ဂရိနိုင်ငံမှာ မဟာအလက်ဇန္ဒား ထီးနန်းဆောင်းခဲ့တဲ့ နှစ်ပေါင်း ၂၄၀၀ သက်တမ်းရှိ နန်းတော်ကြီး ပြန်လည်ဖွင့်လှစ်

566

ရောင်နီ (NP News) - ဇန်နဝါရီ ၉
ဂရိနိုင်ငံမှာ လွန်ခဲ့သည့်နှစ်ပေါင်း ၂၄၀၀ ခန့်က Macedonia ဘုရင်ဖြစ်ခဲ့တဲ့ မဟာအလက်ဇန္ဒား ဘုရင်ကြီးရဲ့နန်းတော်ကို ပြန်လည်မွမ်းမံပြီးနောက် အများပြည်သူဝင်ရောက်ကြည့်ရှုလေ့လာဖို့ ပြန်လည်ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။
Macedonians of the Royal Metropolis လို့ လူသိများတဲ့ Aigai နန်းတော်ဟာ ဂရိဂန္တဝင်မှာ အကြီးဆုံး အဆောက်အအုံဖြစ်ပြီး ဧရိယာစတုရန်းမီတာ ၁၅,၀၀၀ ခန့် ကျယ်ဝန်းပါတယ်။
၎င်းကို ဘီစီ ၄ ရာစုက မက်ဆီဒိုးနီးယားရှိ မဟာအလက်ဇန်းဒါးရဲ့ ဖခင် ဖိလစ်၂ က တည်ဆောက်ခဲ့တာဖြစ်ပြီး ဖခင် လုပ်ကြံခံရပြီးနောက်မှာ မဟာအလက်ဇန္ဒား ဘုရင်က ထီးနန်းသရဖူဆောင်းခဲ့တဲ့နေရာဖြစ်ပါတယ်။ ဒီနန်းတော်ဖွင့်ပွဲကို သောကြာနေ့ (ဇန်နဝါရီ ၅ ရက်) က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အလက်ဇန္ဒားဘုရင်ရဲ့အုပ်ချုပ်မှုဟာ ယနေ့ခေတ် ဂရိမှ အီဂျစ်၊ အီရန်၊ အိန္ဒိယ မြောက်ပိုင်းနဲ့ အာရှအလယ်ပိုင်းအထိ ကျယ်ပြန့်ခဲ့ပါတယ်။ သူထိန်းချုပ်ခဲ့တဲ့ခေတ်ကို ဟယ်လင်နစ်ခေတ်လို့လည်း သမိုင်းပညာရှင်တွေက ဆိုပါတယ်။ သူ သိမ်းပိုက်ခဲ့တဲ့ မြေထဲပင်လယ် အရှေ့ဘက်ခြမ်းမှာ ဂရိသြဇာလွှမ်းမိုးမှုအတွက် အုတ်မြစ်ချပေးခဲ့ပြီး လာမယ့်နှစ်ပေါင်း ၁,၀၀၀ တိုင်တိုင်ထိ မြေထဲပင်လယ်ရဲ့ အရှေ့ဘက်ခြမ်းကို ဂရိလွှမ်းမိုးချုပ်ကိုင်ခွင့်ရခဲ့ပါတယ်။
နန်းတော်ကြီးဟာ ဘီစီ.အီး. ၁၄၈ မှာမှ ရောမတွေရဲ့ဖျက်စီးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ဒီလို အထင်ကြီးစရာကောင်းတဲ့ အင်ပါယာရဲ့မွေးရပ်မြေကို ပြန်လည်ထူထောင်ဖို့ဆိုတာ လွယ်တဲ့အလုပ်တော့ မဟုတ်ပါဘူးလို့ ဂရိဝန်ကြီးချုပ် ခရီရာကိုစ်မစ်ဆိုတာကစ် က ဆိုပါတယ်။

