အွန်လိုင်း၌ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုမှုအပါအဝင် လိင်အသားပေးကိစ္စရပ်များတင်ခြင်းကို တားမြစ်အရေးယူရန် နစက စီစဉ်နေ

 923

မြူနစ် (NP News) - ဇန်နဝါရီ ၁၆

အွန်လိုင်း၌ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုမှုအပါအဝင် လိင်အသားပေးကိစ္စရပ်များတင်ခြင်းကို တားမြစ်အရေးယူရန် စီစဉ်နေကြောင်း နစက၏သတင်းအချက်အလက်များအရ သိရသည်။

အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မဖွယ်မရာများတင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်း အပေါ် ဥပဒေကြောင်းအရ တားမြစ်အရေးယူဆောင်ရွက်နိုင်ရေး ကော်မတီတစ်ရပ်ကို နစကမှ ပြီးခဲ့သောလပိုင်းအတွင်း၌ ဖွဲ့စည်းထားသည်။

အဆိုပါကော်မတီတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်မည်ဖြစ်ပြီး ဒုဥက္ကဋ္ဌအဖြစ် ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဒုဝန်ကြီးက ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေး မှုနှင့် ကိုက်ညီမှုမရှိသည့် မဖွယ်မရာပုံများ၊ ဗီဒီယိုများနှင့် လိင်အသားပေးကိစ္စရပ်များတင်ခြင်းအပါအဝင် နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းများကို ဥပဒေကြောင်းအရ တားမြစ်နိုင်ရေး၊ ဖော်ထုတ်အရေးယူနိုင်ရေးအတွက် ဖွဲ့စည်းခြင်းဖြစ်ကြောင်း နစကမှ ဆိုသည်။

အွန်လိုင်းပေါ်တွင် နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်း၊ လိင်အသားပေးကိစ္စရပ်များကို တင်ခြင်း စသောဆောင်ရွက်မှုဖြစ် စဉ်များကို နည်းပညာကျွမ်းကျင်သည့်ပညာရှင်များ ပါဝင်သောအဖွဲ့ ဖွဲ့စည်းကာ (၂၄)နာရီစောင့်ကြည့်သွားရန် ၎င်းကော်မတီကို နစကမှ တာဝန်ပေးထားသည်။

ထို့ပြင် နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းများအပါအဝင် လိင်အသားပေးကိစ္စရပ်များကို ပို့စ်တင်ခြင်း၊ ထုတ်လွှင့်ခြင်း၊ မျှဝေခြင်း၊ အားပေးအားမြှောက်ပြုခြင်းများ ဆောင်ရွက်နေမှုအပေါ် နည်းပညာအရ ရှာဖွေဖော်ထုတ်ကာ ကျူးလွန်သူများကို တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူသွားရန်လည်း ကော်မတီကို တာဝန်ပေးထားသည်။

ထို့အတူ အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားဖော်ပြနေမှုများအတွက် အဖွဲ့ဖွဲ့စည်း၍ တန်ပြန်ဆောင်ရွက်သွားရန်လည်း နစကမှ ယင်းကော်မတီအား ထပ်မံတာဝန်ပေးထားသည်။

လက်ရှိတွင် နစက၏ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်လည်း မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်သော ညစ်ညမ်းသည့်အပြော အဆိုများ၊ အပြုအမူများပါဝင်သည့် တေးသီချင်းဗီဒီယိုရိုက်ကူးထုတ်လွှင့်မှုများကိုလည်း အရေးယူသွားမည်ဟု ပြီးခဲ့သော ရက်ပိုင်းအတွင်း၌ သတိပေးထုတ်ပြန်ခဲ့ဖူးသည်။

zawgyi version
အြန္လိုင္း၌ ႏိုင္ငံေရးအရ တိုက္ခိုက္ေျပာဆိုမႈအပါအဝင္ လိင္အသားေပးကိစၥရပ္မ်ားတင္ျခင္းကို တားျမစ္အေရးယူရန္ နစက စီစဥ္ေန

ျမဴနစ္ (NP News) - ဇန္နဝါရီ ၁၆

အြန္လိုင္း၌ ႏိုင္ငံေရးအရ တိုက္ခိုက္ေျပာဆိုမႈအပါအဝင္ လိင္အသားေပးကိစၥရပ္မ်ားတင္ျခင္းကို တားျမစ္အေရးယူရန္ စီစဥ္ေနေၾကာင္း နစက၏သတင္းအခ်က္အလက္မ်ားအရ သိရသည္။

