ပြည်တွင်းဈေးကွက်၌ brand အထည်များထက် ဘေထုပ်ထည်ဝယ်ယူမှုများပြားလျက်ရှိနေ

 1152

ယွန်း (NP News) - ဇန်နဝါရီ ၁၁

ပြည်တွင်းဈေးကွက်၌ brand အထည်များ ဝယ်ယူခြင်းထက် ဘေထုပ်ထည်ဝယ်ယူသူများပြားနေကြောင်း ကြည့်မြင်တိုင် ဘေထုပ်တန်းရှိ ပင်ရင်းဆိုင်ကြီးထံမှ သိရသည်။

ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ ညအပူ ချိန်များလျော့နည်းပြီး အအေးပိုလာမှုများကြောင့် ယခုကာလအတွင်း ရန်ကုန်မြို့ရှိ ဘေထုပ်ဆိုင်များတွင် အနွေးထည်များအဝယ်လိုက်နေပြီး ရောင်းအားကောင်းနေကြောင်း သိရသည်။

“အခုရက်ပိုင်းက နည်းနည်းလေးလည်းအေးလာတော့ အနွေး ထည်တွေကပိုပြီး အဝယ်လိုက်တာပေါ့။ ဈေးကတော့ အခုအချိန်မှာ အထူတွေက အနည်းဆုံး (၅၅၀၀)ကနေ‌၊ အများဆုံး (၁၅၀၀၀)အထိ ရောင်‌ပေးနေပါတယ်။ အရင်လတွေထက်စာရင် ဒီလမှာအဝယ်ပိုများလာပါတယ်။ တော်တော် ရောင်းရတယ်။ တစ်ရက်ကိုခါတိုင်းထက်(၄)(၅)သိန်းလောက်ကို ပိုရောင်းရတယ်။ စနေ၊ တနင်္ဂနွေမှာတော့ ပိုပြီးရောင်းရတာပေါ့။ ရောင်းအားလည်း ကောင်းနေပါတယ်”ဟု အထက်ပါပင်ရင်းဆိုင်ကြီးမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ဘေထုပ်ဆိုင်များအနေဖြင့် ပြီးခဲ့သည့်လများတွင်လည်း ရောင်းအားကောင်းခဲ့သော်လည်း လက်ရှိဇန်နဝါရီလသည် ပို၍ရောင်းအားကောင်းနေပြီး တစ်ရက်လျှင် ယခင်ထက် (၅)သိန်း ဖိုးခန့် ပို၍ရောင်းနေရကြောင်း သိရသည်။

“အရင်ကတော့ brand တွေဘာတွေ ဝယ်ဝတ်ဖြစ်တယ်။ အခုကကျတော့ ကုန်ဈေးနှုန်းတွေကလည်းတက်လာတာရယ်။ ရတဲ့လစာရယ်နဲ့က ဘယ်လိုမှ အဆင်မပြေတော့ ဘေလ်ထုတ်ပဲဝယ်ဖြစ်တော့တယ်။ ဈေးလည်းမကြီးဘူး ဝတ်ရတာလည်းအဆင် ပြေပါတယ်။ အဲဒီလိုမျိုးက ကိုယ်တစ်ယောက်ထဲမဟုတ်ဘူး။ တော်တော်များများရှိကြတယ်။ တချို့ဆိုင်တွေဆို ဝယ်တဲ့သူကြိတ်ကြိတ်တိုးနေတာပဲ”ဟု ရန်ကုန်မြို့တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

လက်ရှိကာလတွင် မြင့်တက်လာသည့် ကုန်ဈေးနှုန်းများနှင့် စီးပွားရေးအဆင်မပြေမှုများကြောင့် ပြည်သူများအနေဖြင့် Brand အဝတ်အစားများကို ဝယ်ယူခြင်းထက် ဈေးနှုန်းသင့်တင့်သည့် ဘေထုပ်ထည်များကိုသာ ‌ရွေးချယ်ဝယ်ယူမှု များပြားလျက်ရှိသည်။

zawgyi version
ျပည္တြင္းေဈးကြက္၌ brand အထည္မ်ားထက္ ေဘထုပ္ထည္ဝယ္ယူမႈမ်ားျပားလ်က္ရွိေန

