ထောင်ကဲကြီး မျက်နှာဖုံးကွာကျခြင်း နှင့် ကိုယ့်သမိုင်းကိုယ်ရေးနေကြသူများ (ဘာသာပြန်ဆောင်းပါး)

 3452

Htay Oung (NP News) - ဇန်နဝါရီ ၁၂

လွန်ခဲ့တဲ့ ဇန်နဝါရီ ၇၊ ၈၊ ၉ ရက်နေ့ ကူမင်းမြို့ နစကနဲ့ မြောက်ပိုင်း ၃ ဖွဲ့ ဆွေးနွေးပွဲ ပျက်ခဲ့ပါတယ်။ ကိုးကန့်ဒေသ ရှမ်းပြည်နယ် အမှတ်(၁) အထူးဒေဟာ ယခင်အတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ပြည်ထောင်စုလက်အောက် ပြန်လည်နေရေးကို သဘောမတူနိုင်ခြင်းက အဓိကအချက်ဖြစ်တယ်လို့ ကြားရပေမယ့် ဟုတ်/မဟုတ် အတည်မပြုနိုင်ပါ။

ဒီနေရာမှာ သမာသမတ်ကျကျကြားဝင်ဖြန်ဖြေသူအဖြစ် နိုင်ငံတကာမှာ မျက်နှာဖုံးစွပ်ပြထားတဲ့နဂါးကြီးရဲ့ မျက်နှာဖုံးကွာကျသွားပြီး တပ်မတော် ဖျက်သိမ်းဖို့အထိ ရည်ရွယ်ထားကြောင်း ထင်ထင်ရှားရှား အစွယ်ထုတ်ပြ လာတယ်။ မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့ သိုသိပ်နေရာက ကိုင်ကောင်တွေ ထပ်တိုးပြီး သူ့ဇာတ်ညွှန်းအတိုင်း မ၀င်/ဝင်အောင် အတိအလင်း ဖန်တီးလာပါတယ်။

မြန်မာပြည်တွင်းမှာ ထောင်ကဲကြီး ထည့်ထားတဲ့ ကင်ဆာအနာနဲ့ Proxy ဖြစ်ကြောင်း ကမ္ဘာသိနေကြတဲ့ UWSA က ဟိုပန်၊ ပန်လုံဒေသနှစ်ခုကို မြောက် ၃ ဖွဲ့ထံမှ လွဲအပ်ယူခြင်းဖြင့် သေနတ်တစ်ချက်မှ မဖောက်ရပဲ အနိုင်ရသွား တယ်။ တစ်နည်းအားဖြင့် သံလွင်မြစ်အရှေ့ခြမ်းဟာ မြန်မာပြည်မြေပုံထဲမှာ မရှိတော့ကြောင်း ကြေညာလိုက်ပါ တယ်။

ကျန် ရှမ်းမြောက်ဒေသမှာ မူဆယ်ကို မြို့နေရာလောက် ကွက်ကွက်လေးထားပြီး နယ်စပ်ကုန်သွယ်ရေး အသက် သွေးကြော ပြည်ထောင်စုလမ်းမကြီးနဲ့ တရုတ်ပိုက်လိုင်းတလျောက်မှာ TNLA ၊ SSPP တို့က စိုးမိုးထားတယ်။ နိုင်ငံခြားသားလို့ မှတ်ယူရသူများကို လက်နက်ကိုင်အစောင့်အရှောက်နဲ့ တွေ့မြင်နေရကြောင်း ဒေသခံများထံမှ သိရှိရတယ်။ အဲဒီဒေသဟာ စစ်ကိုင်းတိုင်း ဝင်-ထွက်ပေါက် မဘိမ်း၊ ကချင်ပြည်နယ် ရွှေကူ-မံစီတို့နဲ့ လမ်းကြောင်း သင့်ပါတယ်။

မန္တလေးတိုင်း တပ်မြို့ ပြင်ဦးလွင်နဲ့ ထိစပ်နေပြီး ၁၅ မိုင်သာ ဝေးတဲ့ သံဘိုစခန်းကို ဘတစ်ပြန် ကျားတစ်ပြန် သိမ်းယူနေကြပြီး၊ နောင်ချို-ဂုတ်တွင်း-ကျောက်မဲ-သီပေါ လမ်းတလျှောက် ပစ်ခတ်နှောင့်ယှက်မှုများ ရှိနေတယ်။
ရှမ်းမြောက် အလယ်ပိုင်း ကွတ်ခိုင်- သိန္နီကျသွားပြီးနောက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တည်ရာ လာရှိုး အပေါ် ခြိမ်းခြောက်မှုပိုများလာတယ်။

