ကျောက်ဆည်မြို့ရှိ ရွှေဆိုင်(၂)ဆိုင်မှ ကျပ်သိန်း(၂ဝဝဝ)ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများကို လက်နက်ကိုင်ဆောင်ထားသည့် လူ(၅)ဦးက ဓားပြတိုက်ယူဆောင်သွား

1028
ကျော်(NP News) - ဇန်နဝါရီ ၁၂
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက်ရှိ ရွှေဆိုင်(၂) ဆိုင်မှ ငွေကျပ်သိန်း(၂ဝဝဝ)ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများကို လက်နက်များကိုင်ဆောင်ထားသည့် အမျိုးသား(၅)ဦးက ဓားပြတိုက်ယူဆောင်သွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်)၊ မွန်းတည့် ၁၂ နာရီခန့်က ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက်ရှိ မြို့မစျေးအပြင်ဘက် အရှေ့ဘက်တန်းတွင်ဖွင့်လှစ်ထားသော ရွှေဆိုင်(၂)ဆိုင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့မစျေးအပြင်ဘက်အရှေ့ဘက်တန်း၌ဖွင့်လှစ်ထားသော ဦးသန်းထွန်း ပိုင်ဆိုင်သည့် ရွှေပန်းထိန်နှင့်ရွှေဆိုင်၊ ဦးသန်းနိုင် ပိုင်ဆိုင်သည့် ရွှေပန်းထိန်နှင့်ရွှေဆိုင်တို့သို့ လက်နက်များကိုင်ဆောင်ထားသည့် အမျိုးသား(၅)ဦးရောက်ရှိလာခဲ့ကြောင်း သိရသည်။
"သူတို့ ၅ ယောက်က ဆိုင်ကယ်တွေနဲ့ရောက်လာတာလို့သိရတယ်။ ရောက်လာပြီး သေနတ်ပြခြိမ်းခြောက်တယ်။ နောက် သေနတ်ဒင်တွေ တူတွေနဲ့ရွှေထည်တွေထည့်ထားတဲ့ မှန်ပုံးတွေကိုရိုက်ခွဲ၊ ရွှေထည်ပစ္စည်းတွေယူပြီး ဆိုင်ကယ်တွေနဲ့ပြန်ထွက်သွားကြတယ်။ အနီးနားကလူတွေကလည်း သူတို့မှာသေနတ်တွေပါလာတော့ မလှုပ်ရဲကြဘူးပေါ့"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက NP News ကိုပြောသည်။
လက်နက်ကိုင်အမျိုးသား(၅)ဦးသည် ဦးသန်းထွန်း ပိုင်ဆိုင်သည့် ရွှေပန်းထိန်နှင့်ရွှေဆိုင်မှ ရွှေထည် (၃၀)ကျပ်သားကျော် နှင့် ဦးသန်းနိုင် ပိုင်ဆိုင်သည့် ရွှေပန်းထိန်နှင့်ရွှေဆိုင်မှ ရွှေထည်ပစ္စည်း (၄၀)ကျပ်သားကျော် စုစုပေါင်း ငွေကျပ်သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိ ရွှေထည် ၇၀ ကျပ်သားကျော်အား ဓားပြတိုက်ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။
"လတ်တလော ကျောက်ဆည်မြို့မရဲစခန်းက အမှုဖွင့်ပြီး စစ် ဆေးတာတွေလုပ်နေတယ်။ လုံခြုံရေးအဖွဲ့ဝင်တွေလည်းရောက် လာပြီး စစ်ဆေးတာတွေလုပ်သွားတယ်။ နောက် သူတို့ထွက် ပြေးသွားတဲ့ဘက်တွေကိုလည်း ပိတ်ဆို့စစ်ဆေးတာတွေလုပ်ခဲ့ကြတယ်"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက NP News ကိုပြောသည်။
ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

zawgyi version
