ဂန္တဝင်တေးသံရှင် အဆိုတော် ဒေါ်မာမာအေး အမေရိကန်နိုင်ငံတွင် ကွယ်လွန်

 2878

ယွန်း (NP News) - ဇန်နဝါရီ ၉

ဂန္တဝင်တေးသံရှင်အဆိုတော်ကြီး ဒေါ်မာမာအေး အမေရိကန်နိုင်ငံတွင် ကွယ်လွန်ခဲ့ကြောင်း မြန်မာနိုင်ငံဂီတအစည်းအရုံးထံမှ သိရသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံဂီတအစည်းအရုံးက “ဂန္တဝင်တေးသံရှင်ကြီး ဒေါ်မာမာအေး ကွယ်လွန်ကြောင်းကြားသိရ၍ မြန်မာနိုင်ငံဂီတ အစည်းအရုံးအနေဖြင့်အစားထိုးမရသောဆုံးရှုံးမှုတစ်ရပ်အဖြစ် အထူးပင်နှမြောတသစိတ်မကောင်းခြင်းဝမ်းနည်းခြင်းများစွာ ဖြစ်ရပါသည်”ဟု ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

အသက်(၈၂)နှစ်ရှိပြီဖြစ်သည့် ဒေါ်မာမာအေးသည် ယနေ့ (ဇန်နဝါရီလ ၉ ရက်) မြန်မာစံတော်ချိန် နံနက်(၅)နာရီခွဲအချိန်တွင် အမေရိကန်ပြည်‌ထောင်စု၊ အင်ဒီယာနာပြည်နယ်၊ ဖို့တ်ဝိမ်းမြို့တွင် နေထိုင်စဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

“မာမာအေးဆိုတာ နိုင်ငံတစ်နိုင်လုံးမှာကျော်ကြားသလို ကမ္ဘာကသိတဲ့အနုပညာရှင်တစ်ဦးလည်းဖြစ်တယ်။ ရှင်းရှင်းပြောရရင် အစားထိုးလို့ရနိုင်တဲ့သူ မရှိလောက်ဘူးလို့ပဲ ဘဘတို့ကမြင်တယ်။ သူဆုံးသွားတာက ဂီတလောကအတွက် အရမ်းဝမ်းနည်းစရာကောင်းတယ်။ နောက်ပြီးတော့ ဂီတနဲ့ပတ်သက်ပြီးတော့ တန်ဖိုးရှိတဲ့ရတနာတစ်ခု ဆုံးရှုံးခြင်းဖြစ်တယ်။ ပိုပြီးဝမ်းနည်းတာက ကိုယ့်တိုင်းပြည်၊ ကိုယ့်နိုင်ငံမှာ ဆုံးတာမဟုတ်ပဲ သူများနိုင်ငံမှာဆုံးတာဆိုတော့ အနုပညာရှင်တွေသိုက်သိုက်ဝန်းဝန်းနဲ့ မလုပ်နိုင်တာကို စိတ်မကောင်းပိုဖြစ်တယ်”ဟု မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးလွင်မြင့်က NP News ကိုပြောသည်။

ဒေါ်မာမာအေးသီဆိုခဲ့သည့် “မေ့ကွက်ကိုရှာ”၊ “ယုံတမ်းစကား”၊ “ချစ်သူ့နယ်မြေ”၊ “သက်ဆိုင်သူသို့” နှင့် “မောင့်အချစ်မြှားဆူး” ဆိုသည့် သီချင်းများသည် ယနေ့ထိ လူကြိုက်များ ထင်ရှားနေဆဲဖြစ်သည်။

၎င်းကို ၁၉၄၂ ခုနှစ်တွင် နှဲဆရာ ဦးအေးနှင့် ဒေါ်သန်းနှစ် (အဆို တော် မြောင်းမြသန်း)တို့မှ မွေးဖွားခဲ့ခြင်းဖြစ်ပြီး ၁၉၅၅ ခုနှစ်တွင် "သက်တန့်ပေါ်မှာ ကစားမယ်" သီချင်းဖြင့် နိုင်ငံသိအဆို တော် ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ဂန္တဝင်အဆိုတော် ဒေါ်မာမာအေးသည် သီချင်းများအပြင် “မြခြူသံ”၊ “သူ့ကိုမှ ချစ်သည်”၊ “မန်ဒါလီ” စသည့် ရုပ်ရှင်ကားများတွင်လည်း သရုပ်ဆောင်ထားခဲ့ပြီး ထုတ်လွှင့်ထွက်ရှိခဲ့သည့် ရေဒီယိုတေးဓာတ်ပြားတေးစုနှင့် ရုပ်ရှင်တေးစုစုပေါင်း (၅၅)ပုဒ်ခန့်ရှိကြောင်း သိရသည်။

zawgyi version
ဂႏၲဝင္ေတးသံရွင္ အဆိုေတာ္ ေဒၚမာမာေအး အေမရိကန္ႏိုင္ငံတြင္ ကြယ္လြန္
ယြန္း (NP News) - ဇန္နဝါရီ ၉

