လှိုင်သာယာမြို့နယ်ကို အဆင့်မြှင့်တင်နိုင်ရန်အတွက် Town Plan များရေးဆွဲဆောင်ရွက်ရန် နစကဥက္ကဋ္ဌ တိုက်တွန်း

 4532

ယွန်း (NP News) - ဇန်နဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာမြို့နယ်ကို အဆင့်မြှင့်တင်နိုင်ရန်အတွက် Town Plan များ ရေးဆွဲဆောင်ရွက်ရန် နစကဥက္ကဋ္ဌ ကအသိပေးပြောကြားထားသည်။

နစက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီလ (၁၃)ရက်တွင် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်ကော်မတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များနှင့် MSME လုပ်ငန်းရှင်များအား လှိုင်သာယာ စက်မှုဇုန်ကနောင်ခန်းမ၌ တွေ့ဆုံစဥ် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

လှိုင်သာယာမြို့နယ်ကို အဆင့်မြှင့်တင်ရန်အတွက် မြို့ပြ နှင့် အိမ်ရာစီမံကိန်းများ တည်ဆောက်ရာတွင် Town Plan များရေးဆွဲ၍ စနစ်တကျ ဆောင်ရွက်ရန် နစကဥက္ကဋ္ဌက တိုက်တွန်းပြောကြားထားသည်။

ထို့ပြင် လှိုင်သာယာအရှေ့ပိုင်းတွင် စာသင်ကျောင်းများနည်းပါးနေပြီး ကျောင်းများတည်ဆောက်ရာတွင် ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့်အတိုင်း အားကစားကွင်းများ နှင့် ခန်းမများပါ ထည့်သွင်းတည် ဆောက်ရန် ၎င်းကပြောသည်။

နိုင်ငံ့အနာဂတ်ကောင်းမွန်ရေးအတွက် ပညာရေးကောင်းမွန်ရန်လိုအပ်ခြင်းကြောင့် ကျောင်းများကောင်း မွန်ရန်လိုပြီး ရပ်ကွက်များအလိုက် အခြေခံပညာ ကျောင်းများရှိရန်လိုအပ်သည့်အပြင် အားကစားကွင်းများလည်း ရှိရန်လိုကြောင်း သိရသည်။

ထို့ကြောင့် မြို့ပြစီမံကိန်းနှင့် အိမ်ယာစီမံကိန်းများ တည်ဆောက်ရာ၌ အားကစားကွင်းများ၊ ဈေးနှင့် ကျောင်းများ၊ ဆေးရုံများ ထည့်သွင်းတည်ဆောက်ရန် နစကဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။

စီမံကိန်းများတည်ဆောက်ရာ၌ လယ်ယာစိုက်ပျိုးမြေများ မထိခိုက်စေရန် နှင့် ဈေးများတည်ဆောက်ရာတွင် အဆင့်မီသည့်ဈေးများ၊ Shopping Mall များ တည် ဆောက်ရန်လိုကြောင်း ၎င်းကပြောသည်။

၂၀၂၁-၂၀၂၂ ခုနှစ်တွင် လှိုင်သာယာမြို့နယ်အတွင်းရှိ တရားမဝင်နေထိုင်သူများအား ဥပဒေနှင့်အညီ ဆောင် ရွက်ခဲ့ရာ လက်ရှိတွင်တရားမဝင် ကျူးကျော်နေထိုင်သူများမရှိစေရေး၊ ဥပဒေနှင့်အညီဖြစ်စေရေးနှင့် ပြန်လည်နေရာချထားရေးတို့ကို စီမံဆောင်ရွက်ပေးရေးကို နစကဥက္ကဋ္ဌက ထည့်သွင်းပြောကြားထားသည်။

zawgyi version
လႈိင္သာယာၿမိဳ႕နယ္ကို အဆင့္ျမႇင့္တင္ႏိုင္ရန္အတြက္ Town Plan မ်ား ေရးဆြဲေဆာင္႐ြက္ရန္ နစကဥကၠ႒ တိုက္တြန္း

