TGL-6 ပြိုင်ပွဲ၌ မြန်မာပြည်ချန်ပီယံ သွေးသစ်ဝင်းလှိုင်နှင့်ပထမတန်းရိုးရာလက်ဝှေ့ကျော် ကျော်စွာဝင်းတို့ ယှဥ်ပြိုင်ထိုးသတ်မည်

 772

ကျော်(NP News) - ဇန်နဝါရီ ၉

မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲဖြစ်သည့် The Great Lethwei (TGL)ပြိုင်ပွဲ၏ အမှတ်စဉ်(၆) ပြိုင်ပွဲ၌ မြန်မာပြည်ချန်ပီယံသွေးသစ်ဝင်းလှိုင်နှင့် ပထမတန်းရိုးရာလက်ဝှေ့ကျော် ကျော်စွာဝင်းတို့ ယှဥ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ TGL-6 ပြိုင်ပွဲအား လာမည့် ဇန်နဝါရီလ ၂၈ ရက်၊ နေ့လည် ၃ နာရီခွဲ၌ ကျင်းပသွားမည်ဖြစ်ရာ သွေးသစ်ဝင်းလှိုင်နှင့်ကျော်စွာဝင်းတို့သည် ခေါင်တွဲဆိုင်းအဖြစ် ယှဥ်ပြိုင်ထိုးသတ်သွားကြမည်ဖြစ်သည်။

မြန်မာပြည်ချန်ပီယံသွေးသစ်ဝင်းလှိုင်အား TGL-6 ပြိုင်ပွဲ၌ယှဥ်ပြိုင်ထိုးသတ်ရန် ပထမတန်းလက်ဝှေ့ကျော် ကျော်စွာဝင်းမှစိန်ခေါ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ ၂ ဦးသည် အလဲထိုးစနစ်ဖြင့်ယှဥ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။

သွေးသစ်ဝင်းလှိုင်နှင့်ကျော်စွာဝင်းတို့သည့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း ပထမအကြိမ်တွေ့ဆုံ၍ ၅ ချီပွဲအဖြစ် ယှဥ်ပြိုင်ထိုးသတ်ခဲ့ကြပြီးနောက် ပူးတွဲသရေကျခဲ့ပြီး ယ ခုတစ်ကြိမ်တွေ့ဆုံမှုသည် ၎င်းတို့နှစ်ဦးအတွက် ဒုတိယအကြိမ်တွေ့ဆုံယှဥ်ပြိုင်ထိုးသတ်မှုဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် TGL-5 ပြိုင်ပွဲဖြစ်သည့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် သွေးသစ်ဝင်းလှိုင်သည် ယှူးခလိန်းမင်းအား ပထမအချီ၌ ပင် အလဲထိုးဖြင့်အနိုင်ရရှိထားကာ ပထမတန်းလက်ဝှေ့ကျော် ကျော်စွာဝင်းမှာလည်း ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက် (လွတ်လပ် ရေးနေ့)က ယှဥ်ပြိုင်ထိုးသတ်ခဲ့သော လက်ဝှေ့ပြိုင်ပွဲတွင် ထိုင်းလက်ဝှေ့ကျော်ဖြစ်သည့် ဖုန်းစီရိအား ဒုတိယအချီတွင်အလဲထိုးအနိုင်ယူခဲ့သည်။

zawgyi version
TGL-6 ၿပိဳင္ပြဲ၌ ျမန္မာျပည္ခ်န္ပီယံ ေသြးသစ္ဝင္းလႈိင္ႏွင့္ပထမတန္း႐ိုးရာလက္ေဝွ႔ေက်ာ္ ေက်ာ္စြာဝင္းတို႔ ယွဥ္ၿပိဳင္ထိုးသတ္မည္