နောက်ဆက်တွဲ အန္တရာယ်များတာက ဝ ၊ မိုင်းလားတို့နဲ့ အနီးဆုံး ရှမ်းအရှေ့ ကျိုင်းတုံ တြိဂံတိုင်း စစ်ဌာနချုပ် (တသခ) ဖြစ်ပါတယ်။ ရမခ ဖြစ်စေ တသခကို တိုက်ခိုက်သည်ဖြစ်စေ မတိုက်ခိုက်ဖြစ်စေ မြေပြင်စစ်ကူနဲ့ ဆက်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်ဖို့အတွက် မိုင်းမော-တန့်ယန်း-မိုင်းရယ်တို့ဟာ အရေးပါလာတယ်။ အထူးသဖြင့် သံလွင်မြစ်ဖြတ် တာကောအက်တံတားဟာ သူတို့အတွက် အရေးကြီးတယ်။

ရှမ်းမြောက် အောက်ပိုင်းအစပ်ဟာ SSPP နဲ့ RCSS တို့ နယ်မြေလုနေကြပြီး အထက်ပိုင်းမှာလည်း TNLA ကိုယ်တိုင် KIA နဲ့ နယ်မြေပိုင်ဆိုင်မှု အရှုပ်အထွေးရှိနေတယ်။ ရှမ်းတောင်ပိုင်းမှာတော့ ပအို့ဝ်အမျိုးသားတပ် PNA တို့ ရှိနေပါ တယ်။

၁ဝ၂၇ ရှမ်းမြောက်စစ်ရေးကိစ္စမှာ တရုတ်စကားပြော ဘိန်းသူပုန်တွေလက်ထဲ ပြည်ထောင်စုနယ်မြေ ဖဲ့ပေးဖို့ အတွက် ရခိုင် AA နဲ့ အညာ PDFs တို့ ဘာ့ကြောင့် အလိုတူအလိုပါ ပူးပေါင်းခဲ့တာ ယခုထိ စဉ်းစားမရပါ။
အဖြစ်နိုင်ဆုံးက ထောင်ကဲကြီး အရှိန်အဝါအောက်မှာ သီးခြားကိုယ်ပိုင်နယ်မြေထူထောင်ရေးဖြစ်လိမ့်မယ်။
အဲဒါဆို ပြည်ထောင်စုပြိုကွဲခြင်းအပြင် ကချင်-ချင်း-ရခိုင်-စစ်ကိုင်းတိုင်းတို့နဲ့ထ်ိစပ်နေတဲ့ ဘာဘူကြီးနဲ့ ခါလာကြီးတို့ အိပ်ယာအောက် ရေဝင်အောင်ဖန်တီးခြင်းဖြစ်သွားပါတယ်။

တစ်ဆက်တည်း ကချင်ပြည်နယ်အနောက်ဘက် အာရူနာချယ်ပရာဒက်ရှ်ပြည်နယ် နယ်နိမိတ်အငြင်းပွားမှုမှာ ရေခဲဖုံး ဟိမ၀န္တာမိုးထ်ိတောင်တန်းတွေကို ဖြတ်ကျော်လာစရာမလိုကြောင်း ဘာဘူကြီးထံ ထောင်ကဲက သတင်း ပေးလိုက်ခြင်းဖြစ်နေပါတယ်။

စဉ်းစားစရာရှိတာက ၁ဝ၂၇ မှာ ငပွကြီးနဲ့ အနောက်အုပ်စုငြိမ်သက်ပြီး အကဲခတ်နေသယောင် ရှိတာကလွဲရင် သံတမန်ရေး ထောက်ခံတယ်လို့ မတွေ့ရခြင်းပါ။

NUG ဟာ ယခင်ကတည်းက အနောက်ယိမ်း-မယိမ်း အနောက်အုပ်စုရဲ့ Proxy ဟုတ်-မဟုတ် အမေရိကန် ကွန်ဂရက်က Burma Act ကို NDAA ထဲ ထည့်ပြီး ငွေကြေးထောက်ပံ့ဖို့အထိ ဥပဒေပြဌာန်းတာကို ကြည့်ကြပေါ့၊ တရုတ်နဲ့ညှိနှိုင်းမယ်လို့ NUG ရဲ့ လေသံပေးလာခြင်းကို ထောင်ကဲက ယုံကြည်စရာ မရှိ၊ ခိုင်းစားလို့ရမယ့်နေရာမှာ သာ အသုံးချသွားဖွယ်ရှိပါတယ်။

