ကျောက်တံခါးမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမြို့နယ်ကော်မတီဝင်နှင့်သမီးဖြစ်သူကို အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် လုပ်ကြံပစ်ခတ်

8224
Pearl (NP News) - ဇန်နဝါရီ ၁၆
ကျောက်တံခါးမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမြို့နယ်ကော်မတီဝင် နှင့် သမီးဖြစ်သူကို အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီလ ၁၅ ရက်)၊ နေ့လည် (၂)နာရီအချိန်တွင် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရှမ်းဒိုးတန်းကျေး ရွာအုပ်စု၊ ပဲခူးစုရွာ နှင့် ပုဂံကွဲကျေးရွာကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရှမ်းဒိုးတန်းကျေးရွာတွင်နေထိုင်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ်ကော်မတီဝင်ဖြစ်သူ ဦးအောင်ကျော်ဆန်း (၄၅)နှစ်သည် ၎င်း၏ သမီးဖြစ်သူ မစုမြတ်သော်တာ (၁၉)နှစ်နှင့်အတူ ပိုးသတ်ဆေးဖြန်းရန် လယ်ထဲသို့သွားစဉ် အ ခင်းဖြစ်နေရာအရောက်၌ အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်ခတ်သွားခဲ့ကြောင်း သိရသည်။
"ရှမ်းဒိုးတန်းရွာက ကြံ့ခိုင်ရေးပါတီဝင်၊ ပြည်သူ့စစ် ဦးအောင်ကျော်ဆန်း နဲ့ သူ့သမီး မစုမြတ်သော်တာ အပစ်ခံရတာ ။ လယ်ထဲမှာ ပိုးသတ်ဆေးဖြန်းဖို့သွားတုန်း ပဲခူးစုရွာ နှင့် ပုဂံကွဲကြားမှာ အပစ်ခံရတယ်ပြောတယ်" လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူက NP News ကို ပြောသည်။
ပစ်ခတ်ခံရမှုကြောင့် ဦးအောင်ကျော်ဆန်းသည် ကျည်ထိမှန် ဒဏ်ရာ(၃)ချက်ရရှိရာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် မစုမြတ်သော်တာတွင်လည်း ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ပဲခူးမြို့နယ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူပြီးနောက် လက်ရှိအချိန်ထိ ပြည်ခိုင်ဖြိုးပါတီဝင်၊ ထောက်ခံသူ နှင့် အားပေးသူ (၃၀၀၀)ဝန်းကျင်ခန့်သည် အကြမ်း ဖက် လုပ်ကြံသတ်ဖြတ်ခြင်းခံထားရကြောင်း သိရသည်။

zawgyi version
ေက်ာက္တံခါးၿမိဳ႕နယ္တြင္ ျပည္ခိုင္ၿဖိဳးပါတီၿမိဳ႕နယ္ေကာ္မတီဝင္ႏွင့္သမီးျဖစ္သူကို အၾကမ္းဖက္အဖြဲ႕က ေသနတ္ျဖင့္ လုပ္ႀကံပစ္ခတ္
Pearl (NP News) - ဇန္နဝါရီ ၁၆
ေက်ာက္တံခါးၿမိဳ႕နယ္တြင္ ျပည္ခိုင္ၿဖိဳးပါတီၿမိဳ႕နယ္ေကာ္မတီဝင္ ႏွင့္ သမီးျဖစ္သူကို အၾကမ္းဖက္အဖြဲ႕က ေသနတ္ျဖင့္ လုပ္ ႀကံပစ္ခတ္ခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ဇန္နဝါရီလ ၁၅ ရက္)၊ ေန႔လည္ (၂)နာရီအခ်ိန္တြင္ ပဲခူးတိုင္း၊ ေက်ာက္တံခါးၿမိဳ႕နယ္၊ ရွမ္းဒိုးတန္းေက်း ႐ြာအုပ္စု၊ ပဲခူးစု႐ြာ ႏွင့္ ပုဂံကြဲေက်း႐ြာၾကားတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
ရွမ္းဒိုးတန္းေက်း႐ြာတြင္ေနထိုင္ေသာ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ၏ ၿမိဳ႕နယ္ေကာ္မတီဝင္ျဖစ္သူ ဦးေအာင္ေက်ာ္ဆန္း (၄၅)ႏွစ္သည္ ၎၏ သမီးျဖစ္သူ မစုျမတ္ေသာ္တာ (၁၉)ႏွစ္ႏွင့္အတူ ပိုးသတ္ေဆးျဖန္းရန္ လယ္ထဲသို႔သြားစဥ္ အ ခင္းျဖစ္ေနရာအေရာက္၌ အၾကမ္းဖက္သမားမ်ားက ေသနတ္ျဖင့္ပစ္ခတ္သြားခဲ့ေၾကာင္း သိရသည္။
"ရွမ္းဒိုးတန္း႐ြာက ႀကံ့ခိုင္ေရးပါတီဝင္၊ ျပည္သူ႔စစ္ ဦးေအာင္ေက်ာ္ဆန္း နဲ႔ သူ႔သမီး မစုျမတ္ေသာ္တာ အပစ္ခံရတာ ။ လယ္ထဲမွာ ပိုးသတ္ေဆးျဖန္းဖို႔သြားတုန္း ပဲခူးစု႐ြာ ႏွင့္ ပုဂံကြဲၾကားမွာ အပစ္ခံရတယ္ေျပာတယ္" လုံၿခဳံေရးအဖြဲ႕ႏွင့္ နီးစပ္သူက NP News ကို ေျပာသည္။
ပစ္ခတ္ခံရမႈေၾကာင့္ ဦးေအာင္ေက်ာ္ဆန္းသည္ က်ည္ထိမွန္ ဒဏ္ရာ(၃)ခ်က္ရရွိရာ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ မစုျမတ္ေသာ္တာတြင္လည္း က်ည္ထိမွန္ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ ပဲခူးၿမိဳ႕နယ္ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။
၂၀၂၁ ခုႏွစ္ ၊ ေဖေဖာ္ဝါရီလမွစ၍ တပ္မေတာ္က ႏိုင္ငံေတာ္အာဏာရယူၿပီးေနာက္ လက္ရွိအခ်ိန္ထိ ျပည္ခိုင္ၿဖိဳးပါတီဝင္၊ ေထာက္ခံသူ ႏွင့္ အားေပးသူ (၃၀၀၀)ဝန္းက်င္ခန႔္သည္ အၾကမ္း ဖက္ လုပ္ႀကံသတ္ျဖတ္ျခင္းခံထားရေၾကာင္း သိရသည္။