ဗုဒ္ဓဘာသာဝင်များ၏ ဘုရားစေတီတော်ကို သံတူဖြင့် ထုကာဖျက်ဆီးခဲ့မှုအပေါ် MNDAA အဖွဲ့ ပြန်လည်တောင်းပန်

 25796

မြူနစ် (NP News) - ဇန်နဝါရီ ၉

ဗုဒ္ဓဘာသာဝင်များ၏ ဘုရားစေတီတော်ကို သံတူဖြင့် ထုကာဖျက်ဆီးခဲ့မှုအပေါ် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA က ပြန်လည်တောင်းပန်လိုက်သည်။

MNDAA ၏ အောက်ခြေငယ်သားတစ်ဦးက ဘုရားစေတီကို ဖျက်ဆီးခဲ့သော ရုပ်သံဗီဒီယိုဖိုင်နှင့်ပတ်သက်၍ ယနေ့(ဇန်နဝါရီ လ ၉ ရက်)တွင် ထုတ်ပြန်ချက်ထုတ်ကာ အထက်ပါကဲ့သို့ တောင်းပန်လိုက်ခြင်းဖြစ်သည်။

သံတူဖြင့် ဘုရားစေတီတော်ကို ရိုက်ထုခြင်းသည် MNDAA မှ အမိန့်ပေးခြင်းမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ လုပ်ရပ်သာဖြစ် ကြောင်း ပျံ့နှံ့ခဲ့သော ဗီဒီယိုဖိုင်နှင့်ပတ်သက်၍ MNDAA အဖွဲ့က ဖြေရှင်းထားသည်။

ထို့ပြင် MNDAA အဖွဲ့အနေဖြင့် လက်အောက်ငယ်သား၏ တပ်စည်းမျဉ်းစည်းကမ်းညံ့ဖျင်းမှုနှင့် အရည်အချင်းမရှိသော လုပ် ဆောင်မှုအတွက်လည်း လွန်စွာတောင်းပန်အပ်ပါကြောင်းလည်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် အထက်ပါကိစ္စနှင့်ပတ်သက်၍ ကျူးလွန်သူကို အရေးယူအပြစ်ပေးရန် ညွှန်ကြားထားကြောင်းနှင့် အရာရှိနှင့်စစ် သည်များအနေဖြင့်လည်း ဘာသာရေးလွတ်လပ်မှုကို လေးစားရန် နှင့် ဘာသာရေးအဆောက်အအုံများကို အလေးထား အကာ အကွယ်ပေးရန် ညွှန်ကြားထားကြောင်း ထပ်မံထုတ်ပြန်ထား သည်။

MNDAA အဖွဲ့ဝင်တစ်ဦး သံတူဖြင့် ရိုက်ထုခဲ့သော စေတီတော် သည် လောက်ကိုင်မြို့ ပွိုင့် ၂၂၀၂ တောင်ကုန်းပေါ်ရှိ စေတီတစ်ဆူဖြစ်ပြီး ၎င်းစေတီတော်ကို ပြီးခဲ့သော ၂၀၁၅ ခုနှစ်တွင် တပ်မ တော်သားများနှင့် မိသားစုဝင်များ စုပေါင်းကာ တည်ထားကိုး ကွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ ဘုရားစေတီပုထိုးများကို ဖြိုဖျက်သည့်လုပ်ရပ်အား ပြင်း ပြင်းထန်ထန်ကန့်ကွက်ရှုံ့ချကြောင်း IBEC ဆရာတော်ဦးသောဘိတက NP News ကို မိန့်ကြားထားသည်။