NUG ကို အစိုးရအဖွဲ့အစည်းအဖြစ် အမေရိကန် အပါအဝင် ဘယ်တိုင်းပြည်မှ အသိအမှတ်ပြုထားခြင်း မရှိပါ။ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး အဖွဲ့အစည်းတစ်ရပ်အနေနဲ့သာ ဆက်ဆံနေကြခြင်းဖြစ်ပါတယ်။

AA ဟာ အာဆီယံတိုင်းပြည်များမှာ စိတ်ကြွဆေး ဆက်နွယ်တဲ့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်နေပြီး ကျန် UWSA ၊ MNDAA ၊ TNLA တို့ဟာ လက်နက်ကိုင်မူးယစ်ဆေးကုန်ကူးသူများဖြစ်ကြောင်း ကမ္ဘာသိဖြစ်နေပါတယ်။
မြန်မာနိုင်ငံမြေပုံထဲက တရုတ်စကားပြော ဘိန်းသူပုန်တွေ နယ်မြေဖဲ့ယူသွားတာကို ဒီမိုကရေစီ ရတယ်ထင်နေရင် တော့ ကိုယ့်သမိုင်း ကိုယ်ရေးကြပေါ့။

ဒါပေမယ့် နိုင်ငံတစ်နိုင်ငံရဲ့ကာကွယ်ရေးအင်စတီကျူးရှင်း ပြိုလဲရင် အဲဒီလူ့အဖွဲ့အစည်း ဘာတွေဖြစ်တတ်တယ် ဆိုတာ လစ်ဗျားနဲ့ အီရတ်ရဲ့အဖြစ်အပျက်က ဒီနေ့အထိ သက်သေပြနေပါတယ်။
နိုင်ငံ လုံခြုံရေးပျက်ပြားပြီး နယ်မြေအစိတ်စိတ်အမွှာမွှာဖြစ်ခဲ့ရင် ပြန်လည်ထူထောင်ဖို့ဆိုတာ PUBG ဂိမ်းကစား ခြင်း နဲ့ လုံး၀မတူကြောင်း ဆီးရီးယား-ယီမင်-အာဖဂန်နဲ့ ဆူဒန်မှာလည်း တွေ့နိုင်ပါတယ်။

ထောင်ကဲကတော့ တပ်မတော် အပြီးတိုင်ဖျက်သိမ်းရေး အတိအလင်း အစွယ်ထုတ်ပြနေပါပြီ။
ဗီယက်နမ်၊ ကမ္ဘောဒီးယားမှာ အကျင့်ပျက်အစိုးရအရာရှိတွေကြောင့် ကျားဖြန့်တင်ကျယ်နေခြင်းကို တိုက်ဖျက်ရေး ဆောင်ရွက်ခဲ့ပေမယ့် ဒီနိုင်ငံမှာတော့ တိုင်းပြည်ဖြိုခွဲရေးဖြစ်နေပါတယ်။
အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက် ပထဝီနိုင်ငံရေး မဟာဗျူဟာမြောက်နိုင်ငံမှာ ပြည်တွင်း စီမံခန့်ခွဲမှု အလွဲမှားဆုံး အားနည်းချက် အများဆုံးအချိန်အခါကို စိတ်ရှည်လက် ဖန်တီး အကွက်ချသွားတယ်လို့ မြင်ပါတယ်။

အစဉ်လေးစားစွာဖြင့်
#HtayOung, #OungMarine

Zawgyi Version;
ေထာင္ကဲႀကီး မ်က္ႏွာဖုံးကြာက်ျခင္း ႏွင့္ ကိုယ့္သမိုင္းကိုယ္ေရးေနၾကသူမ်ား (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - ဇန္နဝါရီ ၁၂

လြန္ခဲ့တဲ့ ဇန္နဝါရီ ၇၊ ၈၊ ၉ ရက္ေန႔ ကူမင္းၿမိဳ႕ နစကနဲ႔ ေျမာက္ပိုင္း ၃ ဖြဲ႕ ေဆြးေႏြးပြဲ ပ်က္ခဲ့ပါတယ္။ ကိုးကန္႔ေဒသ ရွမ္းျပည္နယ္ အမွတ္(၁) အထူးေဒဟာ ယခင္အတိုင္း ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္နဲ႔ ျပည္ေထာင္စုလက္ေအာက္ ျပန္လည္ေနေရးကို သေဘာမတူႏိုင္ျခင္းက အဓိကအခ်က္ျဖစ္တယ္လို႔ ၾကားရေပမယ့္ ဟုတ္/မဟုတ္ အတည္မျပဳႏိုင္ပါ။

