ဆီစက်လုပ်ငန်းရှင်များကို တစ်နှစ်လျှင် အတိုးနှုန်း(၅)ရာခိုင်နှုန်းဖြင့် ကျပ်သိန်း(၃၀၀၀)အထိ ထုတ်ချေးပေးမည်

 750

ယွန်း (NP News) - ဇန်နဝါရီ ၉

ဆီစက်လုပ်ငန်းရှင်များကို တစ်နှစ်လျှင် အတိုးနှုန်း (၅)ရာခိုင်နှုန်းဖြင့် အများဆုံး ငွေကျပ်သိန်း(၃၀၀၀)အထိ ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။

နစက၏ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ၊ စီမံခန့်ခွဲမှုလုပ် ငန်းအဖွဲ့မှ ယမန်နေ့(ဇန်နဝါရီလ ၈ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။

အဆိုပါလုပ်ငန်းအဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ပြည်တွင်းရှိ ဆီစက်များသို့ အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းအတွက် ချေးငွေများကို ထုတ်ချေးလျက်ရှိကြောင်း သိရသည်။

လုပ်ငန်းသုံးရင်းနှီးလည်ပတ်ငွေလိုအပ်ချက်များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထူထောင်ထားသည့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေရန်ပုံငွေမှ အတိုးနှုန်းသက် သာမှုရှိသည့် ချေးငွေများကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေ (Working Capital) ချေးငွေအတွက် အနည်းဆုံးကျပ်သိန်း (၁၀၀)မှ အများဆုံးကျပ်သိန်း (၃၀၀၀) အထိနှင့် မတည်ရင်းနှီးငွေ(Fixed Capital) အတွက် ချေးငွေကို အနည်းဆုံးကျပ်သိန်း (၂၀၀)မှ အများဆုံးကျပ်သိန်း(၃၀၀၀)အထိ ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။

အတိုးနှုန်းကို တစ်နှစ်လျှင် (၅)ရာခိုင်နှုန်းသတ်မှတ်ထားပြီး လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေကို ချေးငွေသက်တမ်း(၁)နှစ်၊ မတည်ရင်းနှီးငွေများအတွက် ချေးငွေ သက်တမ်း (၃)နှစ်ကို (၃)ရစ်ဆပ်စနစ်ဖြင့် ပေးချေရန် ထုတ်ပြန်ထားသည်။

“အဲဒီလိုလေးလုပ်ပေးတယ်ဆိုတာကောင်းပါတယ်။ အတိုးနှုန်းကလည်းသက်သာတယ်လေ။ ဒီလိုမျိုးချေးငွေထုတ်ချေးပေး လိုက်တယ်ဆိုတော့ ဘာကောင်း လာလည်းဆိုတော့ ဆီစက်တွေခေတ်မီဖွံ့ဖြိုးတိုးတက်လာမယ်။ ပိုပြီးတော့ရင်းနှီးမြှုပ်နှံနိုင်လာမယ်။ ဆီစက်ကဏ္ဍရဲ့ value change မှာရှိနေတဲ့လိုအပ်ချက် ကို သက်သက်သာသာနဲ့ချေးပေးတဲ့အတွက် အထောက်အပံ့တော်တော်ဖြစ်တာပေါ့။ ဘဏ်မှာသွားချေးရင်တောင် (၁၀) ရာခိုင်နှုန်းကျော်ပေးရမှာလေ ဒီ(၅) ရာခိုင်နှုန်းကျတော့ နိုင်ငံတော်ကနေထုတ်ပေးတဲ့ သီးသန့်ချေးငွေလည်းဖြစ်တယ်။ ဘဏ်မှာသွား‌ချေးတာထက်စာရင် (၇)ရာခိုင်နှုန်းတောင် သက်သာနေပြီလေ”ဟု မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီစက်လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ကိုပြည့်ဖြိုးသန့်က NP News ကိုပြောသည်။

