မြေ အနေအထားကြောင့် သစ်ပင်ကြီးများပေါက်ရောက်မှု နည်းပါးသော ပုပ္ပါးတောင်မကြီးပေါ်တွင် စိန်ပန်းနီ နှင့် စိန်ပန်းပြာပင်များကို စမ်းသပ်စိုက်ပျိုးမည်

800
Pearl (NP News) - ဇန်နဝါရီ ၉
မြေ အနေအထားကြောင့် သစ်ပင်ကြီးများပေါက်ရောက်မှု နည်းပါးသော ပုပ္ပါးတောင်မကြီးပေါ်တွင် စိန်ပန်းနီ နှင့် စိန်ပန်းပြာပင်များကို စမ်းသပ်စိုက်ပျိုးမည်ဖြစ်ကြောင်း ရေနံ့သာဒင်းဂါး ညီနောင်များသစ်ပင်စိုက်အဖွဲ့တည်ထောင်သူ ကိုရေနံ့သာဒင်းဂါးက ပြောသည်။

ယခင်က ပုပ္ပါးတောင်မကြီးပေါ်၌ မျိုးစေ့များကျဲခြင်း၊ သစ်ပင်ပေါက်များစိုက်ပျိုးခြင်းများပြုလုပ်ခဲ့သော်လည်း တောင်ထိပ်၌ မြေအမျိုးအစားသည် ကျောက်သားမြေမျိုးဖြစ်ခြင်း နှင့် လေတိုက်နှုန်း ပို၍မြင့်မားသဖြင့် မဖြစ်ထွန်းခဲ့ခြင်းကြောင့် တောင်ထိပ်သည် တောင်ကတုံးပုံစံဖြစ်နေကြောင်း သိရသည်။
ထို့ကြောင့် ယခုနှစ်၊ ဇွန်လပိုင်းတွင် ပျိုးအိတ်အခွံများအတွင်း မြေကြီးများထည့်၍ သစ်မျိုးစေ့ချမည့် စနစ်မျိုးဖြင့် စမ်းသပ် စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။
"ဒီနှစ်တော့ သစ်ပင်ကိုထမ်းမတတ်တော့ဘူး။ သစ်မျိုးစေ့ နဲ့ ပျိုးအိတ်အခွံတွေယူပြီး အပေါ်ရောက်မှ မြေကြီးကို ပျိုးအိတ်ထဲကို ထည့်လိုက်မှာ။ ပျိုးအိတ်အကြီးကြီးတွေပေါ့။ တစ်လုံးအိတ်၊ တစ်လုံးခွဲကျော် အိတ်လောက်တွေနဲ့ ထည့်လိုက်မယ်။ ထည့်လိုက်ပြီးတော့မှ သစ်ပင်မျိုးစေ့ပါ အိတ်တွေကို အဲဒီ (တောင်ထိပ်မြေကြီး) ထဲမှာ စိုက်ပျိုးခဲ့မှာပေါ့"ဟု ကိုရေနံ့သာဒင်းဂါးက NP News ကို ပြောသည်။
ထိုသို့ စိုက်ပျိုးရာတွင် ပုပ္ပါးတောင်မကြီးထိပ်၌ စိန်ပန်းနီနှင့် စိန်ပန်းပြာများကို အဓိက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရကာ တောင်မကြီးအလယ်တွင် ယခင်က အခြားသစ်စေ့များကို ကျဲသည့် ပုံစံဖြင့် စိုက်ပျိုးရာ အောင်မြင်ခဲ့သော်လည်း တောင်မကြီးထိပ်တွင်မူ အပင်ရှင်သန် ကြီးထွားရန် အခက်အခဲဖြစ်နေခြင်း ဖြစ်ကြောင်း သိရသည်။
"အဓိကက စိန်ပန်းနီ နဲ့ စိန်ပန်းပြာများ စိုက်ပျိုးမှာပေါ့။ တောင်မကြီးထိပ်မှာ အဲဒီစနစ်အောင်မြင်သွားပြီဆိုရင် အဲဒီသစ်မျိုးစေ့တွေက လေတိုက်နှုန်းအတိုင်း ရင့်ပြီးကွဲထွက်ပြီး တောင်တစ် လျှောက်မှာ သူ့အလိုလို ပျံ့သွားမှာ၊ အဓိကက အပေါ်ဆုံးမှာ စိုက်လိုက်ပြီဆိုရင် အောက်မှာ သူ့အလိုလိုကိုပါလာမှာ။ သဘာဝအတိုင်းပျံ့သွားမှာပေါ့"ဟု ၎င်းက ဆက်လက်ပြောသည်။
ပြီးခဲ့သော ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ စုစုပေါင်း (၃)နှစ်အတွင်း ပုပ္ပား တောင်မကြီးတွင် အပင် ၅၀၀၀ ဝန်းကျင် နှင့် မျိုးစေ့ (၇၀၀၀၀) ဝန်းကျင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

