လက်နက်ကိုင်တိုက်ပွဲများ ဖော်ဆောင်နေခြင်းနှင့် ဆူပူအကြမ်းဖက်မှုများသည် နိုင်ငံအတွက် အန္တရာယ်များလာနိုင်ဟု တပ်ချုပ်သတိပေး

8810
မျိုးကြီး (NP News) - ဇန်နဝါရီ ၁၅
လက်နက်ကိုင်တိုက်ပွဲများ ဖော်ဆောင်နေခြင်းနှင့် ဆူပူအကြမ်းဖက်မှုများသည် နိုင်ငံအတွက် အန္တရာယ်များလာနိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ (ဇန်နဝါရီလ ၁၅ ရက်)တွင် ကျရောက်သည့် (၇၂)နှစ် မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ သဝဏ် လွှာပေးပို့ရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ကရင်နီပြည်နယ်သည် မြန်မာနိုင်ငံ၏ ပြည်နယ်တစ်ခုအဖြစ်ပါဝင်ခဲ့ပြီး ၁၉၅၁ ခုနှစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်ရာ၌ ကရင်နီပြည်နယ်မှ ကယားပြည်နယ်အဖြစ် တရားဝင်ပြောင်းလဲခေါ်ဆိုခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်တွင် အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် မြို့ရွာများကို တိုက်ခိုက်ခြင်း၊ လမ်းပန်းဆက် သွယ်ရေး ကုန်စည်စီးဆင်းမှုပြတ်တောက်ရန် လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ထားသည်ဟု နစကမှ ဆိုသည်။
ထို့ပြင် အများပြည်သူပိုင် မော်တော်ယာဉ်များ၊ အဆောက်အအုံများ၊ ဈေးများကို ဖျက်ဆီးသည့်အပြင် ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ခရစ်ယာန်ဘာသာရေးကျောင်းများ နှင့် ရုံးအဆောက်အအုံများကိုလည်း ဖျက်ဆီးမှုများရှိခဲ့ပြီး ၎င်းလုပ်ရပ်များသည် အကျည်းတန်ရုပ်ဆိုးကာ လူထုကို ဒုက္ခရောက်စေကြောင်းလည်း နစကဥက္ကဋ္ဌက ပြောသည်။
ကယားပြည်နယ်အပါအဝင် အထူးသဖြင့် တိုင်းရင်းသားများနေထိုင်ရာဒေသများ၌ လက်နက်ကိုင်တိုက်ပွဲများ ဖော်ဆောင်နေခြင်း၊ ဆူပူအကြမ်းဖက်ခြင်း နှင့် ဖျက်ဆီးနှောင့်ယှက်မှုများကြောင့် ဒေသခံတိုင်းရင်းသားများအနေဖြင့် ဒုက္ခများစွာ ခံစားနေကြရသည်ဟု တပ်ချုပ်က ပြောသည်။
၎င်းအခြေအနေများသည် နိုင်ငံအတွက် အန္တရာယ်များလာနိုင်သည့်အတွက် သက်ဆိုင်သူအားလုံးနှင့် တိုင်း ရင်းသား ပြည်သူအားလုံးအနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးကို အလေးထားစဉ်းစားဆောင်ရွက်သင့်ပြီဖြစ်ကြောင်း နစကဥက္ကဋ္ဌက ထပ်မံပြောသည်။
ထို့ပြင် လက်ရှိနိုင်ငံအတွင်း ကြုံတွေ့နေရသည့် အခက် အခဲများနှင့် ကြမ်းတမ်းခက်ထန်မှုများအတွက် အဓိကကျသော အဖြေသည် အမျိုးသားရင်ကြားစေ့ရေး၊ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပင်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ကယားလက်နက်ကိုင်ပူးပေါင်းအဖွဲ့များသည် ပြီးခဲ့သော နိုဝင်ဘာလ ၁၁ ရက်တွင် (၁၁.၁၁ စစ်ဆင်ရေး)အမည်ဖြင့် လွိုင်ကော်မြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပြည်သူ ပိုင်အိမ်၊ ဌာနဆိုင်ရာအဆောက်အအုံနှင့် လမ်းတံတားများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။
zawgyi version