အဆိုပါချေးငွေကို လျှောက်ထားလိုသူများအနေဖြင့် လက်ရှိတွင်လုပ်ငန်းလည်ပတ်လုပ်ကိုင်နေသည့် ဆီစက်ဖြစ်ရန်လိုပြီး လုပ် ငန်းအမည်ပေါက်လိုင်စင် (သက်တမ်း)ရှိရန်လည်း လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ချေးငွေအတွက် အာမခံအဖြစ် အမည်ပေါက်ပိုင်ဆိုင်သည့် မ‌ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများ၊ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)ပေးအပ်ရမည်ဖြစ်ပြီး နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များတွင် လက်ရှိချေးငွေရယူထားသူများအနေဖြင့် ဆီစက်ဖွံ့ဖြိုးရေးချေးငွေရယူလိုပါက သီးခြားအာမခံ တင်သွင်းနိုင်မှသာ လျှောက်ထားရန် ထည့်သွင်းထုတ်ပြန်ထားသည်။

ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေများကို နေပြည်တော် အပါအဝင် တိုင်းနှင့် ပြည်နယ်များရှိ ဆီစက်ပိုင်ရှင်များ၊ အသင်းရုံးများနှင့် မြန်မာ့စီးပွားရေးဘဏ်ခွဲများ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများတွင် လျှောက်ထားနိုင်ကြောင်း သိရသည်။

zawgyi version
ဆီစက္လုပ္ငန္းရွင္မ်ားကို တစ္ႏွစ္လွ်င္ အတိုးႏႈန္း(၅)ရာခိုင္ႏႈန္းျဖင့္ က်ပ္သိန္း(၃၀၀၀)အထိ ထုတ္ေခ်းေပးမည္

ယြန္း (NP News) - ဇန္နဝါရီ ၉

ဆီစက္လုပ္ငန္းရွင္မ်ားကို တစ္ႏွစ္လွ်င္ အတိုးႏႈန္း (၅)ရာခိုင္ႏႈန္းျဖင့္ အမ်ားဆုံး ေငြက်ပ္သိန္း(၃၀၀၀)အထိ ထုတ္ေခ်းေပးမည္ျဖစ္ေၾကာင္း သိရသည္။

နစက၏ ဆီစက္လုပ္ငန္းမ်ားဖြံ႕ၿဖိဳးေရးေခ်းေငြ၊ စီမံခန႔္ခြဲမႈလုပ္ ငန္းအဖြဲ႕မွ ယမန္ေန႔(ဇန္နဝါရီလ ၈ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္း ျဖစ္သည္။

အဆိုပါလုပ္ငန္းအဖြဲ႕သည္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ လမ္းၫႊန္မႈျဖင့္ ျပည္တြင္းရွိ ဆီစက္မ်ားသို႔ အဆင့္မီစက္ပစၥည္းမ်ား တိုးခ်ဲ႕တပ္ဆင္ျခင္း၊ အဆင့္ျမႇင့္တင္ျခင္း၊ ေခတ္မီဆီစက္အသစ္မ်ား ထပ္မံတည္ေဆာက္ျခင္းအတြက္ ေခ်းေငြမ်ားကို ထုတ္ေခ်းလ်က္ရွိေၾကာင္း သိရသည္။

လုပ္ငန္းသုံးရင္းႏွီးလည္ပတ္ေငြလိုအပ္ခ်က္မ်ားအတြက္ ႏိုင္ငံ့စီးပြားျမႇင့္တင္ေရးရန္ပုံေငြမွ မတည္ထူေထာင္ထားသည့္ ဆီစက္လုပ္ငန္းမ်ားဖြံ႕ၿဖိဳးေရး ေခ်းေငြရန္ပုံေငြမွ အတိုးႏႈန္းသက္ သာမႈရွိသည့္ ေခ်းေငြမ်ားကို ထုတ္ေခ်းေပးလ်က္ရွိေၾကာင္း သိရသည္။

ထို႔ေၾကာင့္ လုပ္ငန္းသုံးလွည့္ပတ္ရင္းႏွီးေငြ (Working Capital) ေခ်းေငြအတြက္ အနည္းဆုံးက်ပ္သိန္း (၁၀၀)မွ အမ်ားဆုံးက်ပ္သိန္း (၃၀၀၀) အထိႏွင့္ မတည္ရင္းႏွီးေငြ(Fixed Capital) အတြက္ ေခ်းေငြကို အနည္းဆုံးက်ပ္သိန္း (၂၀၀)မွ အမ်ားဆုံးက်ပ္သိန္း(၃၀၀၀)အထိ ထုတ္ေခ်းေပးမည္ျဖစ္ေၾကာင္း သိရသည္။

