ပြည်မြို့၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်(၃)လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး လေဖြန်းနေသည့် အဘိုးအိုတစ်ဦး သေဆုံး

1949
စော (NP News) - ဇန်နဝါရီ ၁၅
ပဲခူးတိုင်း၊ ပြည်မြို့၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်(၃)လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး လေဖြန်းနေသည့် အဘိုးအိုတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီလ ၁၅ ရက်)၊ ညနေ(၃)နာရီဝန်းကျင်အချိန်တွင် ပြည်မြို့၊ သန္ဓေပင်ရပ်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတပါရမီ (ပြည်)ထံမှ သိရသည်။
“ဂတ်စ်အိုးပေါက်တယ်လို့ ပြောတယ်။ တိတိကျကျတော့ မသိရဘူး။ နေအိမ်(၃)လုံးပါသွားတယ်။ လေဖြန်းနေတဲ့ အဘိုးအိုတစ်ဦး သေသွားတယ်။ အိမ်ကနေပဲ သူကိုထုတ်မဲ့လူမရှိလို့ဖြစ်တာ။ မီးလောင်တော့ ပြာယာခတ်ပြီး ကျန်ခဲ့တာနေမယ်။ ကျန်ခဲ့တော့ မီးထဲပါပြီးဆုံးသွားတာ”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတပါရမီ(ပြည်)မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြော သည်။
အဆိုပါ မီးလောင်မှုအား သက်ဆိုင်ရာမီးသတ်စခန်းများနှင့် ဒေသခံလူမှုကူညီရေးအသင်းများမှ (၄၅)မိနစ်ခန့်ကြာမြင့်အောင် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်ကြောင့် အသက်(၆၀)ဝန်းကျင်အရွယ်ရှိ အဘိုးအိုတစ်ဦး သေဆုံးသွားခဲ့ပြီး ၎င်း၏ရုပ်အလောင်းအား ပြည်မြို့နယ်ရှိ ကုတင် (၅၀၀)ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
zawgyi version
ျပည္ၿမိဳ႕၌ မီးေလာင္မႈျဖစ္ပြားခဲ့ရာ ေနအိမ္(၃)လုံး ပ်က္စီးဆုံးရႈံးခဲ့ၿပီး ေလျဖန္းေနသည့္ အဘိုးအိုတစ္ဦး ေသဆုံး
ေစာ (NP News) - ဇန္နဝါရီ ၁၅
ပဲခူးတိုင္း၊ ျပည္ၿမိဳ႕၌ မီးေလာင္မႈျဖစ္ပြားခဲ့ရာ ေနအိမ္(၃)လုံး ပ်က္စီးဆုံးရႈံးခဲ့ၿပီး ေလျဖန္းေနသည့္ အဘိုးအိုတစ္ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယေန႔ (ဇန္နဝါရီလ ၁၅ ရက္)၊ ညေန(၃)နာရီဝန္းက်င္အခ်ိန္တြင္ ျပည္ၿမိဳ႕၊ သေႏၶပင္ရပ္တြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ ပရဟိတပါရမီ (ျပည္)ထံမွ သိရသည္။
“ဂတ္စ္အိုးေပါက္တယ္လို႔ ေျပာတယ္။ တိတိက်က်ေတာ့ မသိရဘူး။ ေနအိမ္(၃)လုံးပါသြားတယ္။ ေလျဖန္းေနတဲ့ အဘိုးအိုတစ္ဦး ေသသြားတယ္။ အိမ္ကေနပဲ သူကိုထုတ္မဲ့လူမရွိလို႔ျဖစ္တာ။ မီးေလာင္ေတာ့ ျပာယာခတ္ၿပီး က်န္ခဲ့တာေနမယ္။ က်န္ခဲ့ေတာ့ မီးထဲပါၿပီးဆုံးသြားတာ”ဟု ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ ပရဟိတပါရမီ(ျပည္)မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာ သည္။
အဆိုပါ မီးေလာင္မႈအား သက္ဆိုင္ရာမီးသတ္စခန္းမ်ားႏွင့္ ေဒသခံလူမႈကူညီေရးအသင္းမ်ားမွ (၄၅)မိနစ္ခန႔္ၾကာျမင့္ေအာင္ ဝိုင္းဝန္းျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။
မီးေလာင္မႈျဖစ္စဥ္ေၾကာင့္ အသက္(၆၀)ဝန္းက်င္အ႐ြယ္ရွိ အဘိုးအိုတစ္ဦး ေသဆုံးသြားခဲ့ၿပီး ၎၏႐ုပ္အေလာင္းအား ျပည္ၿမိဳ႕နယ္ရွိ ကုတင္ (၅၀၀)ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။