zawgyi version
ေျမ အေနအထားေၾကာင့္ သစ္ပင္ႀကီးမ်ားေပါက္ေရာက္မႈ နည္း ပါးေသာ ပုပၸါးေတာင္မႀကီးေပၚတြင္ စိန္ပန္းနီ ႏွင့္ စိန္ပန္းျပာပင္မ်ားကို စမ္းသပ္စိုက္ပ်ိဳးမည္
Pearl (NP News) - ဇန္နဝါရီ ၉
ေျမ အေနအထားေၾကာင့္ သစ္ပင္ႀကီးမ်ားေပါက္ေရာက္မႈ နည္းပါးေသာ ပုပၸါးေတာင္မႀကီးေပၚတြင္ စိန္ပန္းနီ ႏွင့္ စိန္ပန္းျပာပင္မ်ားကို စမ္းသပ္စိုက္ပ်ိဳးမည္ျဖစ္ေၾကာင္း ေရနံ႔သာဒင္းဂါး ညီေနာင္မ်ားသစ္ပင္စိုက္အဖြဲ႕တည္ေထာင္သူ ကိုေရနံ႔သာဒင္းဂါးက ေျပာသည္။
ယခင္က ပုပၸါးေတာင္မႀကီးေပၚ၌ မ်ိဳးေစ့မ်ားက်ဲျခင္း၊ သစ္ပင္ေပါက္မ်ားစိုက္ပ်ိဳးျခင္းမ်ားျပဳလုပ္ခဲ့ေသာ္လည္း ေတာင္ထိပ္၌ ေျမအမ်ိဳးအစားသည္ ေက်ာက္သားေျမမ်ိဳးျဖစ္ျခင္း ႏွင့္ ေလတိုက္ႏႈန္း ပို၍ျမင့္မားသျဖင့္ မျဖစ္ထြန္းခဲ့ျခင္းေၾကာင့္ ေတာင္ထိပ္သည္ ေတာင္ကတုံးပုံစံျဖစ္ေနေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ယခုႏွစ္၊ ဇြန္လပိုင္းတြင္ ပ်ိဳးအိတ္အခြံမ်ားအတြင္း ေျမႀကီးမ်ားထည့္၍ သစ္မ်ိဳးေစ့ခ်မည့္ စနစ္မ်ိဳးျဖင့္ စမ္းသပ္ စိုက္ပ်ိဳးမည္ျဖစ္ေၾကာင္း သိရသည္။
"ဒီႏွစ္ေတာ့ သစ္ပင္ကိုထမ္းမတတ္ေတာ့ဘူး။ သစ္မ်ိဳးေစ့ နဲ႔ ပ်ိဳးအိတ္အခြံေတြယူၿပီး အေပၚေရာက္မွ ေျမႀကီးကို ပ်ိဳးအိတ္ထဲကို ထည့္လိုက္မွာ။ ပ်ိဳးအိတ္အႀကီးႀကီးေတြေပါ့။ တစ္လုံးအိတ္၊ တစ္လုံးခြဲေက်ာ္ အိတ္ေလာက္ေတြနဲ႔ ထည့္လိုက္မယ္။ ထည့္လိုက္ၿပီးေတာ့မွ သစ္ပင္မ်ိဳးေစ့ပါ အိတ္ေတြကို အဲဒီ (ေတာင္ထိပ္ေျမႀကီး) ထဲမွာ စိုက္ပ်ိဳးခဲ့မွာေပါ့"ဟု ကိုေရနံ႔သာဒင္းဂါးက NP News ကို ေျပာသည္။
ထိုသို႔ စိုက္ပ်ိဳးရာတြင္ ပုပၸါးေတာင္မႀကီးထိပ္၌ စိန္ပန္းနီႏွင့္ စိန္ပန္းျပာမ်ားကို အဓိက စိုက္ပ်ိဳးသြားမည္ျဖစ္ေၾကာင္း သိရကာ ေတာင္မႀကီးအလယ္တြင္ ယခင္က အျခားသစ္ေစ့မ်ားကို က်ဲသည့္ ပုံစံျဖင့္ စိုက္ပ်ိဳးရာ ေအာင္ျမင္ခဲ့ေသာ္လည္း ေတာင္မႀကီးထိပ္တြင္မူ အပင္ရွင္သန္ ႀကီးထြားရန္ အခက္အခဲျဖစ္ေနျခင္း ျဖစ္ေၾကာင္း သိရသည္။
"အဓိကက စိန္ပန္းနီ နဲ႔ စိန္ပန္းျပာမ်ား စိုက္ပ်ိဳးမွာေပါ့။ ေတာင္မႀကီးထိပ္မွာ အဲဒီစနစ္ေအာင္ျမင္သြားၿပီဆိုရင္ အဲဒီသစ္မ်ိဳးေစ့ေတြက ေလတိုက္ႏႈန္းအတိုင္း ရင့္ၿပီးကြဲထြက္ၿပီး ေတာင္တစ္ ေလွ်ာက္မွာ သူ႔အလိုလို ပ်ံ႕သြားမွာ၊ အဓိကက အေပၚဆုံးမွာ စိုက္လိုက္ၿပီဆိုရင္ ေအာက္မွာ သူ႔အလိုလိုကိုပါလာမွာ။ သဘာဝအတိုင္းပ်ံ႕သြားမွာေပါ့"ဟု ၎က ဆက္လက္ေျပာသည္။
ၿပီးခဲ့ေသာ ၂၀၁၉ ခုႏွစ္မွ ၂၀၂၂ ခုႏွစ္အထိ စုစုေပါင္း (၃)ႏွစ္အတြင္း ပုပၸား ေတာင္မႀကီးတြင္ အပင္ ၅၀၀၀ ဝန္းက်င္ ႏွင့္ မ်ိဳးေစ့ (၇၀၀၀၀) ဝန္းက်င္ စိုက္ပ်ိဳးခဲ့ေၾကာင္း သိရသည္။