သားဖြစ်သူကို ရှင်ပြုပေးရန် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသား သေဆုံး

7189
စော (NP News) - ဇန်နဝါရီ ၁၂
သားဖြစ်သူကို ရှင်ပြုပေးရန်ရည်ရွယ်ပြီး မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသားတစ်ဦး သည် အရက်အလွန်အကျွံသောက်မိရာမှ သေဆုံးခဲ့ကြောင်း သိရသည်။
နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ-မလေးရှား) က ယမန်နေ့( ဇန်နဝါရီလ ၁၁ ရက်) တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
မလေးရှားနိုင်ငံ၊ Subang မြို့နယ်ရှိ စက်ရုံတစ်ခုတွင် အလုပ်လုပ်နေသည့်မြန်မာအမျိုးသားသည် အရက် အလွန်အကျွံသောက်မိရာမှ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူသည် ကိုတင်ဖြိုးအောင် (၃၈)နှစ်ဖြစ်ပြီး ၎င်း၏ သားဖြစ်သူအား ရှင်ပြုနိုင်ရန်အတွက် မလေးရှားနိုင်ငံသို့ လာရောက်အလုပ်ကိုင်နေသည်မှာ တစ်နှစ်ကျော်ခန့်သာရှိသေးကြောင်း သိရသည်။
အဆိုပါ ကိုတင်ဖြိုးအောင်သည် မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ လေးတိုင်စင်ရွာမှ ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၎င်း၏ ရုပ်အလောင်းကို ယမန်နေ့(ဇန်နဝါရီလ ၁၁ ရက်) တွင် ပူခွန်းမြို့ (၁၄)မိုင် သုဿန်သို့ နှလုံးလှ ပရဟိတအဖွဲ့မှ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Zawgyi Version;
သားျဖစ္သူကို ရွင္ျပဳေပးရန္ မေလးရွားႏိုင္ငံတြင္ အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာအမ်ိဳးသား ေသဆုံး
ေစာ (NP News) - ဇန္နဝါရီ ၁၂
သားျဖစ္သူကို ရွင္ျပဳေပးရန္ရည္႐ြယ္ၿပီး မေလးရွားႏိုင္ငံတြင္ အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာအမ်ိဳးသားတစ္ဦး သည္ အရက္အလြန္အကြၽံေသာက္မိရာမွ ေသဆုံးခဲ့ေၾကာင္း သိရသည္။
ႏွလုံးလွပရဟိတလူငယ္မ်ားေသြးလႉရွင္အဖြဲ႕ (ကြာလာလမ္ပူ-မေလးရွား) က ယမန္ေန႔( ဇန္နဝါရီလ ၁၁ ရက္) တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။
မေလးရွားႏိုင္ငံ၊ Subang ၿမိဳ႕နယ္ရွိ စက္႐ုံတစ္ခုတြင္ အလုပ္လုပ္ေနသည့္ျမန္မာအမ်ိဳးသားသည္ အရက္ အလြန္အကြၽံေသာက္မိရာမွ ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေသဆုံးသူသည္ ကိုတင္ၿဖိဳးေအာင္ (၃၈)ႏွစ္ျဖစ္ၿပီး ၎၏ သားျဖစ္သူအား ရွင္ျပဳႏိုင္ရန္အတြက္ မေလးရွားႏိုင္ငံသို႔ လာေရာက္အလုပ္ကိုင္ေနသည္မွာ တစ္ႏွစ္ေက်ာ္ခန႔္သာရွိေသးေၾကာင္း သိရသည္။
အဆိုပါ ကိုတင္ၿဖိဳးေအာင္သည္ မေကြးတိုင္း၊ ေရနံေခ်ာင္းၿမိဳ႕နယ္၊ ေလးတိုင္စင္႐ြာမွ ျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎၏ ႐ုပ္အေလာင္းကို ယမန္ေန႔(ဇန္နဝါရီလ ၁၁ ရက္) တြင္ ပူခြန္းၿမိဳ႕ (၁၄)မိုင္ သုႆန္သို႔ ႏွလုံးလွ ပရဟိတအဖြဲ႕မွ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။