ယြန္း (NP News) - ဇန္နဝါရီ ၁၄

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ လႈိင္သာယာၿမိဳ႕နယ္ကို အဆင့္ျမႇင့္တင္ႏိုင္ရန္အတြက္ Town Plan မ်ား ေရးဆြဲေဆာင္႐ြက္ရန္ နစကဥကၠ႒ ကအသိေပးေျပာၾကားထား သည္။

နစက ဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဇန္နဝါရီလ (၁၃)ရက္တြင္ ရန္ကုန္တိုင္းအတြင္းရွိ စက္မႈဇုန္ေကာ္မတီဥကၠ႒မ်ား၊ ေကာ္မတီဝင္မ်ားႏွင့္ MSME လုပ္ငန္းရွင္မ်ားအား လႈိင္သာယာ စက္မႈဇုန္ကေနာင္ခန္းမ၌ ေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။

လႈိင္သာယာၿမိဳ႕နယ္ကို အဆင့္ျမႇင့္တင္ရန္အတြက္ ၿမိဳ႕ျပ ႏွင့္ အိမ္ရာစီမံကိန္းမ်ား တည္ေဆာက္ရာတြင္ Town Plan မ်ားေရးဆြဲ၍ စနစ္တက် ေဆာင္႐ြက္ရန္ နစကဥကၠ႒က တိုက္တြန္းေျပာၾကားထားသည္။

ထို႔ျပင္ လႈိင္သာယာအေရွ႕ပိုင္းတြင္ စာသင္ေက်ာင္းမ်ားနည္းပါးေနၿပီး ေက်ာင္းမ်ားတည္ေဆာက္ရာတြင္ ပညာေရးဝန္ႀကီးဌာနမွ သတ္မွတ္ထားသည့္အတိုင္း အားကစားကြင္းမ်ား ႏွင့္ ခန္းမမ်ားပါ ထည့္သြင္းတည္ ေဆာက္ရန္ ၎ကေျပာသည္။

ႏိုင္ငံ့အနာဂတ္ေကာင္းမြန္ေရးအတြက္ ပညာေရးေကာင္းမြန္ရန္လိုအပ္ျခင္းေၾကာင့္ ေက်ာင္းမ်ားေကာင္း မြန္ရန္လိုၿပီး ရပ္ကြက္မ်ားအလိုက္ အေျခခံပညာ ေက်ာင္းမ်ားရွိရန္လိုအပ္သည့္အျပင္ အားကစားကြင္းမ်ားလည္း ရွိရန္လိုေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ၿမိဳ႕ျပစီမံကိန္းႏွင့္ အိမ္ယာစီမံကိန္းမ်ား တည္ေဆာက္ရာ၌ အားကစားကြင္းမ်ား၊ ေဈးႏွင့္ ေက်ာင္းမ်ား၊ ေဆး႐ုံမ်ား ထည့္သြင္းတည္ေဆာက္ရန္ နစကဥကၠ႒က အသိေပးေျပာၾကားထားသည္။

စီမံကိန္းမ်ားတည္ေဆာက္ရာ၌ လယ္ယာစိုက္ပ်ိဳးေျမမ်ား မထိခိုက္ေစရန္ ႏွင့္ ေဈးမ်ားတည္ေဆာက္ရာတြင္ အဆင့္မီသည့္ေဈးမ်ား၊ Shopping Mall မ်ား တည္ ေဆာက္ရန္လိုေၾကာင္း ၎ကေျပာသည္။

၂၀၂၁-၂၀၂၂ ခုႏွစ္တြင္ လႈိင္သာယာၿမိဳ႕နယ္အတြင္းရွိ တရားမဝင္ေနထိုင္သူမ်ားအား ဥပေဒႏွင့္အညီ ေဆာင္ ႐ြက္ခဲ့ရာ လက္ရွိတြင္တရားမဝင္ က်ဴးေက်ာ္ေနထိုင္သူမ်ားမရွိေစေရး၊ ဥပေဒႏွင့္အညီျဖစ္ေစေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးတို႔ကို စီမံေဆာင္႐ြက္ေပးေရးကို နစကဥကၠ႒က ထည့္သြင္းေျပာၾကားထားသည္။

Related news

© 2021. All rights reserved.