လက္နက္ကိုင္တိုက္ပြဲမ်ား ေဖာ္ေဆာင္ေနျခင္းႏွင့္ ဆူပူအၾကမ္းဖက္မႈမ်ားသည္ ႏိုင္ငံအတြက္ အႏၲရာယ္မ်ားလာႏိုင္ဟု တပ္ခ်ဳပ္သတိေပး
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၁၅
လက္နက္ကိုင္တိုက္ပြဲမ်ား ေဖာ္ေဆာင္ေနျခင္းႏွင့္ ဆူပူအၾကမ္းဖက္မႈမ်ားသည္ ႏိုင္ငံအတြက္ အႏၲရာယ္မ်ားလာႏိုင္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။
နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယေန႔ (ဇန္နဝါရီလ ၁၅ ရက္)တြင္ က်ေရာက္သည့္ (၇၂)ႏွစ္ ေျမာက္ ကယားျပည္နယ္ေန႔အခမ္းအနားသို႔ သဝဏ္ လႊာေပးပို႔ရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
၁၉၄၇ ခုႏွစ္ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံအေျခခံဥပေဒအရ ကရင္နီျပည္နယ္သည္ ျမန္မာႏိုင္ငံ၏ ျပည္နယ္တစ္ခုအျဖစ္ပါဝင္ခဲ့ၿပီး ၁၉၅၁ ခုႏွစ္တြင္ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံအေျခခံဥပေဒကို ျပင္ဆင္ရာ၌ ကရင္နီျပည္နယ္မွ ကယားျပည္နယ္အျဖစ္ တရားဝင္ေျပာင္းလဲေခၚဆိုခဲ့ေၾကာင္း သိရသည္။
ကယားျပည္နယ္တြင္ အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအေနျဖင့္ ၿမိဳ႕႐ြာမ်ားကို တိုက္ခိုက္ျခင္း၊ လမ္းပန္းဆက္ သြယ္ေရး ကုန္စည္စီးဆင္းမႈျပတ္ေတာက္ရန္ လမ္း၊ တံတားမ်ားကို မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးမႈမ်ား ျပဳလုပ္ထားသည္ဟု နစကမွ ဆိုသည္။
ထို႔ျပင္ အမ်ားျပည္သူပိုင္ ေမာ္ေတာ္ယာဥ္မ်ား၊ အေဆာက္အအုံမ်ား၊ ေဈးမ်ားကို ဖ်က္ဆီးသည့္အျပင္ ဘုန္းႀကီးေက်ာင္းမ်ား၊ စာသင္ေက်ာင္းမ်ား၊ ခရစ္ယာန္ဘာသာေရးေက်ာင္းမ်ား ႏွင့္ ႐ုံးအေဆာက္အအုံမ်ားကိုလည္း ဖ်က္ဆီးမႈမ်ားရွိခဲ့ၿပီး ၎လုပ္ရပ္မ်ားသည္ အက်ည္းတန္႐ုပ္ဆိုးကာ လူထုကို ဒုကၡေရာက္ေစေၾကာင္းလည္း နစကဥကၠ႒က ေျပာသည္။
ကယားျပည္နယ္အပါအဝင္ အထူးသျဖင့္ တိုင္းရင္းသားမ်ားေနထိုင္ရာေဒသမ်ား၌ လက္နက္ကိုင္တိုက္ပြဲမ်ား ေဖာ္ေဆာင္ေနျခင္း၊ ဆူပူအၾကမ္းဖက္ျခင္း ႏွင့္ ဖ်က္ဆီးေႏွာင့္ယွက္မႈမ်ားေၾကာင့္ ေဒသခံတိုင္းရင္းသားမ်ားအေနျဖင့္ ဒုကၡမ်ားစြာ ခံစားေနၾကရသည္ဟု တပ္ခ်ဳပ္က ေျပာသည္။
၎အေျခအေနမ်ားသည္ ႏိုင္ငံအတြက္ အႏၲရာယ္မ်ားလာႏိုင္သည့္အတြက္ သက္ဆိုင္သူအားလုံးႏွင့္ တိုင္း ရင္းသား ျပည္သူအားလုံးအေနျဖင့္ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ထာဝရၿငိမ္းခ်မ္းေရးကို အေလးထားစဥ္းစားေဆာင္႐ြက္သင့္ၿပီျဖစ္ေၾကာင္း နစကဥကၠ႒က ထပ္မံေျပာသည္။
ထို႔ျပင္ လက္ရွိႏိုင္ငံအတြင္း ႀကဳံေတြ႕ေနရသည့္ အခက္ အခဲမ်ားႏွင့္ ၾကမ္းတမ္းခက္ထန္မႈမ်ားအတြက္ အဓိကက်ေသာ အေျဖသည္ အမ်ိဳးသားရင္ၾကားေစ့ေရး၊ စည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးပင္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။
ကယားလက္နက္ကိုင္ပူးေပါင္းအဖြဲ႕မ်ားသည္ ၿပီးခဲ့ေသာ ႏိုဝင္ဘာလ ၁၁ ရက္တြင္ (၁၁.၁၁ စစ္ဆင္ေရး)အမည္ျဖင့္ လြိဳင္ေကာ္ၿမိဳ႕ကို ဝင္ေရာက္တိုက္ခိုက္ခဲ့ရာ ျပည္သူ ပိုင္အိမ္၊ ဌာနဆိုင္ရာအေဆာက္အအုံႏွင့္ လမ္းတံတားမ်ားစြာ ပ်က္စီးဆုံးရႈံးခဲ့ရသည္။