အတိုးႏႈန္းကို တစ္ႏွစ္လွ်င္ (၅)ရာခိုင္ႏႈန္းသတ္မွတ္ထားၿပီး လုပ္ငန္းသုံးလွည့္ပတ္ရင္းႏွီးေငြကို ေခ်းေငြသက္တမ္း(၁)ႏွစ္၊ မတည္ရင္းႏွီးေငြမ်ားအတြက္ ေခ်းေငြ သက္တမ္း (၃)ႏွစ္ကို (၃)ရစ္ဆပ္စနစ္ျဖင့္ ေပးေခ်ရန္ ထုတ္ျပန္ထားသည္။

“အဲဒီလိုေလးလုပ္ေပးတယ္ဆိုတာေကာင္းပါတယ္။ အတိုးႏႈန္းကလည္းသက္သာတယ္ေလ။ ဒီလိုမ်ိဳးေခ်းေငြထုတ္ေခ်းေပး လိုက္တယ္ဆိုေတာ့ ဘာေကာင္း လာလည္းဆိုေတာ့ ဆီစက္ေတြေခတ္မီဖြံ႕ၿဖိဳးတိုးတက္လာမယ္။ ပိုၿပီးေတာ့ရင္းႏွီးျမႇဳပ္ႏွံႏိုင္လာမယ္။ ဆီစက္က႑ရဲ႕ value change မွာရွိေနတဲ့လိုအပ္ခ်က္ ကို သက္သက္သာသာနဲ႔ေခ်းေပးတဲ့အတြက္ အေထာက္အပံ့ေတာ္ေတာ္ျဖစ္တာေပါ့။ ဘဏ္မွာသြားေခ်းရင္ေတာင္ (၁၀) ရာခိုင္ႏႈန္းေက်ာ္ေပးရမွာေလ ဒီ(၅) ရာခိုင္ႏႈန္းက်ေတာ့ ႏိုင္ငံေတာ္ကေနထုတ္ေပးတဲ့ သီးသန႔္ေခ်းေငြလည္းျဖစ္တယ္။ ဘဏ္မွာသြား‌ေခ်းတာထက္စာရင္ (၇)ရာခိုင္ႏႈန္းေတာင္ သက္သာေနၿပီေလ”ဟု ျမန္မာႏိုင္ငံဆီကုန္သည္ႏွင့္ ဆီစက္လုပ္ငန္းရွင္မ်ားအသင္း ဒုဥကၠ႒ ကိုျပည့္ၿဖိဳးသန႔္က NP News ကိုေျပာသည္။

အဆိုပါေခ်းေငြကို ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ လက္ရွိတြင္လုပ္ငန္းလည္ပတ္လုပ္ကိုင္ေနသည့္ ဆီစက္ျဖစ္ရန္လိုၿပီး လုပ္ ငန္းအမည္ေပါက္လိုင္စင္ (သက္တမ္း)ရွိရန္လည္း လိုအပ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အလားတူ ေခ်းေငြအတြက္ အာမခံအျဖစ္ အမည္ေပါက္ပိုင္ဆိုင္သည့္ မ‌ေ႐ႊ႕ေျပာင္းႏိုင္သည့္ပစၥည္းမ်ား၊ လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္ ပုံစံ(၇)ေပးအပ္ရမည္ျဖစ္ၿပီး ႏိုင္ငံပိုင္ဘဏ္မ်ားႏွင့္ ပုဂၢလိကဘဏ္မ်ားတြင္ လက္ရွိေခ်းေငြရယူထားသူမ်ားအေနျဖင့္ ဆီစက္ဖြံ႕ၿဖိဳးေရးေခ်းေငြရယူလိုပါက သီးျခားအာမခံ တင္သြင္းႏိုင္မွသာ ေလွ်ာက္ထားရန္ ထည့္သြင္းထုတ္ျပန္ထားသည္။

ဆီစက္လုပ္ငန္းမ်ားဖြံ႕ၿဖိဳးေရးေခ်းေငြမ်ားကို ေနျပည္ေတာ္ အပါအဝင္ တိုင္းႏွင့္ ျပည္နယ္မ်ားရွိ ဆီစက္ပိုင္ရွင္မ်ား၊ အသင္း႐ုံးမ်ားႏွင့္ ျမန္မာ့စီးပြားေရးဘဏ္ခြဲမ်ား၊ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္ခြဲမ်ားတြင္ ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.