Zawgyi Version;
ဂရိႏိုင္ငံမွာ မဟာအလက္ဇႏၵား ထီးနန္းေဆာင္းခဲ့တဲ့ ႏွစ္ေပါင္း ၂၄၀၀ သက္တမ္းရွိ နန္းေတာ္ႀကီး ျပန္လည္ဖြင့္လွစ္
ေရာင္နီ (NP News) - ဇန္နဝါရီ ၉
ဂရိႏိုင္ငံမွာ လြန္ခဲ့သည့္ႏွစ္ေပါင္း ၂၄၀၀ ခန႔္က Macedonia ဘုရင္ျဖစ္ခဲ့တဲ့ မဟာအလက္ဇႏၵား ဘုရင္ႀကီးရဲ႕နန္းေတာ္ကို ျပန္လည္မြမ္းမံၿပီးေနာက္ အမ်ားျပည္သူဝင္ေရာက္ၾကည့္ရႈေလ့လာဖို႔ ျပန္လည္ဖြင့္လွစ္ေပးခဲ့တယ္လို႔ သိရပါတယ္။
Macedonians of the Royal Metropolis လို႔ လူသိမ်ားတဲ့ Aigai နန္းေတာ္ဟာ ဂရိဂႏၲဝင္မွာ အႀကီးဆုံး အေဆာက္အအုံျဖစ္ၿပီး ဧရိယာစတုရန္းမီတာ ၁၅,၀၀၀ ခန႔္ က်ယ္ဝန္းပါတယ္။
၎ကို ဘီစီ ၄ ရာစုက မက္ဆီဒိုးနီးယားရွိ မဟာအလက္ဇန္းဒါးရဲ႕ ဖခင္ ဖိလစ္၂ က တည္ေဆာက္ခဲ့တာျဖစ္ၿပီး ဖခင္ လုပ္ႀကံခံရၿပီးေနာက္မွာ မဟာအလက္ဇႏၵား ဘုရင္က ထီးနန္းသရဖူေဆာင္းခဲ့တဲ့ေနရာျဖစ္ပါတယ္။ ဒီနန္းေတာ္ဖြင့္ပြဲကို ေသာၾကာေန႔ (ဇန္နဝါရီ ၅ ရက္) က ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။
အလက္ဇႏၵားဘုရင္ရဲ႕အုပ္ခ်ဳပ္မႈဟာ ယေန႔ေခတ္ ဂရိမွ အီဂ်စ္၊ အီရန္၊ အိႏၵိယ ေျမာက္ပိုင္းနဲ႔ အာရွအလယ္ပိုင္းအထိ က်ယ္ျပန႔္ခဲ့ပါတယ္။ သူထိန္းခ်ဳပ္ခဲ့တဲ့ေခတ္ကို ဟယ္လင္နစ္ေခတ္လို႔လည္း သမိုင္းပညာရွင္ေတြက ဆိုပါတယ္။ သူ သိမ္းပိုက္ခဲ့တဲ့ ေျမထဲပင္လယ္ အေရွ႕ဘက္ျခမ္းမွာ ဂရိၾသဇာလႊမ္းမိုးမႈအတြက္ အုတ္ျမစ္ခ်ေပးခဲ့ၿပီး လာမယ့္ႏွစ္ေပါင္း ၁,၀၀၀ တိုင္တိုင္ထိ ေျမထဲပင္လယ္ရဲ႕ အေရွ႕ဘက္ျခမ္းကို ဂရိလႊမ္းမိုးခ်ဳပ္ကိုင္ခြင့္ရခဲ့ပါတယ္။
နန္းေတာ္ႀကီးဟာ ဘီစီ.အီး. ၁၄၈ မွာမွ ေရာမေတြရဲ႕ဖ်က္စီးျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။ ဒီလို အထင္ႀကီးစရာေကာင္းတဲ့ အင္ပါယာရဲ႕ေမြးရပ္ေျမကို ျပန္လည္ထူေထာင္ဖို႔ဆိုတာ လြယ္တဲ့အလုပ္ေတာ့ မဟုတ္ပါဘူးလို႔ ဂရိဝန္ႀကီးခ်ဳပ္ ခရီရာကိုစ္မစ္ဆိုတာကစ္ က ဆိုပါတယ္။