ယခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်ကို (၆၄)ရက်သာ ကျင်းပသွားမည်

1989

ယွန်း (NP News) - ဇန်နဝါရီ ၈
ယခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်ကာလကို (၆၄)ရက်သာ ကျင်းပသွားမည်ဖြစ်ကြောင်း မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။
မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နှစ်စဥ်တပို့တွဲလဆန်း(၅)ရက်မှ မြန်မာနှစ်ဆန်း တစ်ရက်နေ့ အထိ ရက်ပေါင်း(၈ဝ)ကြာ ကျင်းပပြုလုပ်လေ့ရှိရာ ယခုနှစ်သည် မြန်မာလဝါထပ်သည့်နှစ်ဖြစ်သည့်အတွက် ပွဲတော်ရက်ကာလကို (၆၄)ရက်သာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
“လာတဲ့ဘုရားဖူးတွေကနှစ်တိုင်းများတယ်လေ။ သွားဖို့လာဖို့လုံခြုံရေးတွေနဲ့ တည်းခိုဖို့၊ စားဖို့တွေ၊ ဘုရားဖူးဖို့တွေ ကိစ္စတွေကိုလည်း အကုန်လုံးပြင်နေပါတယ်။ ဘုရားပွဲတော်ကို(၆၄)ရက်ပဲ ကျင်းပမယ်ဆိုတာ ဟုတ်ပါတယ်။ အစီအစဥ်ကတော့ နှစ်တိုင်းလိုပါပဲ။ ဆင်စခန်း လုပ်ထားတာလေးလည်း ရှိတယ်။ ပြီးရင် လမ်းကြောင်းလုံခြုံရေး ရော၊ ဘုရားပွဲတော်ကျင်းပနေတဲ့အချိန်မှာရော လုံခြုံဖို့ကို လိုအပ်တဲ့ လုံခြုံရေးအစီအမံလေးတွေ လုပ်နေပါတယ်” ဟု မကွေးတိုင်းအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက NP News ကို
ပြောသည်။
ယခုနှစ်မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို လာမည့် ဖေဖော်ဝါရီ ၁၄ ရက်(တပို့တွဲလဆန်း ၅ ရက်) တွင် စတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကာလ၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများ အဆင်ပြေစေရန် တည်းခိုဆောင် အလုံးပေါင်း (၈ဝဝ) ခန့် နှင့် ဈေးဆိုင်ခန်းပေါင်း (၄ဝဝ)ခန့်ကို ဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး ဘုရားဖူးများကို ညအိပ်တည်းခိုခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
မန်းရွှေစက်တော်ဘုရားပွဲတော်နှင့်အတူ ဆင်ပြတိုက်ရှိသည့် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို လည်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ယခုႏွစ္ မန္းေ႐ႊစက္ေတာ္ဘုရားပြဲေတာ္ကို (၆၄)ရက္သာ က်င္းပသြားမည္
ယြန္း (NP News) - ဇန္နဝါရီ ၈
ယခုႏွစ္ မန္းေ႐ႊစက္ေတာ္ဘုရားပြဲေတာ္ကာလကို (၆၄)ရက္သာ က်င္းပသြားမည္ျဖစ္ေၾကာင္း မေကြးတိုင္း ေဒသႀကီးအစိုးရအဖြဲ႕ထံမွ သိရသည္။
မန္းေ႐ႊစက္ေတာ္ဘုရား ဗုဒၶပူဇနိယပြဲေတာ္ႀကီးကို ႏွစ္စဥ္တပို႔တြဲလဆန္း(၅)ရက္မွ ျမန္မာႏွစ္ဆန္း တစ္ရက္ေန႔ အထိ ရက္ေပါင္း(၈ဝ)ၾကာ က်င္းပျပဳလုပ္ေလ့ရွိရာ ယခုႏွစ္သည္ ျမန္မာလဝါထပ္သည့္ႏွစ္ျဖစ္သည့္အတြက္ ပြဲေတာ္ရက္ကာလကို (၆၄)ရက္သာ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
“လာတဲ့ဘုရားဖူးေတြကႏွစ္တိုင္းမ်ားတယ္ေလ။ သြားဖို႔လာဖို႔လုံၿခဳံေရးေတြနဲ႔ တည္းခိုဖို႔၊ စားဖို႔ေတြ၊ ဘုရားဖူးဖို႔ေတြ ကိစၥေတြကိုလည္း အကုန္လုံးျပင္ေနပါတယ္။ ဘုရားပြဲေတာ္ကို(၆၄)ရက္ပဲ က်င္းပမယ္ဆိုတာ ဟုတ္ပါတယ္။ အစီအစဥ္ကေတာ့ ႏွစ္တိုင္းလိုပါပဲ။ ဆင္စခန္း လုပ္ထားတာေလးလည္း ရွိတယ္။ ၿပီးရင္ လမ္းေၾကာင္းလုံၿခဳံေရး ေရာ၊ ဘုရားပြဲေတာ္က်င္းပေနတဲ့အခ်ိန္မွာေရာ လုံၿခဳံဖို႔ကို လိုအပ္တဲ့ လုံၿခဳံေရးအစီအမံေလးေတြ လုပ္ေနပါတယ္” ဟု မေကြးတိုင္းအစိုးရအဖြဲ႕မွ ေျပာေရးဆိုခြင့္ရွိသူ လူမႈေရးရာဝန္ႀကီး ဦးဝင္းရဲထြန္းက NP News ကို
ေျပာသည္။
ယခုႏွစ္မန္းေ႐ႊစက္ေတာ္ဘုရားပြဲေတာ္ႀကီးကို လာမည့္ ေဖေဖာ္ဝါရီ ၁၄ ရက္(တပို႔တြဲလဆန္း ၅ ရက္) တြင္ စတင္၍ စည္ကားသိုက္ၿမိဳက္စြာ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါကာလ၌ အနယ္နယ္အရပ္ရပ္မွ ဘုရားဖူးလာေရာက္ၾကသူမ်ား အဆင္ေျပေစရန္ တည္းခိုေဆာင္ အလုံးေပါင္း (၈ဝဝ) ခန႔္ ႏွင့္ ေဈးဆိုင္ခန္းေပါင္း (၄ဝဝ)ခန႔္ကို ေဆာက္လုပ္ေပးသြားမည္ျဖစ္ၿပီး ဘုရားဖူးမ်ားကို ညအိပ္တည္းခိုခြင့္ျပဳမည္ျဖစ္ေၾကာင္း သိရသည္။
မန္းေ႐ႊစက္ေတာ္ဘုရားပြဲေတာ္ႏွင့္အတူ ဆင္ျပတိုက္ရွိသည့္ ေ႐ႊစက္ေတာ္မန္းေခ်ာင္း အပန္းေျဖဆင္စခန္းကို လည္း ဖြင့္လွစ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။