ေက်ာက္ဆည္ၿမိဳ႕ရွိ ေ႐ႊဆိုင္(၂)ဆိုင္မွ ေငြက်ပ္သိန္း(၂ဝဝဝ)ေက်ာ္တန္ဖိုးရွိ ေ႐ႊထည္ပစၥည္းမ်ားကို လက္နက္ကိုင္ေဆာင္ထားသည့္ လူ(၅)ဦးက ဓားျပတိုက္ယူေဆာင္သြား
ေက်ာ္(NP News) - ဇန္နဝါရီ ၁၂
မႏၲေလးတိုင္း၊ ေက်ာက္ဆည္ၿမိဳ႕၊ စုႀကီးရပ္ကြက္ရွိ ေ႐ႊဆိုင္(၂) ဆိုင္မွ ေငြက်ပ္သိန္း(၂ဝဝဝ)ေက်ာ္တန္ဖိုးရွိ ေ႐ႊထည္ပစၥည္းမ်ားကို လက္နက္မ်ားကိုင္ေဆာင္ထားသည့္ အမ်ိဳးသား(၅)ဦးက ဓားျပတိုက္ယူေဆာင္သြားခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။
ယမန္ေန႔ (ဇန္နဝါရီလ ၁၁ ရက္)၊ မြန္းတည့္ ၁၂ နာရီခန္႔က ေက်ာက္ဆည္ၿမိဳ႕၊ စုႀကီးရပ္ကြက္ရွိ ၿမိဳ႕မေစ်းအျပင္ဘက္ အေရွ႕ဘက္တန္းတြင္ဖြင့္လွစ္ထားေသာ ေ႐ႊဆိုင္(၂)ဆိုင္၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ၿမိဳ႕မေစ်းအျပင္ဘက္အေရွ႕ဘက္တန္း၌ဖြင့္လွစ္ထားေသာ ဦးသန္းထြန္း ပိုင္ဆိုင္သည့္ ေ႐ႊပန္းထိန္ႏွင့္ေ႐ႊဆိုင္၊ ဦးသန္းႏိုင္ ပိုင္ဆိုင္သည့္ ေ႐ႊပန္းထိန္ႏွင့္ေ႐ႊဆိုင္တို႔သို႔ လက္နက္မ်ားကိုင္ေဆာင္ထားသည့္ အမ်ိဳးသား(၅)ဦးေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။
"သူတို႔ ၅ ေယာက္က ဆိုင္ကယ္ေတြနဲ႔ေရာက္လာတာလို႔သိရတယ္။ ေရာက္လာၿပီး ေသနတ္ျပၿခိမ္းေျခာက္တယ္။ ေနာက္ ေသနတ္ဒင္ေတြ တူေတြနဲ႔ေ႐ႊထည္ေတြထည့္ထားတဲ့ မွန္ပုံးေတြကို႐ိုက္ခြဲ၊ ေ႐ႊထည္ပစၥည္းေတြယူၿပီး ဆိုင္ကယ္ေတြနဲ႔ျပန္ထြက္သြားၾကတယ္။ အနီးနားကလူေတြကလည္း သူတို႔မွာေသနတ္ေတြပါလာေတာ့ မလႈပ္ရဲၾကဘူးေပါ့"ဟု လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးက NP News ကိုေျပာသည္။
လက္နက္ကိုင္အမ်ိဳးသား(၅)ဦးသည္ ဦးသန္းထြန္း ပိုင္ဆိုင္သည့္ ေ႐ႊပန္းထိန္ႏွင့္ေ႐ႊဆိုင္မွ ေ႐ႊထည္ (၃၀)က်ပ္သားေက်ာ္ ႏွင့္ ဦးသန္းႏိုင္ ပိုင္ဆိုင္သည့္ ေ႐ႊပန္းထိန္ႏွင့္ေ႐ႊဆိုင္မွ ေ႐ႊထည္ပစၥည္း (၄၀)က်ပ္သားေက်ာ္ စုစုေပါင္း ေငြက်ပ္သိန္း ၂၀၀၀ ေက်ာ္တန္ဖိုးရွိ ေ႐ႊထည္ ၇၀ က်ပ္သားေက်ာ္အား ဓားျပတိုက္ယူေဆာင္သြားခဲ့ၾကေၾကာင္း သိရသည္။
"လတ္တေလာ ေက်ာက္ဆည္ၿမိဳ႕မရဲစခန္းက အမႈဖြင့္ၿပီး စစ္ ေဆးတာေတြလုပ္ေနတယ္။ လုံၿခဳံေရးအဖြဲ႕ဝင္ေတြလည္းေရာက္ လာၿပီး စစ္ေဆးတာေတြလုပ္သြားတယ္။ ေနာက္ သူတို႔ထြက္ ေျပးသြားတဲ့ဘက္ေတြကိုလည္း ပိတ္ဆို႔စစ္ေဆးတာေတြလုပ္ခဲ့ၾကတယ္"ဟု လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးက NP News ကိုေျပာသည္။
ျဖစ္စဥ္မွ ျပစ္မႈက်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရးႏွင့္ဥပေဒအရထိေရာက္စြာအေရးယူႏိုင္ေရးတို႔အတြက္ စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။