သီလဝါအထူးစီးပွားရေးဇုန်အတွင်း ဆိုလာလျှပ်စစ်မီးရရှိရေးကို ဆောင်ရွက်ရန်စီစဉ်နေ

693
ယွန်း (NP News) - ဇန်နဝါရီ ၁၁
သီလဝါအထူးစီးပွားရေးဇုန်အတွင်း ဆိုလာလျှပ်စစ်မီးရရှိရေးကို အားပေးဆောင်ရွက်ရန် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တိုက်တွန်းပြောကြားထားသည်။

၎င်းက ဇန်နဝါရီလ(၁၀)ရက်တွင် ကျင်းပခဲ့သည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့၏ (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
သီလဝါအထူးစီးပွားရေးဇုန်၏ လျှပ်စစ်ကိစ္စနှင့်ပတ်သက်၍ ဆိုလာစနစ်ဖြင့် အသုံးပြုရန်ကုမ္ပဏီသုံးခု ဆွေးနွေးခဲ့ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင်လည်း ဆိုလာနှင့်ပတ်သက်၍ လာရောက်ဆွေးနွေးခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အသိပေးပြောကြားထားသည်။
Solar Power နှင့် Solar Plant တို့မှ လျှပ်စစ်ဓာတ်အားရရှိပါက ဇုန်အတွင်းမူလသုံးစွဲရသည့် လျှပ်စစ်ဓာတ်အားကို အခြားလိုအပ်သည့်နေရာတွင် သုံးစွဲနိုင်မည်ဖြစ်သည့်အတွက် သီလဝါအထူးစီးပွားရေးဇုန်အတွင်း ဆိုလာလျှပ်စစ်မီးရရှိရေးအတွက် အားပေးဆောင်ရွက်ရန် ၎င်းက တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အဆိုပါစီးပွားရေးဇုန်ကို ပို၍ထိရောက်သည့် ရင်းနှီးမြှုပ်နှံ မှုများနှင့် အသစ်ရင်းနှီးမြှုပ်နှံမှုများ လျော့ကျမသွားအောင် နည်းမျိုးစုံဖြင့် ထိန်းသိမ်းပြီး တိကျသည့်စနစ်အဖြစ် လုပ်ငန်းများကို One Stop Service ဆောင်ရွက်ပေးမှုအပေါ် မူတည်၍ ဆက် လက်အကောင်အထည်ဖော်ရေးကိုလည်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ ဥက္ကဋ္ဌက အသိပေးထားသည်။
လက်ရှိမြန်မာနိုင်ငံတွင် စီးပွားရေးဇုန်သုံးခုကို အကောင်အ ထည်ဖော် ဆောင်ရွက်လျက်ရှိပြီး သီလဝါအထူးစီးပွားရေးဇုန်သည် အောင်မြင်နေကြောင်း သိရသည်။
သို့သော် နိုင်ငံတကာနှင့်ယှဥ်ပါက အထူးစီးပွားရေးဇုန်များ၏ အရေအတွက်သည် နည်းပါနေပြီး အထူးစီးပွားရေးဇုန်များ ပို၍ပေါ်ထွက်လာအောင် ဆောင်ရွက်ရန် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ က တိုက်တွန်းပြောကြားခဲ့သည်။

zawgyi version
သီလဝါအထူးစီးပြားေရးဇုန္အတြင္း ဆိုလာလွ်ပ္စစ္မီးရရွိေရးကို ေဆာင္႐ြက္ရန္စီစဥ္ေန
ယြန္း (NP News) - ဇန္နဝါရီ ၁၁
သီလဝါအထူးစီးပြားေရးဇုန္အတြင္း ဆိုလာလွ်ပ္စစ္မီးရရွိေရးကို အားေပးေဆာင္႐ြက္ရန္ ျမန္မာအထူးစီးပြားေရးဇုန္ဆိုင္ရာ ဗဟိုအဖြဲ႕ ဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက တိုက္တြန္းေျပာၾကားထားသည္။
၎က ဇန္နဝါရီလ(၁၀)ရက္တြင္ က်င္းပခဲ့သည့္ ျမန္မာအထူးစီးပြားေရးဇုန္ဆိုင္ရာ ဗဟိုအဖြဲ႕၏ (၁/၂၀၂၄) ႀကိမ္ေျမာက္ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
သီလဝါအထူးစီးပြားေရးဇုန္၏ လွ်ပ္စစ္ကိစၥႏွင့္ပတ္သက္၍ ဆိုလာစနစ္ျဖင့္ အသုံးျပဳရန္ကုမၸဏီသုံးခု ေဆြးေႏြးခဲ့ၿပီး လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနတြင္လည္း ဆိုလာႏွင့္ပတ္သက္၍ လာေရာက္ေဆြးေႏြးခဲ့ေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက အသိေပးေျပာၾကားထားသည္။
Solar Power ႏွင့္ Solar Plant တို႔မွ လွ်ပ္စစ္ဓာတ္အားရရွိပါက ဇုန္အတြင္းမူလသုံးစြဲရသည့္ လွ်ပ္စစ္ဓာတ္အားကို အျခားလိုအပ္သည့္ေနရာတြင္ သုံးစြဲႏိုင္မည္ျဖစ္သည့္အတြက္ သီလဝါအထူးစီးပြားေရးဇုန္အတြင္း ဆိုလာလွ်ပ္စစ္မီးရရွိေရးအတြက္ အားေပးေဆာင္႐ြက္ရန္ ၎က တိုက္တြန္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
ထို႔ျပင္ အဆိုပါစီးပြားေရးဇုန္ကို ပို၍ထိေရာက္သည့္ ရင္းႏွီးျမႇဳပ္ႏွံ မႈမ်ားႏွင့္ အသစ္ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ေလ်ာ့က်မသြားေအာင္ နည္းမ်ိဳးစုံျဖင့္ ထိန္းသိမ္းၿပီး တိက်သည့္စနစ္အျဖစ္ လုပ္ငန္းမ်ားကို One Stop Service ေဆာင္႐ြက္ေပးမႈအေပၚ မူတည္၍ ဆက္ လက္အေကာင္အထည္ေဖာ္ေရးကိုလည္း ျမန္မာအထူးစီးပြားေရးဇုန္ဆိုင္ရာ ဗဟိုအဖြဲ႕ ဥကၠ႒က အသိေပးထားသည္။
လက္ရွိျမန္မာႏိုင္ငံတြင္ စီးပြားေရးဇုန္သုံးခုကို အေကာင္အ ထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိၿပီး သီလဝါအထူးစီးပြားေရးဇုန္သည္ ေအာင္ျမင္ေနေၾကာင္း သိရသည္။
သို႔ေသာ္ ႏိုင္ငံတကာႏွင့္ယွဥ္ပါက အထူးစီးပြားေရးဇုန္မ်ား၏ အေရအတြက္သည္ နည္းပါေနၿပီး အထူးစီးပြားေရးဇုန္မ်ား ပို၍ေပၚထြက္လာေအာင္ ေဆာင္႐ြက္ရန္ ျမန္မာအထူးစီးပြားေရးဇုန္ဆိုင္ရာ ဗဟိုအဖြဲ႕ ဥကၠ႒ က တိုက္တြန္းေျပာၾကားခဲ့သည္။