ဒီေနရာမွာ သမာသမတ္က်က်ၾကားဝင္ျဖန္ေျဖသူအျဖစ္ ႏိုင္ငံတကာမွာ မ်က္ႏွာဖုံးစြပ္ျပထားတဲ့နဂါးႀကီးရဲ႕ မ်က္ႏွာဖုံးကြာက်သြားၿပီး တပ္မေတာ္ ဖ်က္သိမ္းဖို႔အထိ ရည္႐ြယ္ထားေၾကာင္း ထင္ထင္ရွားရွား အစြယ္ထုတ္ျပ လာတယ္။ မီးစတစ္ဖက္ ေရမႈတ္တစ္ဖက္နဲ႔ သိုသိပ္ေနရာက ကိုင္ေကာင္ေတြ ထပ္တိုးၿပီး သူ႔ဇာတ္ၫႊန္းအတိုင္း မ၀င္/ဝင္ေအာင္ အတိအလင္း ဖန္တီးလာပါတယ္။

ျမန္မာျပည္တြင္းမွာ ေထာင္ကဲႀကီး ထည့္ထားတဲ့ ကင္ဆာအနာနဲ႔ Proxy ျဖစ္ေၾကာင္း ကမာၻသိေနၾကတဲ့ UWSA က ဟိုပန္၊ ပန္လုံေဒသႏွစ္ခုကို ေျမာက္ ၃ ဖြဲ႕ထံမွ လြဲအပ္ယူျခင္းျဖင့္ ေသနတ္တစ္ခ်က္မွ မေဖာက္ရပဲ အႏိုင္ရသြား တယ္။ တစ္နည္းအားျဖင့္ သံလြင္ျမစ္အေရွ႕ျခမ္းဟာ ျမန္မာျပည္ေျမပုံထဲမွာ မရွိေတာ့ေၾကာင္း ေၾကညာလိုက္ပါ တယ္။

က်န္ ရွမ္းေျမာက္ေဒသမွာ မူဆယ္ကို ၿမိဳ႕ေနရာေလာက္ ကြက္ကြက္ေလးထားၿပီး နယ္စပ္ကုန္သြယ္ေရး အသက္ ေသြးေၾကာ ျပည္ေထာင္စုလမ္းမႀကီးနဲ႔ တ႐ုတ္ပိုက္လိုင္းတေလ်ာက္မွာ TNLA ၊ SSPP တို႔က စိုးမိုးထားတယ္။ ႏိုင္ငံျခားသားလို႔ မွတ္ယူရသူမ်ားကို လက္နက္ကိုင္အေစာင့္အေရွာက္နဲ႔ ေတြ႕ျမင္ေနရေၾကာင္း ေဒသခံမ်ားထံမွ သိရွိရတယ္။ အဲဒီေဒသဟာ စစ္ကိုင္းတိုင္း ဝင္-ထြက္ေပါက္ မဘိမ္း၊ ကခ်င္ျပည္နယ္ ေ႐ႊကူ-မံစီတို႔နဲ႔ လမ္းေၾကာင္း သင့္ပါတယ္။

မႏၲေလးတိုင္း တပ္ၿမိဳ႕ ျပင္ဦးလြင္နဲ႔ ထိစပ္ေနၿပီး ၁၅ မိုင္သာ ေဝးတဲ့ သံဘိုစခန္းကို ဘတစ္ျပန္ က်ားတစ္ျပန္ သိမ္းယူေနၾကၿပီး၊ ေနာင္ခ်ိဳ-ဂုတ္တြင္း-ေက်ာက္မဲ-သီေပါ လမ္းတေလွ်ာက္ ပစ္ခတ္ေႏွာင့္ယွက္မႈမ်ား ရွိေနတယ္။
ရွမ္းေျမာက္ အလယ္ပိုင္း ကြတ္ခိုင္- သိႏၷီက်သြားၿပီးေနာက္ အေရွ႕ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ (ရမခ) တည္ရာ လာရႈိး အေပၚ ၿခိမ္းေျခာက္မႈပိုမ်ားလာတယ္။

