၂၀၂၃ ခုနှစ်၌ မီးလောင်မှုကြောင့် ကျပ် (၃၅)ဘီလျံ စံချိန်တင်ဆုံးရှုံးခဲ့ပြီး သောင်းကျန်းသူများ၏ ရှို့မီးကြောင့် အများဆုံးဆုံးရှုံးခဲ့

1031
မြူနစ် (NP News) - ဇန်နဝါရီ ၆
ပြီးခဲ့သော ၂၀၂၃ ခုနှစ်၌ မီးလောင်မှုကြောင့် ကျပ် (၃၅)ဘီလျံကျော် စံချိန်တင်ဆုံးရှုံးခဲ့ပြီး သောင်းကျန်းသူများ၏ ရှို့မီးကြောင့် အမျာဆုံး ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ မြန်မာနိုင်ငံတစ်လုံး၌ မီးလောင်မှုဖြစ်ပွားခဲ့သည့်အကြိမ်ရေသည် (၁၃၆၂) ကြိမ်ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်များအနက် သောင်းကျန်းသူများ၏ ရှို့မီးကြောင့် ဖြစ်ပွားခဲ့သော မီးလောင်မှုအကြိမ်အရေသည် (၁၀၅)ကြိမ်ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် မီးလောင်မှုဖြစ်စဉ်များကြောင့် အိမ်အဆောက်အဦး (၄၀၀၀)နီးပါး၊ စက်ရုံ/အလုပ်ရုံ (၂၀)နီးပါး၊ ဂိုဒေါင်ပေါင်း (၁၅၀) နီးပါးအပါအဝင် အခြားသောပျက်စီးဆုံးရှုံးများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော မီးလောင်မှုဖြစ်စဉ်များကြောင့် ခန့်မှန်းပျက်စီးဆုံးရှုံးမှုတန်ဖိုးသည် ငွေကျပ် (၃၅)ဘီလျံကျော်ရှိခဲ့ကြောင်းလည်း မီးသတ်ဦးစီးဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။
“အရင် ၂၀၂၂ နှစ်ထက် ၂၀၂၃ က မီးလောင်မှုဖြစ်စဉ် နည်းပါတယ်။ ဒါပေမဲ့ ဆုံးရှုံးမှုတန်ဖိုးက အရမ်းများတယ်။ အရင် နှစ်ထက် (၂၈) ဘီလျံလောက် ပိုများသွားတယ်။ ကျင်စန်းကျော့ဂိတ်မှာ မီးလောင်တုန်းက (၁၂)ဘီလျံကျော် ဆုံးရှုံးသွားတယ်။ နောက်ပြီးတော့ ရခိုင်မှာရှိတဲ့ ပုဏ္ဏားကျွန်းဈေးမီးလောင်တယ်။ ဆိုင်ခန်းပေါင်း (၁၂၀၀)ကျော် လောင်သွားတယ်။ ဆုံးရှုံးမှုတန်ဖိုး များပါတယ်။ ပြီးတော့ လျှပ်စစ်ရုံးတွေ မီးရှို့ခံရတာရှိတယ်။ စစ်ကိုင်းမှာဆိုရင် ရွာလုံးကျွတ် အိမ်တွေ မီးထဲ ပါသွားတယ်။ ဒီနှစ်က သောင်းကျန်းသူတွေရဲ့ ရှို့မီးကြောင့် ဆုံးရှုံးတာ များပါတယ်” ဟု မီးသတ်ဦးစီးဌာနနှင့်နီးစပ်သော အရာရှိတစ်ဦးက NP News ကို ပြောသည်။
ပြီးခဲ့သောနှစ်၌ ရှမ်းပြည်နယ်၊ မူဆယ်မြို့ရှိ ကျင်စန်းကျော့နယ်စပ်ဂိတ်တွင် တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ၏ Drop ဗုံး ပစ်ခတ်မှုကြောင့် ဂိတ်အတွင်းရပ်ထားသည့် ကုန်တင်ကားအစီးရေ (၁၀၀)ကျော်နှင့် လူသုံးကုန်ပစ္စည်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။
ထို့ပြင် လက်နက်ကိုင်အဖွဲ့များ၏ လုပ်ရပ်များကြောင့် ပုဏ္ဏားကျွန်းဈေး၊ လွိုင်ကော်ဈေးအပါအဝင် လျှပ်စစ်ရုံးများသည်လည်း မီးလောင်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
ပြီးခဲ့သော ၂၀၂၂ ခုနှစ်အတွင်း၌ မီးလောင်မှုအကြိမ်ရေ (၁၅၀၇)ကြိမ်ဖြစ်ပွားခဲ့ရာ ပျက်စီးဆုံးရှုံးတန်ဖိုးသည် ငွေကျပ် (၆) ဘီလျံကျော်သာ ရှိခဲ့သည်။

zawgyi version
