ရုပ်ရှင်ရုံအတွင်း ဖုန်းဖြင့်ဇာတ်ကားများခိုးကူးမှုကို စောင့်ကြည့်၍ ပူးပေါင်းကာကွယ်သွားမည်

 1241

ယွန်း (NP News) - ဇန်နဝါရီ ၁၃

ရုပ်ရှင်ရုံအတွင်း ဖုန်းဖြင့်ဇာတ်ကားများခိုးယူမှုကို စောင့်ကြည့်၍ ပူးပေါင်းကာကွယ်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်က အသိပေးပြောကြားထားသည်။

၎င်းက ဇန်နဝါရီလ ၁၃ ရက်က ရန်ကုန်မြို့ရှိ ရုပ်ရှင်မြှင့်တင်ရေးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့၏ တတိယအကြိမ်အစည်းအဝေးတွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ရုပ်ရှင်ရုံအတွင်း ဖုန်းဖြင့်ဇာတ်ကားများခိုးကူးမှုတွင် စောင့်ကြည့်သွားမည်ဖြစ်ပြီး ရုပ်ရှင်ရုံများမှတာဝန်ရှိသူများနှင့် အနုပညာကို ပုံဖော်ဖန်တီးကြသည့် မူလပိုင်ရှင်များကလည်း ပူးပေါင်းကာကွယ်သွားရမည်ဖြစ်ကြောင်း ဒုဝန်ကြီးက အသိပေးပြောကြားထား သည်။

ထို့ပြင် ရုပ်ရှင်ရုံအတွင်းမှ မြန်မာ့ရုပ်ရှင်များ ခိုးကူးနေမှုကို အများပြည်သူသိရှိနိုင်ရန် ရုပ်ရှင်ရုံအတွင်း အသိ ပညာပေးပြသခြင်းဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး တရားမဝင်ခိုးယူဖြန့်ချိမှုပပျောက်ရန် မတရားမှုများကို ဝိုင်းဝန်းတိုက်ဖျက်သွားမည်ကြောင်း သိရသည်။

အလားတူ ရုပ်ရှင်ဇာတ်ကားများကို ဆင်ဆာမူဝါဒများနှင့်အညီ စိစစ်ဆောင်ရွက်နေကြောင်းလည်း သိရသည်။

ဝန်ကြီးဌာနအနေဖြင့် မြန်မာဇာတ်ကားများကို တရားမဝင်ခိုးယူကာ အွန်လိုင်း၌ ဖြန့်ချီနေသည့် Account နှင့် Group များကိုလည်း စာရင်းပြုစုကာ အရေးယူမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

ထို့ပြင် အနုပညာဖန်တီးမှုများကို တရားမဝင်ခိုးယူဖြန့်ချိခြင်းများအတွက် ထိရောက်စွာဆောင်ရွက်နိုင်ရန် အနုပညာဖန်တီးမှုများအား တရားမဝင် ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့ကို ပြီးခဲ့သည့် မေလက ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

zawgyi version
႐ုပ္ရွင္႐ုံအတြင္း ဖုန္းျဖင့္ဇာတ္ကားမ်ားခိုးကူးမႈကို ေစာင့္ၾကည့္၍ ပူးေပါင္းကာကြယ္သြားမည္

ယြန္း (NP News) - ဇန္နဝါရီ ၁၃

႐ုပ္ရွင္႐ုံအတြင္း ဖုန္းျဖင့္ဇာတ္ကားမ်ားခိုးယူမႈကို ေစာင့္ၾကည့္၍ ပူးေပါင္းကာကြယ္သြားမည္ျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးဦးရဲတင့္က အသိေပးေျပာၾကားထားသည္။

၎က ဇန္နဝါရီလ ၁၃ ရက္က ရန္ကုန္ၿမိဳ႕ရွိ ႐ုပ္ရွင္ျမႇင့္တင္ေရးအစည္းအေဝးခန္းမ၌ က်င္းပခဲ့သည့္ တရားမဝင္ခိုးယူျဖန႔္ခ်ိျခင္းဆိုင္ရာ ကာကြယ္တားဆီးေရးအဖြဲ႕၏ တတိယအႀကိမ္အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။

႐ုပ္ရွင္႐ုံအတြင္း ဖုန္းျဖင့္ဇာတ္ကားမ်ားခိုးကူးမႈတြင္ ေစာင့္ၾကည့္သြားမည္ျဖစ္ၿပီး ႐ုပ္ရွင္႐ုံမ်ားမွတာဝန္ရွိသူမ်ားႏွင့္ အႏုပညာကို ပုံေဖာ္ဖန္တီးၾကသည့္ မူလပိုင္ရွင္မ်ားကလည္း ပူးေပါင္းကာကြယ္သြားရမည္ျဖစ္ေၾကာင္း ဒုဝန္ႀကီးက အသိေပးေျပာၾကားထား သည္။

ထို႔ျပင္ ႐ုပ္ရွင္႐ုံအတြင္းမွ ျမန္မာ့႐ုပ္ရွင္မ်ား ခိုးကူးေနမႈကို အမ်ားျပည္သူသိရွိႏိုင္ရန္ ႐ုပ္ရွင္႐ုံအတြင္း အသိ ပညာေပးျပသျခင္းျဖင့္ ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ၿပီး တရားမဝင္ခိုးယူျဖန႔္ခ်ိမႈပေပ်ာက္ရန္ မတရားမႈမ်ားကို ဝိုင္းဝန္းတိုက္ဖ်က္သြားမည္ေၾကာင္း သိရသည္။

အလားတူ ႐ုပ္ရွင္ဇာတ္ကားမ်ားကို ဆင္ဆာမူဝါဒမ်ားႏွင့္အညီ စိစစ္ေဆာင္႐ြက္ေနေၾကာင္းလည္း သိရသည္။

ဝန္ႀကီးဌာနအေနျဖင့္ ျမန္မာဇာတ္ကားမ်ားကို တရားမဝင္ခိုးယူကာ အြန္လိုင္း၌ ျဖန႔္ခ်ီေနသည့္ Account ႏွင့္ Group မ်ားကိုလည္း စာရင္းျပဳစုကာ အေရးယူမႈမ်ား ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

ထို႔ျပင္ အႏုပညာဖန္တီးမႈမ်ားကို တရားမဝင္ခိုးယူျဖန႔္ခ်ိျခင္းမ်ားအတြက္ ထိေရာက္စြာေဆာင္႐ြက္ႏိုင္ရန္ အႏုပညာဖန္တီးမႈမ်ားအား တရားမဝင္ ခိုးယူျဖန႔္ခ်ိျခင္းဆိုင္ရာ ကာကြယ္တားဆီးေရးအဖြဲ႕ကို ၿပီးခဲ့သည့္ ေမလက ျပင္ဆင္ဖြဲ႕စည္းလိုက္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.