္အတြင္း ႐ုံတင္ျပသခဲ့သည့္ ဇာတ္ကား (၃၅)ကားကို စိစစ္ခဲ့ၿပီး ဒုတိယအဆင့္အေနျဖင့္ ေ႐ြးခ်ယ္ထားသည့္ ဇာတ္ကား(၁၂)ကားကို ဇန္နဝါရီလ (၃)ရက္တြင္ အၿပီးအစီး စိစစ္ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

ယခုႏွစ္၌ ေ႐ႊႀကိဳမ်ားအျပင္ ႐ုပ္ရွင္အနာဂတ္အတြက္ သ႐ုပ္ေဆာင္မ်ားကို ေမြးထုတ္ေပးရန္ဆိုသည့္ ရည္႐ြယ္ခ်က္ျဖင့္ ေ႐ႊႀကိဳေ႐ြးခ်ယ္ေရးအဖြဲ႕၊ ႐ုပ္ရွင္ထုတ္လုပ္ေရးမ်ား ႏွင့္ ႐ုပ္သံလိုင္းမ်ားက သ႐ုပ္ေဆာင္(၄၃)ဦးကို ေ႐ြးခ်ယ္ထားေၾကာင္းလည္း ၎ကဆက္လက္ေျပာသည္။

အလားတူ ၿပီးခဲ့သည့္ႏွစ္တြင္က်င္းပခဲ့သည့္ သုံးႏွစ္စာအကယ္ဒမီဆုေပးပြဲတြင္လည္း အကယ္ဒမီရရွိၿပီးေသာ အႏုပညာရွင္ႏွင့္ အတတ္ပညာရွင္မ်ားကို ေ႐ႊအစစ္ျဖင့္ ျပဳလုပ္ထားေသာ အကယ္ဒမီပုံေ႐ႊရင္ထိုးမ်ား ေပးအပ္ခဲ့ၿပီး ကုန္က်စရိတ္မ်ားကို ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွ အကုန္အက်ခံကာ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.