၂၀၂၃ ခုႏွစ္၌ မီးေလာင္မႈေၾကာင့္ က်ပ္ (၃၅)ဘီလ်ံ စံခ်ိန္တင္ဆုံးရႈံးခဲ့ၿပီး ေသာင္းက်န္းသူမ်ား၏ ရႈိ႕မီးေၾကာင့္ အမ်ားဆုံးဆုံးရႈံးခဲ့
ျမဴနစ္ (NP News) - ဇန္နဝါရီ ၆
ၿပီးခဲ့ေသာ ၂၀၂၃ ခုႏွစ္၌ မီးေလာင္မႈေၾကာင့္ က်ပ္ (၃၅)ဘီလ်ံေက်ာ္ စံခ်ိန္တင္ဆုံးရႈံးခဲ့ၿပီး ေသာင္းက်န္းသူမ်ား၏ ရႈိ႕မီးေၾကာင့္ အမ်ာဆုံး ဆုံးရႈံးမႈျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။
၂၀၂၃ ခုႏွစ္ ဇန္နဝါရီလမွ ဒီဇင္ဘာလအထိ ျမန္မာႏိုင္ငံတစ္လုံး၌ မီးေလာင္မႈျဖစ္ပြားခဲ့သည့္အႀကိမ္ေရသည္ (၁၃၆၂) ႀကိမ္ရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာန၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါမီးေလာင္မႈျဖစ္စဥ္မ်ားအနက္ ေသာင္းက်န္းသူမ်ား၏ ရႈိ႕မီးေၾကာင့္ ျဖစ္ပြားခဲ့ေသာ မီးေလာင္မႈအႀကိမ္အေရသည္ (၁၀၅)ႀကိမ္ရွိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ မီးေလာင္မႈျဖစ္စဥ္မ်ားေၾကာင့္ အိမ္အေဆာက္အဦး (၄၀၀၀)နီးပါး၊ စက္႐ုံ/အလုပ္႐ုံ (၂၀)နီးပါး၊ ဂိုေဒါင္ေပါင္း (၁၅၀) နီးပါးအပါအဝင္ အျခားေသာပ်က္စီးဆုံးရႈံးမ်ား ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။
၂၀၂၃ ခုႏွစ္အတြင္း ျဖစ္ပြားခဲ့ေသာ မီးေလာင္မႈျဖစ္စဥ္မ်ားေၾကာင့္ ခန႔္မွန္းပ်က္စီးဆုံးရႈံးမႈတန္ဖိုးသည္ ေငြက်ပ္ (၃၅)ဘီလ်ံေက်ာ္ရွိခဲ့ေၾကာင္းလည္း မီးသတ္ဦးစီးဌာန၏ အခ်က္အလက္မ်ားတြင္ ေဖာ္ျပထားသည္။
“အရင္ ၂၀၂၂ ႏွစ္ထက္ ၂၀၂၃ က မီးေလာင္မႈျဖစ္စဥ္ နည္းပါတယ္။ ဒါေပမဲ့ ဆုံးရႈံးမႈတန္ဖိုးက အရမ္းမ်ားတယ္။ အရင္ ႏွစ္ထက္ (၂၈) ဘီလ်ံေလာက္ ပိုမ်ားသြားတယ္။ က်င္စန္းေက်ာ့ဂိတ္မွာ မီးေလာင္တုန္းက (၁၂)ဘီလ်ံေက်ာ္ ဆုံးရႈံးသြားတယ္။ ေနာက္ၿပီးေတာ့ ရခိုင္မွာရွိတဲ့ ပုဏၰားကြၽန္းေဈးမီးေလာင္တယ္။ ဆိုင္ခန္းေပါင္း (၁၂၀၀)ေက်ာ္ ေလာင္သြားတယ္။ ဆုံးရႈံးမႈတန္ဖိုး မ်ားပါတယ္။ ၿပီးေတာ့ လွ်ပ္စစ္႐ုံးေတြ မီးရႈိ႕ခံရတာရွိတယ္။ စစ္ကိုင္းမွာဆိုရင္ ႐ြာလုံးကြၽတ္ အိမ္ေတြ မီးထဲ ပါသြားတယ္။ ဒီႏွစ္က ေသာင္းက်န္းသူေတြရဲ႕ ရႈိ႕မီးေၾကာင့္ ဆုံးရႈံးတာ မ်ားပါတယ္” ဟု မီးသတ္ဦးစီးဌာနႏွင့္နီးစပ္ေသာ အရာရွိတစ္ဦးက NP News ကို ေျပာသည္။
ၿပီးခဲ့ေသာႏွစ္၌ ရွမ္းျပည္နယ္၊ မူဆယ္ၿမိဳ႕ရွိ က်င္စန္းေက်ာ့နယ္စပ္ဂိတ္တြင္ တအာင္းလက္နက္ကိုင္အဖြဲ႕ TNLA ၏ Drop ဗုံး ပစ္ခတ္မႈေၾကာင့္ ဂိတ္အတြင္းရပ္ထားသည့္ ကုန္တင္ကားအစီးေရ (၁၀၀)ေက်ာ္ႏွင့္ လူသုံးကုန္ပစၥည္းမ်ားစြာ ပ်က္စီးဆုံးရႈံးခဲ့ရသည္။
ထို႔ျပင္ လက္နက္ကိုင္အဖြဲ႕မ်ား၏ လုပ္ရပ္မ်ားေၾကာင့္ ပုဏၰားကြၽန္းေဈး၊ လြိဳင္ေကာ္ေဈးအပါအဝင္ လွ်ပ္စစ္႐ုံးမ်ားသည္လည္း မီးေလာင္ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့သည္။
ၿပီးခဲ့ေသာ ၂၀၂၂ ခုႏွစ္အတြင္း၌ မီးေလာင္မႈအႀကိမ္ေရ (၁၅၀၇)ႀကိမ္ျဖစ္ပြားခဲ့ရာ ပ်က္စီးဆုံးရႈံးတန္ဖိုးသည္ ေငြက်ပ္ (၆) ဘီလ်ံေက်ာ္သာ ရွိခဲ့သည္။