ကာဗွန်ထုတ်ရန်အတွက် မြန်မာနိုင်ငံမှ အုန်းမှုတ်ခွက်မီးသွေးကို တရုတ်မှ ဝယ်ယူသည့် ဈေးကွက်ရှိနေ

 2238

စော (NP News) - ဇန်နဝါရီ ၁၀

ကာဗွန်ထုတ်ရန်အတွက် မြန်မာနိုင်ငံမှ အုန်းမှုတ်ခွက်မီးသွေးကို တရုတ်မှ ဝယ်ယူသည့် ဈေးကွက်ရှိနေကြောင်း အဆိုပါ ဈေး ကွက်တွင် အရောင်းအဝယ်ပြုလုပ်နေသူများထံ မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

အုန်းသီးမှရသည့် အုန်းမှုတ်ခွက်များကို မီးသွေးဖုတ်ပြီးနောက် မန္တလေးမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

“တရုတ်နိုင်ငံကတော့ ကျွန်တော်တို့ဆီက တိုက်ရိုက်မဝယ်ဘူး။ ဒါပေမဲ့ ပွဲစားတွေကတော့ ကျွန်တော်တို့ဆီက အုန်းမှုတ်ခွက်ဝယ်တယ်။ ပြီးတော့ မီးသွေးဖုတ်တယ်။ ဖုတ်ပြီးသားကို မန္တလေးကို ပို့ပြီးတော့ တရုတ်ကိုပို့တယ်။ သူတို့က ရသလောက်ဝယ်တာပေါ့။ တရုတ်ကတော့ ဘာအတွက်ဝယ်တာလဲဆိုရင် အကြမ်း ဖျင်းအားဖြင့်တော့ ကာဗွန်ထုတ်တယ်လို့ပြောတာပေါ့။ ကျွန် တော်တို့ဆီက ရှိသလောက်ဝယ်တာပဲ။ ဒါပေမဲ့ သူတို့ဝယ်သ လောက်ကို ကျွန်တော်တို့ အုတ်မှုတ်ခွက်က မထွက်ဘူးလေ”ဟု ပုသိမ်မြို့ရှိ ဗိုလ်အုန်းသီး အုန်းသီးရောင်းဝယ်ရေးလုပ်ငန်းမှ ဦးသန့်စင်က NP News ကိုပြောသည်။

ပြည်တွင်း၌ အုန်းမှုတ်ခွက်မီးသွေးသည် တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဝန်းကျင် ပေါက်ဈေးရှိနေကြောင်း သိရသည်။

“အုန်းမှုတ်ခွက်ကို မီးရှို့လိုက်တယ်။ မီးစွဲလာအောင်လုပ်လိုက်တယ်။ အငွေ့ထွက်လာတာပေါ့။ အငွေ့ပျောက်ပြီးတော့ မီးတောက်လာတာနဲ့ အုန်းမှုတ်ခွက်ထပ်ထည့်တာပေါ့။ ကိုယ် တော်ပြီဆို မီးကိုပိတ်လိုက်တာပေါ့။ အအေးခံလိုက်ပြီးရင် နောက်နေ့ကျရပြီ။ အဲဒါကို အချိန်နဲ့လာဝယ်သွားတာပေါ့ ။ တစ်ပိဿာကို ခန့်မှန်းခြေ နှစ်ထောင်ပတ်လည်ပေါ့။ သူတို့က ဟိုမှာ ဘယ်လောက်ပြန်ရောင်းလဲတော့ မသိဘူး”ဟု ၎င်းကဆက်လက်ပြောသည်။

လက်ရှိကာလတွင် အုန်းသီးဈေးများတက်လျက်ရှိကာ လက် ကားဈေးအနေဖြင့် တစ်လုံးလျှင် (၁၀၀၀)ကျပ်ခန့်ရှိပြီးဝယ်လိုအားများလျက်ရှိကြောင်းလည်း သိရသည်။

zawgyi version
ကာဗြန္ထုတ္ရန္အတြက္ ျမန္မာႏိုင္ငံမွ အုန္းမႈတ္ခြက္မီးေသြးကို တ႐ုတ္မွ ဝယ္ယူသည့္ ေဈးကြက္ရွိေန

