လားရှိုးမြို့သည် အားလုံးအေးချမ်းနေပြီဖြစ်ကြောင်း မန်ဆူဆရာတော်ကြီး မိန့်ကြား

 7652

မြူနစ် (NP News) - ဇန်နဝါရီ ၉

ရှမ်းပြည်နယ်၊ လားရှိုးမြို့သည် အားလုံးအေးချမ်းနေပြီဖြစ် ကြောင်း သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက် ဆရာတော်ဒေါက်တာဘဒ္ဒန္တပုညနန္ဒက မိန့်ကြားသည်။

မန်ဆူဆရာတော်ကြီးသည် ယနေ့(ဇန်နဝါရီလ ၉ ရက်)တွင် ရုပ်သံဗီဒီယိုဖိုင်ဖြင့် လူမှုကွန်ရက်မှတစ်ဆင့် အထက်ပါကဲ့သို့ အသိပေးမိန့်ကြားခဲ့ခြင်းဖြစ်သည်။

ယခုရက်ပိုင်းအတွင်း၌ MNDAA၊ TNLA၊ AA မြောက်ပိုင်းလက် နက်ကိုင် (၃)ဖွဲ့သည် လားရှိုးမြို့ကို ဝင်ရောက်တိုက်ခိုက်မည်ဟူ သော ကောလာဟလသတင်းများ လူမှုကွန်ရက်စာမျက်နှာများ၌ ပျံ့နှံ့နေလျက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ သတင်းများကြောင့် လားရှိုးမြို့ခံပြည်သူများအနေ ဖြင့် စိုးရိမ်စိတ်များဖြစ်ပေါ်ကာ နေရပ်စွန့်ခွာရန် ပြင်ဆင်မှုများရှိနေကြောင်းလည်း သတင်းများ ပျံ့နှံ့နေလျက်ရှိသည်။

ထို့ကြောင့် မန်ဆူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တပုညနန္ဒက “အခုဟာက ဘာမှမဖြစ်တော့ပါဘူး။ လားရှိုးမြို့က အားလုံး အေးချမ်းသွားပါပြီ။ ကျန်တဲ့အပိုင်းတွေလည်းပဲ တဖြည်းဖြည်းနဲ့ အေးချမ်းဖို့ အခြေအနေရှိပါတယ်။ ဒီလထဲတောင်မှ လမ်းပန်းဆက်သွယ်မှုတွေ၊ ဘာတွေ အားလုံးပြေလည်မယ်လို့ သတင်းကြားရတယ်။ အဲဒါကြောင့်မိုလို့ အေးအေးချမ်းချမ်းနဲ့ နေကြနော်။ ဘာမှ မဖြစ်ပါဘူး။ အေးချမ်းသွားပါပြီ။ အားလုံးကို မေတ္တာပို့ ပေးနေပါတယ်” ဟု မိန့်ကြားထားသည်။

ထို့ပြင် သက်ဆိုင်ရာလူကြီးများအနေဖြင့်လည်း ပြည်သူများ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာဖြင့် မိမိတို့နေရာအသီးသီး၌ ပြန်လည်နေထိုင်နိုင်ရေးအတွက် ဆောင်ရွက်နေပြီဖြစ်ကြောင်း ကြားသိရသည်ဟု မန်ဆူဆရာတော်ကြီးက ထပ်မံမိန့်ကြားထားသည်။

“လူကြီးတွေလည်းပဲ နားလည်မှုပေးပြီးတော့မှ အကုန်လုံး တိုင်းသူပြည်သားလူအများတွေ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ကိုယ့် နေရာကို အေးအေးဆေးဆေးပြန်နိုင်အောင် ဆောင်ရွက်နေပြီဖြစ်တဲ့အကြောင်း ကြားသိရတဲ့အတွက်ကြောင့် ဝမ်းမြောက် ဝမ်းသာ ရှိကြပါစေလို့ မေတ္တာပေးပို့ပါတယ်” ဟု ဆရာတော်ကြီးက ဆက်လက်မိန့်ကြားသည်။

လက်ရှိတွင် မြောက်ပိုင်းလက်နက်ကိုင် (၃)ဖွဲ့သည် လားရှိုးမြို့ပတ်ပတ်လည်ရှိ နေရာဒေသများတွင် ရောက်ရှိနေပြီဖြစ် ကြောင်း ကောလာဟလသတင်းများလည်း ပျံ့နှံ့နေလျက်ရှိသည်။

zawgyi version
လားရႈိးၿမိဳ႕သည္ အားလုံးေအးခ်မ္းေနၿပီျဖစ္ေၾကာင္း မန္ဆူဆရာ ေတာ္ႀကီး မိန႔္ၾကား

ျမဴနစ္ (NP News) - ဇန္နဝါရီ ၉

ရွမ္းျပည္နယ္၊ လားရႈိးၿမိဳ႕သည္ အားလုံးေအးခ်မ္းေနၿပီျဖစ္ ေၾကာင္း သီရိမဂၤလာမန္ဆူရွမ္းေက်ာင္းတိုက္ ဆရာေတာ္ေဒါက္တာဘဒၵႏၲပုညနႏၵက မိန႔္ၾကားသည္။

