ရန်ကုန်မြို့ရှိ ကန်တော်ကြီးဥယျာဉ်အတွင်း၌ ရေနစ်သေဆုံးနေသည့် ကျောင်းဆရာမအလောင်း တွေ့ရှိ

33066

သန့်ဇင် (NP News) - ဇန်နဝါရီ ၈
ရန်ကုန်တိုင်း၊ ကန်တော်ကြီးဥယျာဉ်အတွင်းရှိ ပန်းကန်လုံးကျွန်းအနီး၌ ရေနစ်သေဆုံးနေသည့် ကျောင်းဆရာ အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်း ဒိဃာယုက လူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါအလောင်းကို ယနေ့(ဇန်နဝါရီလ ၈ ရက်)၊ မွန်းလွဲ ၁၂ နာရီ ၃ဝ မိနစ်အချိန်တွင် ဗဟန်းမြို့နယ်၊ ကန်တော်ကြီးဥယျာဉ်အတွင်းရှိ ကန်တော်ကြီး ပန်းကန်လုံးကျွန်း အနီး၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကန်တော်ကြီးက ပန်းဥယျာဉ်ပိုင်ရှင်က ဖုန်းဆက်လို့ ကျွန်တော်တို့သွားတော့ တွေ့ရတာပါ။ ဘယ်လို့ကြောင့် ဖြစ်လဲတော့ မသိရပါဘူး။ သိရသလောက်တော့ အထက်တန်းကျောင်းဆရာမလို့ သိရတယ်” ဟု ဒိဃယုက လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါရေနစ်သေဆုံးသူ အမျိုးသမီးမှာ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ အထက(၅)အထက်တန်းကျောင်းမှ အသက်(၄ဝ)နှစ်အရွယ် အထက်တန်းပြကျောင်းဆရာမ ဒေါ်စန္ဒာမြင့်ဖြစ်ကြောင်း သိရသည်။
“မိသားစုနဲ့က အဆက်သွယ်မရသေးဘူး။ ကျောင်းဆရာမဆိုတာက သူမိတ်ဆွေတွေနဲ့ အဆက်သွယ်ရလို့ သိရတာ ပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသမီး၏ ရုပ်အလောင်းအား Happy Rescue အသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၁ ရက်တွင်လည်း ကန်တော်ကြီး ပန်းကန်လုံးကျွန်းအနီး၌ အသက်(၆၅) နှစ်အရွယ် အမျိုးသားတစ်ဦး ရေနစ် သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။

Zawgyi Version;
ရန္ကုန္ၿမိဳ႕ရွိ ကန္ေတာ္ႀကီးဥယ်ာဥ္အတြင္း၌ ေရနစ္ေသဆုံးေနသည့္ ေက်ာင္းဆရာမအေလာင္း ေတြ႕ရွိ
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၈
ရန္ကုန္တိုင္း၊ ကန္ေတာ္ႀကီးဥယ်ာဥ္အတြင္းရွိ ပန္းကန္လုံးကြၽန္းအနီး၌ ေရနစ္ေသဆုံးေနသည့္ ေက်ာင္းဆရာ အေလာင္းတစ္ေလာင္းကို ေတြ႕ရွိခဲ့ေၾကာင္း ဒိဃာယုက လူမႈကူညီေရးအသင္းထံမွ သိရသည္။
အဆိုပါအေလာင္းကို ယေန႔(ဇန္နဝါရီလ ၈ ရက္)၊ မြန္းလြဲ ၁၂ နာရီ ၃ဝ မိနစ္အခ်ိန္တြင္ ဗဟန္းၿမိဳ႕နယ္၊ ကန္ေတာ္ႀကီးဥယ်ာဥ္အတြင္းရွိ ကန္ေတာ္ႀကီး ပန္းကန္လုံးကြၽန္း အနီး၌ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကန္ေတာ္ႀကီးက ပန္းဥယ်ာဥ္ပိုင္ရွင္က ဖုန္းဆက္လို႔ ကြၽန္ေတာ္တို႔သြားေတာ့ ေတြ႕ရတာပါ။ ဘယ္လို႔ေၾကာင့္ ျဖစ္လဲေတာ့ မသိရပါဘူး။ သိရသေလာက္ေတာ့ အထက္တန္းေက်ာင္းဆရာမလို႔ သိရတယ္” ဟု ဒိဃယုက လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါေရနစ္ေသဆုံးသူ အမ်ိဳးသမီးမွာ မဂၤလာေတာင္ၫႊန႔္ၿမိဳ႕နယ္၊ အထက(၅)အထက္တန္းေက်ာင္းမွ အသက္(၄ဝ)ႏွစ္အ႐ြယ္ အထက္တန္းျပေက်ာင္းဆရာမ ေဒၚစႏၵာျမင့္ျဖစ္ေၾကာင္း သိရသည္။
“မိသားစုနဲ႔က အဆက္သြယ္မရေသးဘူး။ ေက်ာင္းဆရာမဆိုတာက သူမိတ္ေဆြေတြနဲ႔ အဆက္သြယ္ရလို႔ သိရတာ ပါ” ဟု ၎က ဆက္လက္ေျပာသည္။
ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသမီး၏ ႐ုပ္အေလာင္းအား Happy Rescue အသင္းမွ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ ၂ဝ၂၃ ခုႏွစ္ ဇူလိုင္လ ၁ ရက္တြင္လည္း ကန္ေတာ္ႀကီး ပန္းကန္လုံးကြၽန္းအနီး၌ အသက္(၆၅) ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ေရနစ္ ေသဆုံးခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ဖူးသည္။