ေစာ (NP News) - ဇန္နဝါရီ ၁၀

ကာဗြန္ထုတ္ရန္အတြက္ ျမန္မာႏိုင္ငံမွ အုန္းမႈတ္ခြက္မီးေသြးကို တ႐ုတ္မွ ဝယ္ယူသည့္ ေဈးကြက္ရွိေနေၾကာင္း အဆိုပါ ေဈး ကြက္တြင္ အေရာင္းအဝယ္ျပဳလုပ္ေနသူမ်ားထံ ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

အုန္းသီးမွရသည့္ အုန္းမႈတ္ခြက္မ်ားကို မီးေသြးဖုတ္ၿပီးေနာက္ မႏၲေလးမွတစ္ဆင့္ တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“တ႐ုတ္ႏိုင္ငံကေတာ့ ကြၽန္ေတာ္တို႔ဆီက တိုက္႐ိုက္မဝယ္ဘူး။ ဒါေပမဲ့ ပြဲစားေတြကေတာ့ ကြၽန္ေတာ္တို႔ဆီက အုန္းမႈတ္ခြက္ဝယ္တယ္။ ၿပီးေတာ့ မီးေသြးဖုတ္တယ္။ ဖုတ္ၿပီးသားကို မႏၲေလးကို ပို႔ၿပီးေတာ့ တ႐ုတ္ကိုပို႔တယ္။ သူတို႔က ရသေလာက္ဝယ္တာေပါ့။ တ႐ုတ္ကေတာ့ ဘာအတြက္ဝယ္တာလဲဆိုရင္ အၾကမ္း ဖ်င္းအားျဖင့္ေတာ့ ကာဗြန္ထုတ္တယ္လို႔ေျပာတာေပါ့။ ကြၽန္ ေတာ္တို႔ဆီက ရွိသေလာက္ဝယ္တာပဲ။ ဒါေပမဲ့ သူတို႔ဝယ္သ ေလာက္ကို ကြၽန္ေတာ္တို႔ အုတ္မႈတ္ခြက္က မထြက္ဘူးေလ”ဟု ပုသိမ္ၿမိဳ႕ရွိ ဗိုလ္အုန္းသီး အုန္းသီးေရာင္းဝယ္ေရးလုပ္ငန္းမွ ဦးသန႔္စင္က NP News ကိုေျပာသည္။

ျပည္တြင္း၌ အုန္းမႈတ္ခြက္မီးေသြးသည္ တစ္ပိႆာလွ်င္ (၂၀၀၀)က်ပ္ဝန္းက်င္ ေပါက္ေဈးရွိေနေၾကာင္း သိရသည္။

“အုန္းမႈတ္ခြက္ကို မီးရႈိ႕လိုက္တယ္။ မီးစြဲလာေအာင္လုပ္လိုက္တယ္။ အေငြ႕ထြက္လာတာေပါ့။ အေငြ႕ေပ်ာက္ၿပီးေတာ့ မီးေတာက္လာတာနဲ႔ အုန္းမႈတ္ခြက္ထပ္ထည့္တာေပါ့။ ကိုယ္ ေတာ္ၿပီဆို မီးကိုပိတ္လိုက္တာေပါ့။ အေအးခံလိုက္ၿပီးရင္ ေနာက္ေန႔က်ရၿပီ။ အဲဒါကို အခ်ိန္နဲ႔လာဝယ္သြားတာေပါ့ ။ တစ္ပိႆာကို ခန႔္မွန္းေျခ ႏွစ္ေထာင္ပတ္လည္ေပါ့။ သူတို႔က ဟိုမွာ ဘယ္ေလာက္ျပန္ေရာင္းလဲေတာ့ မသိဘူး”ဟု ၎ကဆက္လက္ေျပာသည္။

လက္ရွိကာလတြင္ အုန္းသီးေဈးမ်ားတက္လ်က္ရွိကာ လက္ ကားေဈးအေနျဖင့္ တစ္လုံးလွ်င္ (၁၀၀၀)က်ပ္ခန႔္ရွိၿပီးဝယ္လိုအားမ်ားလ်က္ရွိေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.