မန္ဆူဆရာေတာ္ႀကီးသည္ ယေန႔(ဇန္နဝါရီလ ၉ ရက္)တြင္ ႐ုပ္သံဗီဒီယိုဖိုင္ျဖင့္ လူမႈကြန္ရက္မွတစ္ဆင့္ အထက္ပါကဲ့သို႔ အသိေပးမိန႔္ၾကားခဲ့ျခင္းျဖစ္သည္။

ယခုရက္ပိုင္းအတြင္း၌ MNDAA၊ TNLA၊ AA ေျမာက္ပိုင္းလက္ နက္ကိုင္ (၃)ဖြဲ႕သည္ လားရႈိးၿမိဳ႕ကို ဝင္ေရာက္တိုက္ခိုက္မည္ဟူ ေသာ ေကာလာဟလသတင္းမ်ား လူမႈကြန္ရက္စာမ်က္ႏွာမ်ား၌ ပ်ံ႕ႏွံ႔ေနလ်က္ရွိေၾကာင္း သိရသည္။

ယင္းကဲ့သို႔ သတင္းမ်ားေၾကာင့္ လားရႈိးၿမိဳ႕ခံျပည္သူမ်ားအေန ျဖင့္ စိုးရိမ္စိတ္မ်ားျဖစ္ေပၚကာ ေနရပ္စြန႔္ခြာရန္ ျပင္ဆင္မႈမ်ားရွိေနေၾကာင္းလည္း သတင္းမ်ား ပ်ံ႕ႏွံ႔ေနလ်က္ရွိသည္။

ထို႔ေၾကာင့္ မန္ဆူဆရာေတာ္ႀကီး ေဒါက္တာဘဒၵႏၲပုညနႏၵက “အခုဟာက ဘာမွမျဖစ္ေတာ့ပါဘူး။ လားရႈိးၿမိဳ႕က အားလုံး ေအးခ်မ္းသြားပါၿပီ။ က်န္တဲ့အပိုင္းေတြလည္းပဲ တျဖည္းျဖည္းနဲ႔ ေအးခ်မ္းဖို႔ အေျခအေနရွိပါတယ္။ ဒီလထဲေတာင္မွ လမ္းပန္းဆက္သြယ္မႈေတြ၊ ဘာေတြ အားလုံးေျပလည္မယ္လို႔ သတင္းၾကားရတယ္။ အဲဒါေၾကာင့္မိုလို႔ ေအးေအးခ်မ္းခ်မ္းနဲ႔ ေနၾကေနာ္။ ဘာမွ မျဖစ္ပါဘူး။ ေအးခ်မ္းသြားပါၿပီ။ အားလုံးကို ေမတၱာပို႔ ေပးေနပါတယ္” ဟု မိန႔္ၾကားထားသည္။

ထို႔ျပင္ သက္ဆိုင္ရာလူႀကီးမ်ားအေနျဖင့္လည္း ျပည္သူမ်ား စိတ္ခ်မ္းသာ၊ ကိုယ္ခ်မ္းသာျဖင့္ မိမိတို႔ေနရာအသီးသီး၌ ျပန္လည္ေနထိုင္ႏိုင္ေရးအတြက္ ေဆာင္႐ြက္ေနၿပီျဖစ္ေၾကာင္း ၾကားသိရသည္ဟု မန္ဆူဆရာေတာ္ႀကီးက ထပ္မံမိန႔္ၾကားထားသည္။

“လူႀကီးေတြလည္းပဲ နားလည္မႈေပးၿပီးေတာ့မွ အကုန္လုံး တိုင္းသူျပည္သားလူအမ်ားေတြ စိတ္ခ်မ္းသာ ကိုယ္ခ်မ္းသာနဲ႔ ကိုယ့္ ေနရာကို ေအးေအးေဆးေဆးျပန္ႏိုင္ေအာင္ ေဆာင္႐ြက္ေနၿပီျဖစ္တဲ့အေၾကာင္း ၾကားသိရတဲ့အတြက္ေၾကာင့္ ဝမ္းေျမာက္ ဝမ္းသာ ရွိၾကပါေစလို႔ ေမတၱာေပးပို႔ပါတယ္” ဟု ဆရာေတာ္ႀကီးက ဆက္လက္မိန႔္ၾကားသည္။

လက္ရွိတြင္ ေျမာက္ပိုင္းလက္နက္ကိုင္ (၃)ဖြဲ႕သည္ လားရႈိးၿမိဳ႕ပတ္ပတ္လည္ရွိ ေနရာေဒသမ်ားတြင္ ေရာက္ရွိေနၿပီျဖစ္ ေၾကာင္း ေကာလာဟလသတင္းမ်ားလည္း ပ်ံ႕ႏွံ႔ေနလ်က္ရွိသည္။

Related news

© 2021. All rights reserved.