ေနာက္ဆက္တြဲ အႏၲရာယ္မ်ားတာက ဝ ၊ မိုင္းလားတို႔နဲ႔ အနီးဆုံး ရွမ္းအေရွ႕ က်ိဳင္းတုံ ႀတိဂံတိုင္း စစ္ဌာနခ်ဳပ္ (တသခ) ျဖစ္ပါတယ္။ ရမခ ျဖစ္ေစ တသခကို တိုက္ခိုက္သည္ျဖစ္ေစ မတိုက္ခိုက္ျဖစ္ေစ ေျမျပင္စစ္ကူနဲ႔ ဆက္သြယ္ေရးလမ္းေၾကာင္း ျဖတ္ေတာက္ဖို႔အတြက္ မိုင္းေမာ-တန္႔ယန္း-မိုင္းရယ္တို႔ဟာ အေရးပါလာတယ္။ အထူးသျဖင့္ သံလြင္ျမစ္ျဖတ္ တာေကာအက္တံတားဟာ သူတို႔အတြက္ အေရးႀကီးတယ္။

ရွမ္းေျမာက္ ေအာက္ပိုင္းအစပ္ဟာ SSPP နဲ႔ RCSS တို႔ နယ္ေျမလုေနၾကၿပီး အထက္ပိုင္းမွာလည္း TNLA ကိုယ္တိုင္ KIA နဲ႔ နယ္ေျမပိုင္ဆိုင္မႈ အရႈပ္အေထြးရွိေနတယ္။ ရွမ္းေတာင္ပိုင္းမွာေတာ့ ပအို႔ဝ္အမ်ိဳးသားတပ္ PNA တို႔ ရွိေနပါ တယ္။

၁ဝ၂၇ ရွမ္းေျမာက္စစ္ေရးကိစၥမွာ တ႐ုတ္စကားေျပာ ဘိန္းသူပုန္ေတြလက္ထဲ ျပည္ေထာင္စုနယ္ေျမ ဖဲ့ေပးဖို႔ အတြက္ ရခိုင္ AA နဲ႔ အညာ PDFs တို႔ ဘာ့ေၾကာင့္ အလိုတူအလိုပါ ပူးေပါင္းခဲ့တာ ယခုထိ စဥ္းစားမရပါ။
အျဖစ္ႏိုင္ဆုံးက ေထာင္ကဲႀကီး အရွိန္အဝါေအာက္မွာ သီးျခားကိုယ္ပိုင္နယ္ေျမထူေထာင္ေရးျဖစ္လိမ့္မယ္။
အဲဒါဆို ျပည္ေထာင္စုၿပိဳကြဲျခင္းအျပင္ ကခ်င္-ခ်င္း-ရခိုင္-စစ္ကိုင္းတိုင္းတို႔နဲ႔ထ္ိစပ္ေနတဲ့ ဘာဘူႀကီးနဲ႔ ခါလာႀကီးတို႔ အိပ္ယာေအာက္ ေရဝင္ေအာင္ဖန္တီးျခင္းျဖစ္သြားပါတယ္။

တစ္ဆက္တည္း ကခ်င္ျပည္နယ္အေနာက္ဘက္ အာ႐ူနာခ်ယ္ပရာဒက္ရွ္ျပည္နယ္ နယ္နိမိတ္အျငင္းပြားမႈမွာ ေရခဲဖုံး ဟိမ၀ႏၲာမိုးထ္ိေတာင္တန္းေတြကို ျဖတ္ေက်ာ္လာစရာမလိုေၾကာင္း ဘာဘူႀကီးထံ ေထာင္ကဲက သတင္း ေပးလိုက္ျခင္းျဖစ္ေနပါတယ္။

စဥ္းစားစရာရွိတာက ၁ဝ၂၇ မွာ ငပြႀကီးနဲ႔ အေနာက္အုပ္စုၿငိမ္သက္ၿပီး အကဲခတ္ေနသေယာင္ ရွိတာကလြဲရင္ သံတမန္ေရး ေထာက္ခံတယ္လို႔ မေတြ႕ရျခင္းပါ။

