မင်္ဂလာဒုံမြို့နယ်ရှိ စက်မှုဇုန်အချို့၌ မနက်ဖြန် ယာယီဓာတ်အားပြတ်တောက်မည်

 1094

ယွန်း (NP News) - ဇန်နဝါရီ ၁၁

မင်္ဂလာဒုံမြို့နယ်ရှိ စက်မှုဇုန်အချို့တွင် မနက်ဖြန်(ဇန်နဝါရီလ ၁၂ ရက်)၌ ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက အသိပေးထုတ်ပြန်ထားသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) က ယနေ့(ဇန်နဝါရီလ ၁၁ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

230kV အရှေ့ဒဂုံ-လှော်ကားဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းတွင် Mono Pole Tower တိုင်ထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည့်အတွက် အဆိုပါဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် 33kV လှော်ကား- ပုလဲ(၁)၊ (၂) လိုင်းအား နံနက်(၉)နာရီ မှ နေ့လည်(၁)နာရီအထိ ဓာတ်အားပိတ်၍ လုပ်ငန်းများဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါလုပ်ငန်းစဥ်ဆောင်ရွက်နေစဥ်အတွင်း ထောက်ကြန့်မြို့နယ်၏ ရပ်ကွက်နေရာအချို့ နှင့် မင်္ဂလာဒုံမြို့နယ်၏ စက်မှုဇုန်အချို့တွင် ယာယီဓာတ်အားပြတ်တောက်နိုင်ကြောင်း YESC ကထုတ်ပြန်ထားသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်တောက်သည့် ဧရိယာလျော့နည်းစေရေးကိုလည်း အလေးထားသွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
မဂၤလာဒုံၿမိဳ႕နယ္ရွိ စက္မႈဇုန္အခ်ိဳ႕၌ မနက္ျဖန္ ယာယီဓာတ္အားျပတ္ေတာက္မည္

ယြန္း (NP News) - ဇန္နဝါရီ ၁၁

မဂၤလာဒုံၿမိဳ႕နယ္ရွိ စက္မႈဇုန္အခ်ိဳ႕တြင္ မနက္ျဖန္(ဇန္နဝါရီလ ၁၂ ရက္)၌ ယာယီဓာတ္အားျပတ္ေတာက္မည္ျဖစ္ေၾကာင္း ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရး ေကာ္ပိုေရးရွင္းက အသိေပးထုတ္ျပန္ထားသည္။

ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္း(YESC) က ယေန႔(ဇန္နဝါရီလ ၁၁ ရက္)တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။

230kV အေရွ႕ဒဂုံ-ေလွာ္ကားဓာတ္အားလိုင္း တည္ေဆာက္ျခင္းလုပ္ငန္းတြင္ Mono Pole Tower တိုင္ေထာင္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္မည္ျဖစ္သည့္အတြက္ အဆိုပါဓာတ္အားလိုင္းႏွင့္ မလြတ္ကင္းသည့္ 33kV ေလွာ္ကား- ပုလဲ(၁)၊ (၂) လိုင္းအား နံနက္(၉)နာရီ မွ ေန႔လည္(၁)နာရီအထိ ဓာတ္အားပိတ္၍ လုပ္ငန္းမ်ားေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ အဆိုပါလုပ္ငန္းစဥ္ေဆာင္႐ြက္ေနစဥ္အတြင္း ေထာက္ၾကန႔္ၿမိဳ႕နယ္၏ ရပ္ကြက္ေနရာအခ်ိဳ႕ ႏွင့္ မဂၤလာဒုံၿမိဳ႕နယ္၏ စက္မႈဇုန္အခ်ိဳ႕တြင္ ယာယီဓာတ္အားျပတ္ေတာက္ႏိုင္ေၾကာင္း YESC ကထုတ္ျပန္ထားသည္။

ထိုသို႔ေဆာင္႐ြက္ရာတြင္ ဓာတ္အားျပတ္ေတာက္ခ်ိန္ ၾကာျမင့္မႈမရွိေစေရး၊ ဓာတ္အားျပတ္ေတာက္သည့္ ဧရိယာေလ်ာ့နည္းေစေရးကိုလည္း အေလးထားသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.