“ဒီနိုင်ငံရဲ့ ယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးတမ်းအစဉ်အလာတွေ၊ ယုံကြည်မှုတွေကို ဘယ်လိုအဖွဲ့အစည်းကမှ မစော်ကားရ ဘူးလေ။ အဲဒီလိုတွေလုပ်တာက ဒီမိုကရေစီချိုးဖောက်တယ်။ ယဉ် ကျေးမှုတွေကို ချိုးဖောက်တဲ့အတွက် ကုလသမဂ္ဂရဲ့စံတန်ဖိုးအရ မကိုက်ညီဘူး။ မကိုက်ညီတဲ့အတွက် တကယ်လို့ လုပ်ခဲ့တယ်ဆိုရင်တော့ IBEC ကျောင်းတော်အနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ Icon ဖြစ်တဲ့ ဗုဒ္ဓဘာသာဘုရားပုထိုးတွေ၊ စေတီတွေကို အဲဒီ လိုလုပ်တာကိုတော့ ပြင်းပြင်းထန်ထန်ရှုံ့ချတယ်။ ကန့်ကွက်တယ်”ဟု ဆရာတော်ဦးသောဘိတက မိန့်ကြားသည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA အနေဖြင့် လောက်ကိုင်မြို့ကို အလုံးစုံထိန်းချုပ်ပြီးနောက်ပိုင်း၌ အထက်ပါကဲ့သို့ လုပ်ရပ်မျိုးထွက်ပေါ်လာခဲ့ခြင်းပြီး ၎င်းလုပ်ရပ်နှင့်ပတ်သက်၍လည်း မန္တလေးတိုင်းအတွင်း၌ ကန့်ကွက်ဆန္ဒပြပွဲများ ပြုလုပ်နေလျက်ရှိသည်။

zawgyi version
ဗုဒၶဘာသာဝင္မ်ား၏ ဘုရားေစတီေတာ္ကို သံတူျဖင့္ ထုကာဖ်က္ဆီးခဲ့မႈအေပၚ MNDAA အဖြဲ႕ ျပန္လည္ေတာင္းပန္

ျမဴနစ္ (NP News) - ဇန္နဝါရီ ၉

ဗုဒၶဘာသာဝင္မ်ား၏ ဘုရားေစတီေတာ္ကို သံတူျဖင့္ ထုကာဖ်က္ဆီးခဲ့မႈအေပၚ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA က ျပန္လည္ေတာင္းပန္လိုက္သည္။

MNDAA ၏ ေအာက္ေျခငယ္သားတစ္ဦးက ဘုရားေစတီကို ဖ်က္ဆီးခဲ့ေသာ ႐ုပ္သံဗီဒီယိုဖိုင္ႏွင့္ပတ္သက္၍ ယေန႔(ဇန္နဝါရီ လ ၉ ရက္)တြင္ ထုတ္ျပန္ခ်က္ထုတ္ကာ အထက္ပါကဲ့သို႔ ေတာင္းပန္လိုက္ျခင္းျဖစ္သည္။

သံတူျဖင့္ ဘုရားေစတီေတာ္ကို ႐ိုက္ထုျခင္းသည္ MNDAA မွ အမိန႔္ေပးျခင္းမဟုတ္ဘဲ ပုဂၢိဳလ္ေရးအရ လုပ္ရပ္သာျဖစ္ ေၾကာင္း ပ်ံ႕ႏွံ႔ခဲ့ေသာ ဗီဒီယိုဖိုင္ႏွင့္ပတ္သက္၍ MNDAA အဖြဲ႕က ေျဖရွင္းထားသည္။

ထို႔ျပင္ MNDAA အဖြဲ႕အေနျဖင့္ လက္ေအာက္ငယ္သား၏ တပ္စည္းမ်ဥ္းစည္းကမ္းညံ့ဖ်င္းမႈႏွင့္ အရည္အခ်င္းမရွိေသာ လုပ္ ေဆာင္မႈအတြက္လည္း လြန္စြာေတာင္းပန္အပ္ပါေၾကာင္းလည္း ထုတ္ျပန္ထားသည္။