NUG ဟာ ယခင္ကတည္းက အေနာက္ယိမ္း-မယိမ္း အေနာက္အုပ္စုရဲ႕ Proxy ဟုတ္-မဟုတ္ အေမရိကန္ ကြန္ဂရက္က Burma Act ကို NDAA ထဲ ထည့္ၿပီး ေငြေၾကးေထာက္ပံ့ဖို႔အထိ ဥပေဒျပဌာန္းတာကို ၾကည့္ၾကေပါ့၊ တ႐ုတ္နဲ႔ညႇိႏႈိင္းမယ္လို႔ NUG ရဲ႕ ေလသံေပးလာျခင္းကို ေထာင္ကဲက ယုံၾကည္စရာ မရွိ၊ ခိုင္းစားလို႔ရမယ့္ေနရာမွာ သာ အသုံးခ်သြားဖြယ္ရွိပါတယ္။

NUG ကို အစိုးရအဖြဲ႕အစည္းအျဖစ္ အေမရိကန္ အပါအဝင္ ဘယ္တိုင္းျပည္မွ အသိအမွတ္ျပဳထားျခင္း မရွိပါ။ လူ႔အခြင့္အေရး၊ ဒီမိုကေရစီအေရး အဖြဲ႕အစည္းတစ္ရပ္အေနနဲ႔သာ ဆက္ဆံေနၾကျခင္းျဖစ္ပါတယ္။

AA ဟာ အာဆီယံတိုင္းျပည္မ်ားမွာ စိတ္ႂကြေဆး ဆက္ႏြယ္တဲ့ အၾကမ္းဖက္အဖြဲ႕အစည္းျဖစ္ေနၿပီး က်န္ UWSA ၊ MNDAA ၊ TNLA တို႔ဟာ လက္နက္ကိုင္မူးယစ္ေဆးကုန္ကူးသူမ်ားျဖစ္ေၾကာင္း ကမာၻသိျဖစ္ေနပါတယ္။
ျမန္မာႏိုင္ငံေျမပုံထဲက တ႐ုတ္စကားေျပာ ဘိန္းသူပုန္ေတြ နယ္ေျမဖဲ့ယူသြားတာကို ဒီမိုကေရစီ ရတယ္ထင္ေနရင္ ေတာ့ ကိုယ့္သမိုင္း ကိုယ္ေရးၾကေပါ့။

ဒါေပမယ့္ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ကာကြယ္ေရးအင္စတီက်ဴးရွင္း ၿပိဳလဲရင္ အဲဒီလူ႔အဖြဲ႕အစည္း ဘာေတြျဖစ္တတ္တယ္ ဆိုတာ လစ္ဗ်ားနဲ႔ အီရတ္ရဲ႕အျဖစ္အပ်က္က ဒီေန႔အထိ သက္ေသျပေနပါတယ္။
ႏိုင္ငံ လုံၿခဳံေရးပ်က္ျပားၿပီး နယ္ေျမအစိတ္စိတ္အမႊာမႊာျဖစ္ခဲ့ရင္ ျပန္လည္ထူေထာင္ဖို႔ဆိုတာ PUBG ဂိမ္းကစား ျခင္း နဲ႔ လုံး၀မတူေၾကာင္း ဆီးရီးယား-ယီမင္-အာဖဂန္နဲ႔ ဆူဒန္မွာလည္း ေတြ႕ႏိုင္ပါတယ္။

ေထာင္ကဲကေတာ့ တပ္မေတာ္ အၿပီးတိုင္ဖ်က္သိမ္းေရး အတိအလင္း အစြယ္ထုတ္ျပေနပါၿပီ။
ဗီယက္နမ္၊ ကေမာၻဒီးယားမွာ အက်င့္ပ်က္အစိုးရအရာရွိေတြေၾကာင့္ က်ားျဖန္႔တင္က်ယ္ေနျခင္းကို တိုက္ဖ်က္ေရး ေဆာင္႐ြက္ခဲ့ေပမယ့္ ဒီႏိုင္ငံမွာေတာ့ တိုင္းျပည္ၿဖိဳခြဲေရးျဖစ္ေနပါတယ္။
အိႏၵိယသမုဒၵရာ ထြက္ေပါက္ ပထဝီႏိုင္ငံေရး မဟာဗ်ဴဟာေျမာက္ႏိုင္ငံမွာ ျပည္တြင္း စီမံခန္႔ခြဲမႈ အလြဲမွားဆုံး အားနည္းခ်က္ အမ်ားဆုံးအခ်ိန္အခါကို စိတ္ရွည္လက္ ဖန္တီး အကြက္ခ်သြားတယ္လို႔ ျမင္ပါတယ္။

အစဥ္ေလးစားစြာျဖင့္
#HtayOung, #OungMarine

Related news

© 2021. All rights reserved.