အင္တာနက္ေပၚတြင္ သတင္းတု၊ သတင္းမွားမ်ားတင္ျခင္း၊ မဖြယ္မရာမ်ားတင္ျခင္း၊ ႏိုင္ငံေရးအရ တိုက္ခိုက္ေျပာဆိုျခင္း အေပၚ ဥပေဒေၾကာင္းအရ တားျမစ္အေရးယူေဆာင္႐ြက္ႏိုင္ေရး ေကာ္မတီတစ္ရပ္ကို နစကမွ ၿပီးခဲ့ေသာလပိုင္းအတြင္း၌ ဖြဲ႕စည္းထားသည္။

အဆိုပါေကာ္မတီတြင္ ျပည္ထဲေရးဝန္ႀကီးဌာနမွ ဒုဝန္ႀကီးက ဥကၠ႒အျဖစ္ ဦးေဆာင္မည္ျဖစ္ၿပီး ဒုဥကၠ႒အျဖစ္ ပို႔ေဆာင္ေရး ႏွင့္ဆက္သြယ္ေရးဒုဝန္ႀကီးက ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရသည္။

အင္တာနက္ေပၚတြင္ သတင္းတု၊ သတင္းမွားမ်ားတင္ျခင္း၊ ျမန္မာ့႐ိုးရာယဥ္ေက်း မႈႏွင့္ ကိုက္ညီမႈမရွိသည့္ မဖြယ္မရာပုံမ်ား၊ ဗီဒီယိုမ်ားႏွင့္ လိင္အသားေပးကိစၥရပ္မ်ားတင္ျခင္းအပါအဝင္ ႏိုင္ငံေရးအရ တိုက္ခိုက္ေျပာဆိုျခင္းမ်ားကို ဥပေဒေၾကာင္းအရ တားျမစ္ႏိုင္ေရး၊ ေဖာ္ထုတ္အေရးယူႏိုင္ေရးအတြက္ ဖြဲ႕စည္းျခင္းျဖစ္ေၾကာင္း နစကမွ ဆိုသည္။

အြန္လိုင္းေပၚတြင္ ႏိုင္ငံေရးအရ တိုက္ခိုက္ေျပာဆိုျခင္း၊ လိင္အသားေပးကိစၥရပ္မ်ားကို တင္ျခင္း စေသာေဆာင္႐ြက္မႈျဖစ္ စဥ္မ်ားကို နည္းပညာကြၽမ္းက်င္သည့္ပညာရွင္မ်ား ပါဝင္ေသာအဖြဲ႕ ဖြဲ႕စည္းကာ (၂၄)နာရီေစာင့္ၾကည့္သြားရန္ ၎ေကာ္မတီကို နစကမွ တာဝန္ေပးထားသည္။

ထို႔ျပင္ ႏိုင္ငံေရးအရ တိုက္ခိုက္ေျပာဆိုျခင္းမ်ားအပါအဝင္ လိင္အသားေပးကိစၥရပ္မ်ားကို ပို႔စ္တင္ျခင္း၊ ထုတ္လႊင့္ျခင္း၊ မွ်ေဝျခင္း၊ အားေပးအားေျမႇာက္ျပဳျခင္းမ်ား ေဆာင္႐ြက္ေနမႈအေပၚ နည္းပညာအရ ရွာေဖြေဖာ္ထုတ္ကာ က်ဴးလြန္သူမ်ားကို တည္ဆဲဥပေဒမ်ားႏွင့္အညီ ထိေရာက္စြာအေရးယူသြားရန္လည္း ေကာ္မတီကို တာဝန္ေပးထားသည္။

ထို႔အတူ အင္တာနက္ေပၚတြင္ သတင္းတု၊ သတင္းမွားေဖာ္ျပေနမႈမ်ားအတြက္ အဖြဲ႕ဖြဲ႕စည္း၍ တန္ျပန္ေဆာင္႐ြက္သြားရန္လည္း နစကမွ ယင္းေကာ္မတီအား ထပ္မံတာဝန္ေပးထားသည္။

လက္ရွိတြင္ နစက၏ ျပန္ၾကားေရးဝန္ႀကီးဌာနအေနျဖင့္လည္း ျမန္မာ့ယဥ္ေက်းမႈကို ဆန႔္က်င္ေသာ ညစ္ညမ္းသည့္အေျပာ အဆိုမ်ား၊ အျပဳအမူမ်ားပါဝင္သည့္ ေတးသီခ်င္းဗီဒီယို႐ိုက္ကူးထုတ္လႊင့္မႈမ်ားကိုလည္း အေရးယူသြားမည္ဟု ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္း၌ သတိေပးထုတ္ျပန္ခဲ့ဖူးသည္။

Related news

© 2021. All rights reserved.