ယြန္း (NP News) - ဇန္နဝါရီ ၁၁

ျပည္တြင္းေဈးကြက္၌ brand အထည္မ်ား ဝယ္ယူျခင္းထက္ ေဘထုပ္ထည္ဝယ္ယူသူမ်ားျပားေနေၾကာင္း ၾကည့္ျမင္တိုင္ ေဘထုပ္တန္းရွိ ပင္ရင္းဆိုင္ႀကီးထံမွ သိရသည္။

ရန္ကုန္အပါအဝင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အခ်ိဳ႕၌ ညအပူ ခ်ိန္မ်ားေလ်ာ့နည္းၿပီး အေအးပိုလာမႈမ်ားေၾကာင့္ ယခုကာလအတြင္း ရန္ကုန္ၿမိဳ႕ရွိ ေဘထုပ္ဆိုင္မ်ားတြင္ အေႏြးထည္မ်ားအဝယ္လိုက္ေနၿပီး ေရာင္းအားေကာင္းေနေၾကာင္း သိရသည္။

“အခုရက္ပိုင္းက နည္းနည္းေလးလည္းေအးလာေတာ့ အေႏြး ထည္ေတြကပိုၿပီး အဝယ္လိုက္တာေပါ့။ ေဈးကေတာ့ အခုအခ်ိန္မွာ အထူေတြက အနည္းဆုံး (၅၅၀၀)ကေန‌၊ အမ်ားဆုံး (၁၅၀၀၀)အထိ ေရာင္‌ေပးေနပါတယ္။ အရင္လေတြထက္စာရင္ ဒီလမွာအဝယ္ပိုမ်ားလာပါတယ္။ ေတာ္ေတာ္ ေရာင္းရတယ္။ တစ္ရက္ကိုခါတိုင္းထက္(၄)(၅)သိန္းေလာက္ကို ပိုေရာင္းရတယ္။ စေန၊ တနဂၤေႏြမွာေတာ့ ပိုၿပီးေရာင္းရတာေပါ့။ ေရာင္းအားလည္း ေကာင္းေနပါတယ္”ဟု အထက္ပါပင္ရင္းဆိုင္ႀကီးမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ေဘထုပ္ဆိုင္မ်ားအေနျဖင့္ ၿပီးခဲ့သည့္လမ်ားတြင္လည္း ေရာင္းအားေကာင္းခဲ့ေသာ္လည္း လက္ရွိဇန္နဝါရီလသည္ ပို၍ေရာင္းအားေကာင္းေနၿပီး တစ္ရက္လွ်င္ ယခင္ထက္ (၅)သိန္း ဖိုးခန႔္ ပို၍ေရာင္းေနရေၾကာင္း သိရသည္။

“အရင္ကေတာ့ brand ေတြဘာေတြ ဝယ္ဝတ္ျဖစ္တယ္။ အခုကက်ေတာ့ ကုန္ေဈးႏႈန္းေတြကလည္းတက္လာတာရယ္။ ရတဲ့လစာရယ္နဲ႔က ဘယ္လိုမွ အဆင္မေျပေတာ့ ေဘလ္ထုတ္ပဲဝယ္ျဖစ္ေတာ့တယ္။ ေဈးလည္းမႀကီးဘူး ဝတ္ရတာလည္းအဆင္ ေျပပါတယ္။ အဲဒီလိုမ်ိဳးက ကိုယ္တစ္ေယာက္ထဲမဟုတ္ဘူး။ ေတာ္ေတာ္မ်ားမ်ားရွိၾကတယ္။ တခ်ိဳ႕ဆိုင္ေတြဆို ဝယ္တဲ့သူႀကိတ္ႀကိတ္တိုးေနတာပဲ”ဟု ရန္ကုန္ၿမိဳ႕တြင္ ေနထိုင္သူ တစ္ဦးက ေျပာသည္။

လက္ရွိကာလတြင္ ျမင့္တက္လာသည့္ ကုန္ေဈးႏႈန္းမ်ားႏွင့္ စီးပြားေရးအဆင္မေျပမႈမ်ားေၾကာင့္ ျပည္သူမ်ားအေနျဖင့္ Brand အဝတ္အစားမ်ားကို ဝယ္ယူျခင္းထက္ ေဈးႏႈန္းသင့္တင့္သည့္ ေဘထုပ္ထည္မ်ားကိုသာ ‌ေ႐ြးခ်ယ္ဝယ္ယူမႈ မ်ားျပားလ်က္ရွိသည္။

Related news

© 2021. All rights reserved.