ကိုရီးယားတက္ကသိုလ်တစ်ခုခုတွင် တက်ရောက်ခွင့်ရရှိထားပြီး အခက်အခဲဖြစ်နေသူများ ပညာသင်ဆု လျှောက်ထားနိုင်ကြောင်း မြန်မာသံရုံး အသိပေး

880
Pearl (NP News) - ဇန်နဝါရီ ၁၂
ကိုရီးယားနိုင်ငံရှိ တက္ကသိုလ်တစ်ခုခုတွင် တက်ရောက်ခွင့်ရရှိထားပြီး အခက်အခဲဖြစ်နေသူများအနေဖြင့် ပညာသင်ဆု လျှောက်ထားနိုင်ကြောင်း ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ယနေ့ (ဇန်နဝါရီလ ၁၂ရက်) တွင် အသိပေးထုတ်ပြန်ထားသည်။

Woojung Education and Culture Foundation မှ ကိုရီးယားနိုင်ငံရှိ တက္ကသိုလ်တစ်ခုခုတွင် ဘွဲ့ကြို၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ (ကိုရီးယားဘာသာစကားသင်တန်းမပါ) တတ်ရောက်ခွင့်ရရှိထားပြီး ကျောင်းလခနှင့် နေထိုင်စရိတ်အခက်အခဲရှိနေသည့် မြန်မာနိုင်ငံသား ကျောင်း သား၊ ကျောင်းသူ (၂)ဦးအတွက် ပညာသင်ဆုကို စိစစ်ရွေးချယ်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ Scholarship Students for the 1st Semester 2024 ပညာသင်ဆုကို စိစစ်ရွေးချယ်ရာတွင် သတ်မှတ်ထားသည့် အရည်အချင်း နှင့် ကိုက်ညီသော လျှောက် ထားလိုသူများသည် စာရွက်စာတမ်းအထောက်အထား တို့အား ပြည့်စုံစွာဖြည့်၍ လာမည့် ဇန်နဝါရီလ (၁၉)ရက်၊ ညနေ(၄)နာရီ နောက်ဆုံးထားလျှောက်ထားနိုင်ကြောင်း သိရသည်။
လျှောက်ထားရာတွင် Myanmar Embassy , Hannam-daero 28-gil 12, Yongsan-gu, Seoul , 04418 သို့ လူကိုယ်တိုင်လာရောက်၍လည်ကောင်း၊ စာတိုက်မှတဆင့် သတ်မှတ်ချိန်အမီ ပေးပို့၍လည်းကောင်း၊ သံရုံး Email – [email protected] သို့ပေးပို့၍ လည်းကောင်း လျှောက်ထားနိုင်ကြောင်း သံရုံးက အသိ ပေးထုတ်ပြန်ထားသည်။
အဆိုပါပညာသင်ဆုကို ယခင်နှစ်များက လက်ခံရရှိပြီးသည့် ကျောင်းသူ၊ကျောင်းသားများ ထပ်မံလျှောက်ထားခြင်း မပြုရန်လည်း သံရုံးက ထည့်သွင်းထုတ်ပြန်ထား သည်။
zawgyi version
ကိုရီးယားတကၠသိုလ္တစ္ခုခုတြင္ တက္ေရာက္ခြင့္ရရွိထားၿပီး အခက္အခဲျဖစ္ေနသူမ်ား ပညာသင္ဆု ေလွ်ာက္ထားႏိုင္ေၾကာင္း ျမန္မာသံ႐ုံး အသိေပး
Pearl (NP News) - ဇန္နဝါရီ ၁၂
ကိုရီးယားႏိုင္ငံရွိ တကၠသိုလ္တစ္ခုခုတြင္ တက္ေရာက္ခြင့္ရရွိထားၿပီး အခက္အခဲျဖစ္ေနသူမ်ားအေနျဖင့္ ပညာသင္ဆု ေလွ်ာက္ထားႏိုင္ေၾကာင္း ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးက ယေန႔ (ဇန္နဝါရီလ ၁၂ရက္) တြင္ အသိေပးထုတ္ျပန္ထားသည္။
Woojung Education and Culture Foundation မွ ကိုရီးယားႏိုင္ငံရွိ တကၠသိုလ္တစ္ခုခုတြင္ ဘြဲ႕ႀကိဳ၊ မဟာဘြဲ႕ႏွင့္ ပါရဂူဘြဲ႕ (ကိုရီးယားဘာသာစကားသင္တန္းမပါ) တတ္ေရာက္ခြင့္ရရွိထားၿပီး ေက်ာင္းလခႏွင့္ ေနထိုင္စရိတ္အခက္အခဲရွိေနသည့္ ျမန္မာႏိုင္ငံသား ေက်ာင္း သား၊ ေက်ာင္းသူ (၂)ဦးအတြက္ ပညာသင္ဆုကို စိစစ္ေ႐ြးခ်ယ္ေပးအပ္မည္ျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ Scholarship Students for the 1st Semester 2024 ပညာသင္ဆုကို စိစစ္ေ႐ြးခ်ယ္ရာတြင္ သတ္မွတ္ထားသည့္ အရည္အခ်င္း ႏွင့္ ကိုက္ညီေသာ ေလွ်ာက္ ထားလိုသူမ်ားသည္ စာ႐ြက္စာတမ္းအေထာက္အထား တို႔အား ျပည့္စုံစြာျဖည့္၍ လာမည့္ ဇန္နဝါရီလ (၁၉)ရက္၊ ညေန(၄)နာရီ ေနာက္ဆုံးထားေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။
ေလွ်ာက္ထားရာတြင္ Myanmar Embassy , Hannam-daero 28-gil 12, Yongsan-gu, Seoul , 04418 သို႔ လူကိုယ္တိုင္လာေရာက္၍လည္ေကာင္း၊ စာတိုက္မွတဆင့္ သတ္မွတ္ခ်ိန္အမီ ေပးပို႔၍လည္းေကာင္း၊ သံ႐ုံး Email – [email protected] သို႔ေပးပို႔၍ လည္းေကာင္း ေလွ်ာက္ထားႏိုင္ေၾကာင္း သံ႐ုံးက အသိ ေပးထုတ္ျပန္ထားသည္။
အဆိုပါပညာသင္ဆုကို ယခင္ႏွစ္မ်ားက လက္ခံရရွိၿပီးသည့္ ေက်ာင္းသူ၊ေက်ာင္းသားမ်ား ထပ္မံေလွ်ာက္ထားျခင္း မျပဳရန္လည္း သံ႐ုံးက ထည့္သြင္းထုတ္ျပန္ထား သည္။