တောင်ကိုရီးယား မင်းသမီးချော ပက်ခ်မင်ယောင်း ရည်းစားဟောင်း နဲ့ ပတ်သက်တဲ့သတင်းသစ်များ ထွက်နေ

1679

ရောင်နီ (NP News) - ဇန်နဝါရီ ၁၆
တောင်ကိုရီးယားမင်းသမီးချော ပက်ခ်မင်ယောင်းရဲ့အေဂျင်စီ Hook Entertainment က လက်ရှိ ထွက်ရှိနေတဲ့ သူမရဲ့ရည်းစားဟောင်းနဲ့ပတ်သက်တဲ့သတင်းအသစ်တွေနဲ့ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ပက်ခ်မင်ယောင်းဟာ ၂ဝ၂၂ ခုနှစ် စက်တင်ဘာလတုန်းက ချမ်းသာတဲ့ စီးပွားရေးသမား ကမ် နဲ့ တွဲနေတယ်လို့ Dispatch က ဖော်ပြခဲ့တာဖြစ်ပါတယ်။ Hook Entertainment က အဲဒီကောလာဟလတွေကို ရှင်းလင်းဖို့အတွက် မင်းသမီးဟာ ချစ်သူနဲ့ လမ်းခွဲလိုက်ပြီလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် အခု ဇန်နဝါရီ ၁၅ ရက်မှာတော့ Dispatch က ပက်ခ်မင်ယောင်းဟာ အဲဒီစီးပွားရေးလုပ်ငန်းရှင် ကမ် နဲ့ တွဲနေတုန်းပဲလို့ ဆိုထားပြီး ကမ်ဆီက ဝမ်သန်း ၂၅ဝ (ဒေါ်လာ ၁၉ဝ,၃ဝဝ ခန့်) ကို နေထိုင်စရိတ်အတွက် ရရှိထားတယ်လို့လည်း ဆိုခဲ့ပါတယ်။ အဆိုပါသတင်းကို တုံ့ပြန်တဲ့အနေနဲ့ Hook Entertainment က သတင်းဟာ မဟုတ် မှန်ကြောင်း၊ မင်းသမီး ပက်ခ်မင်ယောင်းဟာ ၎င်းရဲ့တရားမဝင် အကျိုးခံစားခွင့်တွေ လက်မခံခဲ့ကြောင်းနဲ့ ဒီထက်ဆိုးလာရင်တော့ တရားဥပဒေနည်းအတိုင်းသွားမယ်လို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။
မင်းသမီးပက်ခ်မင်ယောင်းဟာ ဟာ မှားယွင်းတဲ့အချက်အလက်တွေကြောင့် တစ်နှစ်ကျော်လောက် အထင်လွဲခံခဲ့ရပါတယ်။ ဒါပေမယ့် သူမက သရုပ်ဆောင်အလုပ်ကိုသာ အာရုံစိုက်လုပ်ကိုင်ခဲ့ပါတယ်။ အခုလည်း ပက်ခ်မင်ယောင်းဟာ tvN ရဲ့လူကြိုက်အများဆုံး ဒရာမာ "Marry My Husband” မှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Zawgyi Version;
ေတာင္ကိုရီးယား မင္းသမီးေခ်ာ ပက္ခ္မင္ေယာင္း ရည္းစားေဟာင္း နဲ႔ ပတ္သက္တဲ့သတင္းသစ္မ်ား ထြက္ေန
ေရာင္နီ (NP News) - ဇန္နဝါရီ ၁၆
ေတာင္ကိုရီးယားမင္းသမီးေခ်ာ ပက္ခ္မင္ေယာင္းရဲ႕ေအဂ်င္စီ Hook Entertainment က လက္ရွိ ထြက္ရွိေနတဲ့ သူမရဲ႕ရည္းစားေဟာင္းနဲ႔ပတ္သက္တဲ့သတင္းအသစ္ေတြနဲ႔ပတ္သက္ၿပီး ေၾကညာခ်က္ထုတ္ျပန္လိုက္ပါတယ္။
ပက္ခ္မင္ေယာင္းဟာ ၂ဝ၂၂ ခုႏွစ္ စက္တင္ဘာလတုန္းက ခ်မ္းသာတဲ့ စီးပြားေရးသမား ကမ္ နဲ႔ တြဲေနတယ္လို႔ Dispatch က ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ Hook Entertainment က အဲဒီေကာလာဟလေတြကို ရွင္းလင္းဖို႔အတြက္ မင္းသမီးဟာ ခ်စ္သူနဲ႔ လမ္းခြဲလိုက္ၿပီလို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။
ဒါေပမယ့္ အခု ဇန္နဝါရီ ၁၅ ရက္မွာေတာ့ Dispatch က ပက္ခ္မင္ေယာင္းဟာ အဲဒီစီးပြားေရးလုပ္ငန္းရွင္ ကမ္ နဲ႔ တြဲေနတုန္းပဲလို႔ ဆိုထားၿပီး ကမ္ဆီက ဝမ္သန္း ၂၅ဝ (ေဒၚလာ ၁၉ဝ,၃ဝဝ ခန႔္) ကို ေနထိုင္စရိတ္အတြက္ ရရွိထားတယ္လို႔လည္း ဆိုခဲ့ပါတယ္။ အဆိုပါသတင္းကို တုံ႔ျပန္တဲ့အေနနဲ႔ Hook Entertainment က သတင္းဟာ မဟုတ္ မွန္ေၾကာင္း၊ မင္းသမီး ပက္ခ္မင္ေယာင္းဟာ ၎ရဲ႕တရားမဝင္ အက်ိဳးခံစားခြင့္ေတြ လက္မခံခဲ့ေၾကာင္းနဲ႔ ဒီထက္ဆိုးလာရင္ေတာ့ တရားဥပေဒနည္းအတိုင္းသြားမယ္လို႔ ျပန္လည္ေျဖရွင္းခဲ့ပါတယ္။
မင္းသမီးပက္ခ္မင္ေယာင္းဟာ ဟာ မွားယြင္းတဲ့အခ်က္အလက္ေတြေၾကာင့္ တစ္ႏွစ္ေက်ာ္ေလာက္ အထင္လြဲခံခဲ့ရပါတယ္။ ဒါေပမယ့္ သူမက သ႐ုပ္ေဆာင္အလုပ္ကိုသာ အာ႐ုံစိုက္လုပ္ကိုင္ခဲ့ပါတယ္။ အခုလည္း ပက္ခ္မင္ေယာင္းဟာ tvN ရဲ႕လူႀကိဳက္အမ်ားဆုံး ဒရာမာ "Marry My Husband” မွာ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။