ဓနုအမျိုးသားအဖွဲ့ချုပ်ပါတီ၏ မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းကို ပယ်ဖျက်လိုက်ကြောင်း UEC ကြေညာ

1341
မျိုးကြီး (NP News) - ဇန်နဝါရီ ၁၆
ဓနုအမျိုးသားအဖွဲ့ချုပ်ပါတီ၏ မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းကို ပယ်ဖျက်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ကြေညာထားသည်။

ရွေးကောက်ပွဲကော်မရှင်က ယမန်နေ့(ဇန်နဝါရီလ ၁၅ ရက်)ညပိုင်းတွင် အထက်ပါကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။
ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ(DNOP)သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ ပါတီဆက်လက်တည် ထောင်မှတ်ပုံတင်ခွင့်ကို ရွေးကောက်ပွဲကော်မရှင်ထံ ပြန်လည်လျှောက်ထားခဲ့ကြောင်း သိရသည်။
ထိုသို့လျှောက်ထားမှုအရ ကော်မရှင်အနေဖြင့် ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီကို မှတ်ပုံတင်ခွင့်စိစစ်နေဆဲအချိန်တွင် ပါတီခေါင်းဆောင်ဖြစ်သူသည် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ၏ ခေါင်းဆောင်ဖြစ်သူ ဦးတင်မောင်ဦးသည် ပြီးခဲ့သော ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်တွင် ကွယ်လွန်သွားသည့်အတွက် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းမှ ပယ်ဖျက်ပေးရန် သက်ဆိုင်ရာပါတီက ကော်မရှင်ထံ တင်ပြခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အစည်းအဝေးဆုံးဖြတ်ချက်အရ ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ၏ မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းကို ဇန်နဝါရီလ ၁၅ ရက်တွင် ပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
လက်ရှိနစကအစိုးရလက်ထက်တွင် ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ပါတီမှတ်ပုံတင်ခွင့် လျှောက် ထားသည့်ပါတီများအနက် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီနှင့် မြိုတိုင်းရင်းသားပါတီတို့၏ မှတ်ပုံတင်ခွင့်ပြုချက်ကို ကော်မ ရှင်က ပယ်ဖျက်ထားသည်။
ယခုအချိန်ထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ရွေးကောက်ပွဲကော်မရှင်၏ မှတ်ပုံတင်ခွင့်ပြုချက်ရရှိထားသော ပါတီပေါင်းမှာ (၄၅)ပါတီရှိကြောင်း သိရသည်။

zawgyi version
ဓႏုအမ်ိဳးသားအဖြဲ႕ခ်ဳပ္ပါတီ၏ မွတ္ပုံတင္ခြင့္ေလွ်ာက္ထားျခင္းကို ပယ္ဖ်က္လိုက္ေၾကာင္း UEC ေၾကညာ
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၁၆
ဓႏုအမ်ိဳးသားအဖြဲ႕ခ်ဳပ္ပါတီ၏ မွတ္ပုံတင္ခြင့္ေလွ်ာက္ထားျခင္းကို ပယ္ဖ်က္လိုက္ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC)က ေၾကညာထားသည္။
ေ႐ြးေကာက္ပြဲေကာ္မရွင္က ယမန္ေန႔(ဇန္နဝါရီလ ၁၅ ရက္)ညပိုင္းတြင္ အထက္ပါကဲ့သို႔ ေၾကညာခဲ့ျခင္းျဖစ္သည္။
ဓႏုအမ်ိဳးသားမ်ားအဖြဲ႕ခ်ဳပ္ပါတီ(DNOP)သည္ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒပုဒ္မ ၂၅ အရ ပါတီဆက္လက္တည္ ေထာင္မွတ္ပုံတင္ခြင့္ကို ေ႐ြးေကာက္ပြဲေကာ္မရွင္ထံ ျပန္လည္ေလွ်ာက္ထားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေလွ်ာက္ထားမႈအရ ေကာ္မရွင္အေနျဖင့္ ဓႏုအမ်ိဳးသားမ်ားအဖြဲ႕ခ်ဳပ္ပါတီကို မွတ္ပုံတင္ခြင့္စိစစ္ေနဆဲအခ်ိန္တြင္ ပါတီေခါင္းေဆာင္ျဖစ္သူသည္ ကြယ္လြန္သြားခဲ့ေၾကာင္း သိရသည္။
ဓႏုအမ်ိဳးသားမ်ားအဖြဲ႕ခ်ဳပ္ပါတီ၏ ေခါင္းေဆာင္ျဖစ္သူ ဦးတင္ေမာင္ဦးသည္ ၿပီးခဲ့ေသာ ၂၀၂၃ ခုႏွစ္ ဒီဇင္ဘာလ ၂၅ ရက္တြင္ ကြယ္လြန္သြားသည့္အတြက္ ႏိုင္ငံေရးပါတီအျဖစ္ မွတ္ပုံတင္ခြင့္ေလွ်ာက္ထားျခင္းမွ ပယ္ဖ်က္ေပးရန္ သက္ဆိုင္ရာပါတီက ေကာ္မရွင္ထံ တင္ျပခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ အစည္းအေဝးဆုံးျဖတ္ခ်က္အရ ဓႏုအမ်ိဳးသားမ်ားအဖြဲ႕ခ်ဳပ္ပါတီ၏ မွတ္ပုံတင္ခြင့္ေလွ်ာက္ထားျခင္းကို ဇန္နဝါရီလ ၁၅ ရက္တြင္ ပယ္ဖ်က္လိုက္ျခင္းျဖစ္ေၾကာင္း ေ႐ြးေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္ထားသည္။
လက္ရွိနစကအစိုးရလက္ထက္တြင္ ျပ႒ာန္းခဲ့ေသာ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒအရ ပါတီမွတ္ပုံတင္ခြင့္ ေလွ်ာက္ ထားသည့္ပါတီမ်ားအနက္ ရွမ္းျပည္ကိုးကန႔္ဒီမိုကရက္တစ္ပါတီႏွင့္ ၿမိဳတိုင္းရင္းသားပါတီတို႔၏ မွတ္ပုံတင္ခြင့္ျပဳခ်က္ကို ေကာ္မ ရွင္က ပယ္ဖ်က္ထားသည္။
ယခုအခ်ိန္ထိ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒအရ ေ႐ြးေကာက္ပြဲေကာ္မရွင္၏ မွတ္ပုံတင္ခြင့္ျပဳခ်က္ရရွိထားေသာ ပါတီေပါင္းမွာ (၄၅)ပါတီရွိေၾကာင္း သိရသည္။