ေက်ာ္(NP News) - ဇန္နဝါရီ ၉

ျမန္မာ့႐ိုးရာလက္ေဝွ႔စိန္ေခၚပြဲျဖစ္သည့္ The Great Lethwei (TGL)ၿပိဳင္ပြဲ၏ အမွတ္စဥ္(၆) ၿပိဳင္ပြဲ၌ ျမန္မာျပည္ခ်န္ပီယံေသြးသစ္ဝင္းလႈိင္ႏွင့္ ပထမတန္း႐ိုးရာလက္ေဝွ႔ေက်ာ္ ေက်ာ္စြာဝင္းတို႔ ယွဥ္ၿပိဳင္ထိုးသတ္သြားမည္ျဖစ္ေၾကာင္း ၿပိဳင္ပြဲက်င္းပေရးအဖြဲ႕ထံမွ သိရသည္။

အဆိုပါ TGL-6 ၿပိဳင္ပြဲအား လာမည့္ ဇန္နဝါရီလ ၂၈ ရက္၊ ေန႔လည္ ၃ နာရီခြဲ၌ က်င္းပသြားမည္ျဖစ္ရာ ေသြးသစ္ဝင္းလႈိင္ႏွင့္ေက်ာ္စြာဝင္းတို႔သည္ ေခါင္တြဲဆိုင္းအျဖစ္ ယွဥ္ၿပိဳင္ထိုးသတ္သြားၾကမည္ျဖစ္သည္။

ျမန္မာျပည္ခ်န္ပီယံေသြးသစ္ဝင္းလႈိင္အား TGL-6 ၿပိဳင္ပြဲ၌ယွဥ္ၿပိဳင္ထိုးသတ္ရန္ ပထမတန္းလက္ေဝွ႔ေက်ာ္ ေက်ာ္စြာဝင္းမွစိန္ေခၚခဲ့ျခင္းျဖစ္ၿပီး ၎တို႔ ၂ ဦးသည္ အလဲထိုးစနစ္ျဖင့္ယွဥ္ၿပိဳင္ထိုးသတ္ၾကမည္ျဖစ္သည္။

ေသြးသစ္ဝင္းလႈိင္ႏွင့္ေက်ာ္စြာဝင္းတို႔သည့္ ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္၊ ႏိုဝင္ဘာလအတြင္းကလည္း ပထမအႀကိမ္ေတြ႕ဆုံ၍ ၅ ခ်ီပြဲအျဖစ္ ယွဥ္ၿပိဳင္ထိုးသတ္ခဲ့ၾကၿပီးေနာက္ ပူးတြဲသေရက်ခဲ့ၿပီး ယ ခုတစ္ႀကိမ္ေတြ႕ဆုံမႈသည္ ၎တို႔ႏွစ္ဦးအတြက္ ဒုတိယအႀကိမ္ေတြ႕ဆုံယွဥ္ၿပိဳင္ထိုးသတ္မႈျဖစ္ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ TGL-5 ၿပိဳင္ပြဲျဖစ္သည့္ ျမန္မာ့႐ိုးရာလက္ေဝွ႔စိန္ေခၚပြဲတြင္ ေသြးသစ္ဝင္းလႈိင္သည္ ယႉးခလိန္းမင္းအား ပထမအခ်ီ၌ ပင္ အလဲထိုးျဖင့္အႏိုင္ရရွိထားကာ ပထမတန္းလက္ေဝွ႔ေက်ာ္ ေက်ာ္စြာဝင္းမွာလည္း ၿပီးခဲ့သည့္ ဇန္နဝါရီလ ၄ ရက္ (လြတ္လပ္ ေရးေန႔)က ယွဥ္ၿပိဳင္ထိုးသတ္ခဲ့ေသာ လက္ေဝွ႔ၿပိဳင္ပြဲတြင္ ထိုင္းလက္ေဝွ႔ေက်ာ္ျဖစ္သည့္ ဖုန္းစီရိအား ဒုတိယအခ်ီတြင္အလဲထိုးအႏိုင္ယူခဲ့သည္။

Related news

© 2021. All rights reserved.