လက္ရွိတြင္ အထက္ပါကိစၥႏွင့္ပတ္သက္၍ က်ဴးလြန္သူကို အေရးယူအျပစ္ေပးရန္ ၫႊန္ၾကားထားေၾကာင္းႏွင့္ အရာရွိႏွင့္စစ္ သည္မ်ားအေနျဖင့္လည္း ဘာသာေရးလြတ္လပ္မႈကို ေလးစားရန္ ႏွင့္ ဘာသာေရးအေဆာက္အအုံမ်ားကို အေလးထား အကာ အကြယ္ေပးရန္ ၫႊန္ၾကားထားေၾကာင္း ထပ္မံထုတ္ျပန္ထား သည္။

MNDAA အဖြဲ႕ဝင္တစ္ဦး သံတူျဖင့္ ႐ိုက္ထုခဲ့ေသာ ေစတီေတာ္ သည္ ေလာက္ကိုင္ၿမိဳ႕ ပြိဳင့္ ၂၂၀၂ ေတာင္ကုန္းေပၚရွိ ေစတီတစ္ဆူျဖစ္ၿပီး ၎ေစတီေတာ္ကို ၿပီးခဲ့ေသာ ၂၀၁၅ ခုႏွစ္တြင္ တပ္မ ေတာ္သားမ်ားႏွင့္ မိသားစုဝင္မ်ား စုေပါင္းကာ တည္ထားကိုး ကြယ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံအတြင္းရွိ ဗုဒၶဘာသာဝင္မ်ား အထြဋ္အျမတ္ထားရာ ဘုရားေစတီပုထိုးမ်ားကို ၿဖိဳဖ်က္သည့္လုပ္ရပ္အား ျပင္း ျပင္းထန္ထန္ကန႔္ကြက္ရႈံ႕ခ်ေၾကာင္း IBEC ဆရာေတာ္ဦးေသာဘိတက NP News ကို မိန႔္ၾကားထားသည္။

“ဒီႏိုင္ငံရဲ႕ ယဥ္ေက်းမႈေတြ၊ ဓေလ့ထုံးတမ္းအစဥ္အလာေတြ၊ ယုံၾကည္မႈေတြကို ဘယ္လိုအဖြဲ႕အစည္းကမွ မေစာ္ကားရ ဘူးေလ။ အဲဒီလိုေတြလုပ္တာက ဒီမိုကေရစီခ်ိဳးေဖာက္တယ္။ ယဥ္ ေက်းမႈေတြကို ခ်ိဳးေဖာက္တဲ့အတြက္ ကုလသမဂၢရဲ႕စံတန္ဖိုးအရ မကိုက္ညီဘူး။ မကိုက္ညီတဲ့အတြက္ တကယ္လို႔ လုပ္ခဲ့တယ္ဆိုရင္ေတာ့ IBEC ေက်ာင္းေတာ္အေနနဲ႔ကေတာ့ ျမန္မာႏိုင္ငံရဲ႕ Icon ျဖစ္တဲ့ ဗုဒၶဘာသာဘုရားပုထိုးေတြ၊ ေစတီေတြကို အဲဒီ လိုလုပ္တာကိုေတာ့ ျပင္းျပင္းထန္ထန္ရႈံ႕ခ်တယ္။ ကန႔္ကြက္တယ္”ဟု ဆရာေတာ္ဦးေသာဘိတက မိန႔္ၾကားသည္။

ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA အေနျဖင့္ ေလာက္ကိုင္ၿမိဳ႕ကို အလုံးစုံထိန္းခ်ဳပ္ၿပီးေနာက္ပိုင္း၌ အထက္ပါကဲ့သို႔ လုပ္ရပ္မ်ိဳးထြက္ေပၚလာခဲ့ျခင္းၿပီး ၎လုပ္ရပ္ႏွင့္ပတ္သက္၍လည္း မႏၲေလးတိုင္းအတြင္း၌ ကန႔္ကြက္ဆႏၵျပပြဲမ်ား ျပဳလုပ္ေနလ်က္ရွိသည္။

Picture

095281626

09/01/2024 21:39

အကုသိုလ်ကတော့ ထိုက်သွားပြီးပြီ

Picture

095281626

09/01/2024 21:39

အကုသိုလ်ကတော့ ထိုက်သွားပြီး

Related news

© 2021. All rights reserved.