ဂႏၲဝင္ေတးသံရွင္အဆိုေတာ္ႀကီး ေဒၚမာမာေအး အေမရိကန္ႏိုင္ငံတြင္ ကြယ္လြန္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံဂီတအစည္းအ႐ုံးထံမွ သိရသည္။

၎ေသဆုံးမႈႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံဂီတအစည္းအ႐ုံးက “ဂႏၲဝင္ေတးသံရွင္ႀကီး ေဒၚမာမာေအး ကြယ္လြန္ေၾကာင္းၾကားသိရ၍ ျမန္မာႏိုင္ငံဂီတ အစည္းအ႐ုံးအေနျဖင့္အစားထိုးမရေသာဆုံးရႈံးမႈတစ္ရပ္အျဖစ္ အထူးပင္ႏွေျမာတသစိတ္မေကာင္းျခင္းဝမ္းနည္းျခင္းမ်ားစြာ ျဖစ္ရပါသည္”ဟု ၎တို႔၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားေဖာ္ျပထားသည္။

အသက္(၈၂)ႏွစ္ရွိၿပီျဖစ္သည့္ ေဒၚမာမာေအးသည္ ယေန႔ (ဇန္နဝါရီလ ၉ ရက္) ျမန္မာစံေတာ္ခ်ိန္ နံနက္(၅)နာရီခြဲအခ်ိန္တြင္ အေမရိကန္ျပည္‌ေထာင္စု၊ အင္ဒီယာနာျပည္နယ္၊ ဖို႔တ္ဝိမ္းၿမိဳ႕တြင္ ေနထိုင္စဥ္ ကြယ္လြန္ခဲ့ျခင္းျဖစ္သည္။

“မာမာေအးဆိုတာ ႏိုင္ငံတစ္ႏိုင္လုံးမွာေက်ာ္ၾကားသလို ကမာၻကသိတဲ့အႏုပညာရွင္တစ္ဦးလည္းျဖစ္တယ္။ ရွင္းရွင္းေျပာရရင္ အစားထိုးလို႔ရႏိုင္တဲ့သူ မရွိေလာက္ဘူးလို႔ပဲ ဘဘတို႔ကျမင္တယ္။ သူဆုံးသြားတာက ဂီတေလာကအတြက္ အရမ္းဝမ္းနည္းစရာေကာင္းတယ္။ ေနာက္ၿပီးေတာ့ ဂီတနဲ႔ပတ္သက္ၿပီးေတာ့ တန္ဖိုးရွိတဲ့ရတနာတစ္ခု ဆုံးရႈံးျခင္းျဖစ္တယ္။ ပိုၿပီးဝမ္းနည္းတာက ကိုယ့္တိုင္းျပည္၊ ကိုယ့္ႏိုင္ငံမွာ ဆုံးတာမဟုတ္ပဲ သူမ်ားႏိုင္ငံမွာဆုံးတာဆိုေတာ့ အႏုပညာရွင္ေတြသိုက္သိုက္ဝန္းဝန္းနဲ႔ မလုပ္ႏိုင္တာကို စိတ္မေကာင္းပိုျဖစ္တယ္”ဟု ျမန္မာႏိုင္ငံဂီတအစည္းအ႐ုံးဥကၠ႒ ဦးလြင္ျမင့္က NP News ကိုေျပာသည္။

ေဒၚမာမာေအးသီဆိုခဲ့သည့္ “ေမ့ကြက္ကိုရွာ”၊ “ယုံတမ္းစကား”၊ “ခ်စ္သူ႔နယ္ေျမ”၊ “သက္ဆိုင္သူသို႔” ႏွင့္ “ေမာင့္အခ်စ္ျမႇားဆူး” ဆိုသည့္ သီခ်င္းမ်ားသည္ ယေန႔ထိ လူႀကိဳက္မ်ား ထင္ရွားေနဆဲျဖစ္သည္။

၎ကို ၁၉၄၂ ခုႏွစ္တြင္ ႏွဲဆရာ ဦးေအးႏွင့္ ေဒၚသန္းႏွစ္ (အဆို ေတာ္ ေျမာင္းျမသန္း)တို႔မွ ေမြးဖြားခဲ့ျခင္းျဖစ္ၿပီး ၁၉၅၅ ခုႏွစ္တြင္ "သက္တန႔္ေပၚမွာ ကစားမယ္" သီခ်င္းျဖင့္ ႏိုင္ငံသိအဆို ေတာ္ ျဖစ္လာခဲ့ျခင္းျဖစ္သည္။

ဂႏၲဝင္အဆိုေတာ္ ေဒၚမာမာေအးသည္ သီခ်င္းမ်ားအျပင္ “ျမျခဴသံ”၊ “သူ႔ကိုမွ ခ်စ္သည္”၊ “မန္ဒါလီ” စသည့္ ႐ုပ္ရွင္ကားမ်ားတြင္လည္း သ႐ုပ္ေဆာင္ထားခဲ့ၿပီး ထုတ္လႊင့္ထြက္ရွိခဲ့သည့္ ေရဒီယိုေတးဓာတ္ျပားေတးစုႏွင့္ ႐ုပ္ရွင္ေတးစုစုေပါင္း (၅၅)ပုဒ္ခန႔္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.